Yes, Boss..
Part 9" ဟုတ်ကဲ့..ကျွန်တော် Choi Seung Hyun ပါ.. Kwon Jiyong ရဲ့အုပ်ထိန်းသူပါ..
Kwon Jiyong က ဆေးရုံမှာမို့..သူ့အစား
လာခဲ့ပေးတာပါ.. "" ဟုတ်ကဲ့.. Choi Seung Hyun shi,
PMO Group ရဲ့ အရင် CEO က ကျွန်တော့
ကို ဒီကိစ္စ စုံစမ်းပေးဖို့ အပ်ခဲ့တာပါ..အစက
တော့ ကျွန်တော်လည်း..လက်လျှော့လိုက်
တော့မလို့ပါပဲ.. ဒါပေမယ့်.. အဲ့နေ့က
Kwon Jiyong ရဲ့အမေ..အပြင်ကိုမသွားခင်
ကားကို..အိမ်ရှေ့မှာရပ်ထားခဲ့ပါတယ် ..
တိုက်တိုက်ဆိုင်ဆိုင် အဲ့နေ့တနေကုန်ပဲ
သူတို့အိမ်က CCTV တွေကလည်း..အလုပ်
မလုပ်ဘူးလို့..စစ်ဆေးတွေ့ရှိရပါတယ်..ဒါ
ရိုးရိုးတိုက်ဆိုင်မှုမဖြစ်နိင်ဘူးထင်ပြီး..အဲ့နေ့
က အနီးအနားအိမ်တွေက ရပ်ထားတဲ့ကား
တွေရှိ..မရှိ စုံစမ်းကြည့်လိုက်တော့..
Kwon Jiyong တို့ အိမ်နီးနားချင်းတယောက်
က.. အဲ့နေ့ မနက်ပိုင်းမှာ သူ့ကားကို အဲ့အိမ်
နားမှာ ရပ်ခဲ့တယ်ဆိုတာနဲ့.. black box ကို
စစ်ဆေးကြည့်လိုက်တယ်.. Black box
Record အရ...ဒါ ကြိုတင်ကြံစည်ထားတဲ့
ကိစ္စဆိုတာ..သိခဲ့ရပါတယ်..ဒီကို တချက်
ကြည့်ပေးပါ.. "Laptop ထဲက black box မှတ်တမ်းကို
ကြည့်လိုက်တော့..Kwon Jiyong အမေ..ကားကိုအိမ်ထဲက
ထုတ်လာပြီး..တခုခုကျန်ခဲ့တဲ့ပုံနဲ့..အိမ်ထဲကို
အလောတကြီးဝင်သွားခဲ့တယ်..ကားကို..
အပြင်မှာရပ်ခဲ့တာ..အဲ့အချိန်မှာ လူတယောက် ကားအနောက်က
နေပေါ်လာပြီး..လက်ထဲမှာလည်း ကတ်ကြေး
လို ဖြတ်တဲ့ကိရိယာကို ကိုင်ထားတယ်...Mask ရော..ဦးထုပ်ရော.. မိုးကာအင်္ကျိအမဲ
ရောင်ရော..ဝတ်ထားတာမို့..ဘယ်သူမှန်း
မသဲကွဲ..သေချာသလောက်ကတော့ ဒီလူဟာ..
Kwon Jiyong အမေ စီးတဲ့ကားအောက်ကို
တခုခုလုပ်လိုက်တယ်ဆိုတာပဲ..အင်း.. ဘရိတ်ကြိုးဖြတ်လိုက်တာပေါ့..
Black box view အနေအထားအရ..
နည်းနည်းဝေးလွန်းနေတာမို့..အဲ့လူက
ကားနောက်ခန်းထဲကပဲ ထွက်လာတာလား
ဒါမှမဟုတ် တနေရာရာပုန်းနေပြီးတော့မှ..
ကားအနောက်ကို ရောက်လာတာလား
ဆိုတာ သိပ်မရှင်းဘူး..အဲ့လူက သူလုပ်စရာရှိတာ လုပ်ပြီးတာနဲ့ပဲ..
ခုနကလို ကားအနောက်ကနေ ပျောက်သွား
တော့တယ်..