Part 12

162 18 0
                                    

Yes, Boss..
Part 12

Top နဲ့ Daesung.. ဆေးရုံကိုသွားတဲ့လမ်းမှာ
Top က ဖြစ်ကြောင်းကုန်စင်ကို Daesung
ကိုပြောပြလိုက်တယ်..

Daesung လည်း နားထောင်ပြီး.. ခေါင်းတခါ
ခါ.. ပြီးတော့ စိတ်မကောင်းဖြစ်တဲ့လေသံနဲ့..

" CEO.. ဒါဆို.. Lee Seungri က လူသတ်
တရားခံပေါ့.. Kwon Jiyong ကို ပြောပြသင့်
တယ်မလား.. "

" မပြောနဲ့ Dae.. ငါတို့တောင် ဒီလောက်စိတ်
ဆင်းရဲနေရရင်.. နဂါးလေးသာဆို ဘယ်လို
နေမလဲ.. ကိုယ်ချစ်တဲ့ချစ်သူက.. ကိုယ့်မိဘ
တွေကို သေအောင်ကြံစည်ခဲ့တဲ့ကိစ္စကို..သူ
သိသွားရင်.. ဘယ်လောက်ခံစားရလိမ့်မလဲ
သူ့ကို အသုံးချဖို့ .. ချဉ်းကပ်ခဲ့တယ်ဆိုတာ
သာ.. သူသိသွားရင်... "

Top တယောက်တွေးရင်း... ဆက်မပြောနိုင်
လောက်အောင်ကို .. စိတ်မကောင်း ဖြစ်လာ
တာနဲ့..သက်ပြင်းပဲချလိုက်မိတော့တယ်..

" အဲ့ဒါဆို..အခု Lee Seungri ထွက်ပြေး
သွားတဲ့ကိစ္စကို..ဘယ်လိုလုပ်ကြမလဲ.."

" နဂါးလေးကို လှည့်ပတ်ပြောရတော့မှာပေါ့..
မတတ်နိုင်ဘူးလေ.. သူ့ကို Lee Seungri နဲ့
ဝေးနိုင်သမျှဝေးအောင် ထားမှဖြစ်မယ်.. "

" အဲ့ဒါဆို.. Kwon Jiyong က CEO ကို မုန်း
နေမှာ..အထင်လွဲကုန်မှာပေါ့..အမှန်အတိုင်း
ပြောလိုက်ပါလား.. "

" မုန်းပါစေတော့.. Dae ရာ..သူ့မိဘတွေနဲ့
သူ့ချစ်သူကြားက..ကိစ္စတွေအတွက်..သေ
မတတ် စိတ်ဆင်းရဲမယ့်အစား.. ငါ့ကိုသာ..
မုန်းသွားပါစေတော့.. ဒီအဖြစ်မှန်ကြီးကိုတော့
ငါ့ပါးစပ်က ထုတ်မပြောနိုင်ဘူး.. Dae..
မင်းလည်း မပြောဘူးလို့ ကတိပေးစမ်းပါ.. "

" CEO.. ရယ်.. လူတယောက်ကိုချစ်ရတာ..
အဲ့လောက်ပင်ပန်းရမယ်တဲ့လား.. "

" အချစ်က မပင်ပန်းပါဘူး..အချစ်ရဲ့တခြား..
ခံစားမှုအရာမှန်သမျှကသာ.. ပင်ပန်းစေတာပါ
ဒါကိုလည်း..အချစ်လို့ သတ်မှတ်လိုက်ရင်..
အဆင်ပြေသွားမှာပါ.. "

Top ပြောလိုက်တဲ့စကားတွေကြောင့်..
Daesung မှာ ပြောစရာစကားမရှိတော့..

" ငါ..နဂါးလေးကို သိပ်ချစ်မိသွားပြီ Dae..
သူ ရဲစခန်းက ထွက်လာတဲ့ပုံစံလေးကနေ..
အခု ကုတင်ပေါ်မှာလှဲနေတဲ့ပုံစံလေးကအစ..
ငါ့ရင်ထဲမှာ.. စွဲနေတာပဲ..ငါ့ကိုငါမသိလိုက်မိ
သေးခင်မှာ.. သူ နာကျင်မှာ..သူ ဝမ်းနည်းမှာ
ငါ စိုးရိမ်တယ်..သူ့မိဘအကြောင်းတွေကို...
ရင်ဖွင့်လာတော့..Dae ရယ်.. ငါ သူ့ကိုဖက်
ထားပေးချင်ခဲ့တာ..မင်းသိလား.. သူဖျားပြီးမေ့
လဲနေတုန်းက..သူ တခုခုဖြစ်သွားမှာကို..ငါ
သေမတတ်စိတ်ပူခဲ့ရတာ..Lee Seungri နဲ့
ချစ်သူတွေဆိုတာ သိလိုက်ရပြီး..သူ့ချစ်သူက
သူ့ကိုဒီလိုမျိုးတွေလုပ်ရက်ခဲ့တာကိုလည်း..ငါ
တွေးပြီး..ရင်နာလိုက်တာ.. Dae ရာ..
တကယ်ပါ.. ငါ့ဘဝမှာ ငါ့ကိုငါထက်လေ..
ဘယ်သူ့မှမချစ်ခဲ့ဖူးဘူး..မိဘမဲ့တယောက်မို့
လားမသိဘူး.. ပိုက်ဆံကလွဲရင်..ငါဘာကိုမှ
မတွယ်တာဖူးခဲ့တာ..ခုတော့.. နဂါးလေးက..
ငါရဲ့အရာရာထက်ကို ပိုတန်ဖိုးထားရမယ့်သူ
ဆိုတာ ငါ သိလိုက်ရပြီ..ခုချိန်ကစပြီး.. ငါ သူ့
ကို ကာကွယ်မယ်..တန်ဖိုးထားတော့မယ်..
သူ့ဆီက ငါ့အတွက် ဘာမှပြန်မရရင်တောင်..
သူ့ကို ငါ့အချစ်တွေပေးလိုက်တော့မယ် Dae"

Yes, Boss (Completed) Uni+ZgyiWhere stories live. Discover now