Yes, Boss...
Part 1ဒီလက်တွေနဲ့
ဆေးခြယ်ကြတာခြင်းအတူတူငါ့အတ္တကျမှ အရောင်ရင့်သတဲ့လား..
ခုတော့ မင်း စွပ်စွဲသမျှပဲပေါ့.. ချာတိတ်×××××
" ကိုယ် မင်းကို..ချစ်တယ်.. ချာတိတ် "
မျက်နှာနား ဝေ့လာတဲ့ လက်သီးတလုံး..
အမြန်အနောက်ဆုတ်ရှောင်လိုက်ရတယ်..ရှက်ရမ်း ရမ်းနေတဲ့ မျက်နှာကြောလေးက
ကိုယ့်အသည်းကို စွဲကိုင်လှုပ်သွားပြန်တယ်..~ အဲ့လိုပဲ..ချာတိတ်ရဲ့..မင်း ဘာလုပ်လုပ်
ကိုယ့်အတွက် အဆန်းအပြားချည်းပဲ..နဂါးလေးလို့ လူတကာက ချစ်စနိုးခေါ်ကြတာ
မို့ ..နာမည်ပဲ စီးသွားတာလား..~ မင်းအကြည့်က ဒီနေရာမှာ ကိုယ်မဟုတ်ပဲ
တခြားသူသာဆို ပြာကျသွားလောက်တယ်.." ခင်ဗျား..ပါးစပ်ကိုပိတ်ထားလိုက်စမ်းပါ..
ရွံစရာကောင်းတာတွေ မပြောနဲ့..နားထဲမှာ
အော်ဂလီဆန်လွန်းလို့.. "စိတ်တိုလာရင် သူပြောတတ်တဲ့အကျင့်..
အတိုင်း.. အံသွားကိုကြိတ်ပြီး..လေသံမာမာ
နဲ့.. တလုံးချင်း...~ ကိုယ်က မင်းအပြုအမူ မင်းအမူအရာတွေကို အဲ့လို..အလွတ်ရနေမိတာမျိုးပါ..ချာတိတ်
" အိုကေ.. မင်းမပြောနဲ့ဆို..မပြောတော့ဘူး
ဒါပေမယ့်.. မင်း သိထားဖို့က.. တနေ့နေ့မှာ..
မင်း ငါ့ကို လက်ကိုလက်ခံလာရလိမ့်မယ်..
ဆိုတာပဲ..ဟုတ်ပြီလား.. "ပြောပြီးတာနဲ့ လှည့်ထွက်လာခဲ့လိုက်တယ်..
နဂါးပေါက်လေး တကောင်တော့..အခန်းထဲ
မှာ သောင်းကျန်းနေခဲ့ပြီ..ဝုန်း..ဒိုင်း.. နဲ့ အသံတွေကြားတာမို့..
ပစ္စည်းတွေတော့ ကိုင်ပေါက်နေတာနေမယ်..Manager Dae ဆီ ဖုန်းဆက်လိုက်ပြီး..
" Dae..မနက်ဖြန်..အိမ်မှာ နဂါးလေးရဲ့အခန်း
ကို တချက်စစ်ပေးပြီး..လိုတာတွေ ပြန်ဖြည့်
ထားလိုက်.. "~ ကြိုက်တာသာလုပ် ချာတိတ်..
မင်း ကိုယ့်ဆီက ပြေးမလွတ်ဘူး..လေသာဆောင်ကို ထွက်ပြီး..
ညတိုင်းသောက်နေကျ ဝိုင်လေးတခွက်ကို
တဖြည်းဖြည်းသောက်ရင်း..
ဒီ နဂါးလေး အိမ်ကိုရောက်လာတဲ့နေ့ကို
ပြန်သတိရလာမိတယ်