Part 9

4.1K 271 7
                                    

စင်ဒီ မမကို ဒီနေ့ အချိန်ဇယားယူလာပေးနော်

ဟုတ်ကဲ့ မမ မမ အခု အထဲမှာ mino oppa  ရောက်နေတယ် သူအစောထဲက ရောက်နေတာမို့ မမ အခန်းထဲမှာပဲ စောင့်ခိုင်းထားလိုက်တာနော် မမ

အော် ဟုတ်လား ရတယ် စင်ဒီ မမ စကားပြောလိုက်ပါ့မယ်  ဒီနေ့ မမ အပြင်မှာ မနက်စာ စားလိုက်လို့ နောက်ကျသွားတာ

ဟုတ်ကဲ့ မမ ဒါနဲ့ မမ Congratulations ပါနော် မမ တို့ မင်္ဂလာပွဲက ပုံလေးတွေ မြင်ရတော့ မမ တို့ နှစ်ယောက်ကိုကြည့်ရတာ အရမ်းချစ်စရာကောင်းတာပဲ အရမ်းလည်း လိုက်တာ နှစ်ယောက်လုံးက

ကဲပါ စင်ဒီရယ် အဲတာကို နောက်မှပြောပါ မမ သွားတာ့မယ်နော်

သူမ ရုံးခန်းတံခါးကို ဖွင့်ပီး ဝင်လိုက်တယ် ဆိုသည်နဲ့ .....
Jen ဒီနေ့နောက်ကျတယ်နော် ကို ဒီနေ့ ဒီကို လာတာ အလုပ်ကိစ္စကြောင့်မဟုတ်ဘူးဆိုတာ Jen ရိပ်မိမှာပါ

ဟုတ်ကဲ့ Oppa Jen သိတယ် မင်္ဂလာ ကိစ္စကြောင့်ပဲမလား အဲအတွက်တော့ Jen မှာ အထွေ အထူး ပြောစရာမရှိဘူးဆိုတာ Oppa သိမှာပါ

သိပါတယ် ခုက ဒီတိုင်း ဂုဏ်ပြုပေးဖို့လာရင်း Oppa ကို အရင်ပုံစံအတိုင်းပဲ ဆက်ဆံပေးပါလို့ ပြောချင်လို့ လာခဲ့တာပါ

Jennie ကို သူ ဖွင့်ပြောထားပေမယ့် Jennie က တစ်ခါထဲ သူ့ကိုပြောထားပီးသားမလား သူဖွင့်ပြောတဲ့ နေ့ထဲကပဲ သူမ ဘယ်သူ့ကိုမှ ချစ်ဖို့ မဖြစ်နိုင်ကြောင်း သူ့ကို အစ်ကိုတစ်ယောက် လုပ်ဖော်ကိုင်ဖက် တစ်ယောက်လိုပဲ သဘောထားကြောင်း တခြားသူတွေလို သူ့ကို ခါးခါးသီးသီးမငြင်းတာက အဲဒီသံယောဇဉ်တွေကြောင့် ဖြစ်ကြောင်း သူမ အကုန်ပြောထားပီးသားပါ

Oppa လည်း Jen က ဘာဖြစ်လို့ Oppa နဲ့ ဆက်ဆံရေးကို ပြောင်းလဲ လိုက်မယ်လို့ ထင်ရတာလဲ မင်္ဂလာဆောင်လိုက်တယ်ဆိုပေမယ့် ဘာမှပြောင်းလဲသွားတာမှ မဟုတ်တာ Jen oppa ကို အပွင့်လင်းဆုံးပြောထားပီးသားလေ အဲတာအတွက်တော့ ဒီထိလာစရာမလိုပါဘူး Oppa ရယ်

ကျေးဇူးပါ Jen ဒါနဲ့ Jen Oppa ကို ပြောထားသလို Jen ခု သူ့ကိုရော မချစ်ဖူးမလား ချစ်လို့ ယူခဲ့တာမဟုတ်ဘူးဆိုတာ ကို သိပါတယ် Jen ဘယ်တုန်းကမှ ရည်းစားထားခဲ့ဖူးတာမှ မဟုတ်တာ

Love of my life Where stories live. Discover now