Yes, Boss..
Part 15Jiyong တယောက် .. ဒါရိုက်တာ ရာထူးရ
လာကတည်းက စိတ်တွေလည်းတည်ငြိမ်
လာပြီး.. အလုပ်ပဲဖိလုပ်နေတာများတယ်..အင်း..အသည်းကွဲနေတာကိုလည်း..ကုစား
နေတာပါမှာပေါ့လေ..Seungri ကိုလည်း နေရာစုံမှာ သွားရှာပေ
မယ့်..လုံးဝမတွေ့ဘူး..လက်မလျှော့ပဲ..Top
ကို အကူအညီတောင်းပြီး ရှာခိုင်းနေတုန်းပဲ..Top ကတော့..Seungri တယောက်..
တခါတလေ.. သူ့အဘိုးနဲ့အဘွားရှိတဲ့နယ်မြို့
ကိုပြန်ပြန်လာတာသိပေမယ့်..ခုဘယ်မှာနေ
မှန်းမသိဘူး.. Jiyong စိတ်အခြေအနေပြန်
ဆိုးလာမှာစိုးလို့..နယ်မြို့ကိုတော့မပြောပြပဲ
ဖုံးကွယ်ထားလိုက်တယ်..ပုန်းနေသူကတော့.. မမြင်စေချင်လို့..မတွေ့
စေချင်လို့ပဲ ပုန်းနေတာမို့..ဘယ်ရှာတွေ့ပါ့မလဲဒီလိုနဲ့ပဲ.. Top နဲ့ Jiyong ရဲ့ဆက်ဆံရေးက
တော့ အရင်လောက်မဆိုးတော့ပဲ..အဆင်ပြေ
လာတယ်လို့ပဲ ပြောရမှာပေါ့..PMO Group ရဲ့အခြေအနေလည်းကောင်း
လာပြီမို့.. Jiyong ရဲ့အရည်အချင်းကိုလည်း
တခြားဒါရိုက်တာအဖွဲ့ဝင်တွေ လက်ခံလာကြ
ပါပြီ..ဒီပုံအတိုင်းဆိုရင်.. Jiyong တယောက်
CEO ဖြစ်မယ့်နေ့က သိပ်မဝေးတော့...Top ရဲ့အုပ်ထိန်းမှုအောက်က လွတ်ဖို့..
သိပ်မဝေးတော့..တရက်တော့...အင်း.. ဒီနေ့ပေါ့..
Top တယောက် သောက်လက်စဝိုင်ကို
ဆက်သောက်နေရင်း..Jiyong တယောက်..အလုပ်တွေပြီးတာစော
နေတာနဲ့ပဲ.. Yong Bae ကို ရုံးစောစောဆင်း
ခိုင်းလိုက်ပြီး.. သူ့အဖေရုံးခန်းထဲကိုဝင်သွား
လိုက်တယ်.." Appa.. ကျွန်တော်မုန်းခဲ့မိတာတွေအတွက်
တောင်းပန်ပါတယ်..ကျွန်တော့ကိုအများကြီး
မျှော်လင့်နေတာကို..ဆိုးသွမ်းနေခဲ့မိလို့လည်း
တောင်းပန်ပါတယ်.. Appa.."Jiyong တယောက်တည်း..စကားတွေပြော
နေရင်းနဲ့.. စားပွဲခုံက အံဆွဲလေးထဲက ပစ္စည်း
တွေကို လိုက်ကြည့်နေမိတယ်..သူတို့မိသားစုဓာတ်ပုံလေးတွေ..
တခြား ရုံးပစ္စည်းလေးတွေ..အံဆွဲတခုရဲ့ အောက်ဆုံးမှာမှ Seungri ရဲ့
ဓာတ်ပုံတွေ..