Part 2 U+Z

254 26 0
                                    

Yes, Boss..
Part 2

~ Wow.. ဒါကြီးက ဒီလူကြီးနေတာလား..
အိမ်ရောဟုတ်ရဲ့လား..နန်းတော်ကြီးကျနေ
တာပဲ.. ငါတို့်အိမ်ကို တော်တော်ကြီးလှပြီထင်
နေတာ..ဒီအိမ်ကတော့ တကယ့်ရှယ်ပဲ..

Choi Seung Hyun အိမ်ကို ကြည့်ပြီး..
Kwon Jiyong တယောက် ပါးစပ်အဟောင်း
သားတွေကို ဖြစ်လို့..

" ခင်ဗျားက..တယောက်တည်းနေတာလား "

ဒီကောင်လေးရဲ့ ခင်ဗျားဆိုတဲ့ အသုံးအနှုန်း
ကို သိပ်သဘောမကျ...

" Hyung ..."

မေးခွန်းနဲ့အဖြေက ဘာမှမဆိုင်တာမို့..
Kwon Jiyong ကြောင်သွားတယ်..

" Hyung.. လို့ခေါ်.. ကိုယ်ကမင်းထက်
အသက်ကြီးတယ်.. "

Kwon Jiyong က သူ့နှုတ်ခမ်းပါးလေးကို
တွန့်လိုက်ပြီး...

~ Hyung ဆိုလည်း Hyung ပေါ့..

" ဒီအိမ်မှာ Hyung တယောက်တည်းနေတာ
လား.. "

" ဟုတ်တယ်.. ဒီမှာ ခဏလာထိုင်ဦး..မင်း
အတွက် အခန်းရှင်းနေလို့.. "

ဧည့်ခန်းထဲမှာ ထိုင်ဖို့ မေးငေါ့ပြလိုက်တာမို့
ဝင်ထိုင်လိုက်တယ်..

ခဏနေတော့..လူကြီးတယောက်ဝင်လာပြီး
သူတို့ကို ဦးညွတ်နှုတ်ဆက်တော့..

" ဒါ.. ကိုယ့်ရဲ့အိမ်တော်ထိန်း..မင်းကြိုက်တာ
မကြိုက်တာတွေ..သူ့ကိုပြောလို့ရတယ်.."

Kwon Jiyong ကတော့ စိတ်မဝင်စားသလို
နဲ့.. " ဟုတ်ပါပြီ.. " လို့ပဲ ကြည့်ပြီးပြောလိုက်
တယ်..

အစကတော့ သူများအိမ်လိုက်နေရမယ်ဆိုပြီး
စိတ်မသက်မသာဖြစ်ခဲ့တာ..သိပ်မဆိုးပါဘူး
အဆင်ပြေသားပဲ..ဒီလူကြီးကိုကြည့်ရတာ..
လူကြီးလူကောင်းပီသမယ့်ပုံပါပဲ...စကား
အပြောအဆိုလည်း နူးညံ့တယ်..

" Dae.. stylist လှမ်းခေါ်လိုက်ဦး..နဂါးလေး
ကို ပြင်ဆင်ပေးရအောင်.."

Choi Seung Hyun က သူ့ Manager ကို
လှမ်းပြောလိုက်တယ်..

" ဘာကို..stylist လဲ.. "

" သြော်..မင်းပုံစံကြီးက ညှင်းသိုးသိုးနဲ့လေ..
နောက်လလောက်ကစပြီး.. မင်းအလုပ်လုပ်ရ
တော့မှာ..ခုတကည်းက smart ကျကျနေ.. "

Yes, Boss (Completed) Uni+ZgyiWhere stories live. Discover now