Yes, Boss..
Part 10Jiyong ဖုန်းကိုပြန်ပေးဖို့.. Top ဆေးရုံထဲဝင်
လာလိုက်တယ်..အရေးပေါ်ဌာနကနေ လူနာအခန်းထဲကိုရွေ့
သွားပြီဆိုလို့..Jiyong ရှိတဲ့အခန်းနံပါတ်လေး
ရှေ့မှာ အကြာကြီးရပ်နေမိပြီး..Lee Seungri ကို တခုခုမလုပ်မိဖို့ စိတ်ကိုမနည်း
ထိန်းရင်း..အခန်းတံခါးကိုအသာလေးဖွင့်
လိုက်တယ်..Jiyong က အိပ်ပျော်နေတယ်..ကုတင်ပေါ်မှာ
Seungri က တက်ထိုင်နေပြီး..သူ့ရင်ခွင်ထဲ
မှာ အိပ်ပျော်နေတဲ့ နဂါးလေး..ဘာဆို ဘာမှမသိပဲ..သူချစ်တဲ့လူရဲ့ရင်ခွင်ထဲ
မှာ လုံခြုံတယ်ဆိုတဲ့ သဘောနဲ့..နှစ်နှစ်ခြိုက်
ခြိုက်အိပ်ပျော်နေရှာတဲ့..နဂါးလေး..Loser.. Oeotori.. Shan.. Cheokhaneun.. Goepjaengi.......
Motdoen.. Yangachi.. Geoul.. Soge..
Neon..Seungri က သံစဉ်တိုးတိုးလေးကို ညီးရင်း..
သီချင်းဆိုပြနေတဲ့ပုံပဲ..~ ဟုတ်တယ်..မင်းက အရှုံးသမားပဲ..
သရဲဘောကြောင်တဲ့ကောင်.. ကိုယ့်ကိုချစ်နေ
တဲ့လူကို အသုံးချတဲ့ကောင်..Top စိတ်ထဲကနေ အော်ပြောပစ်လိုက်ရင်း..
အခန်းထဲကို ခြေသံပြင်းပြင်းနဲ့ဝင်လာလိုက်
မိတယ်.. ဒေါသတွေကြောင့်..Top ဝင်လာတာကိုမြင်တဲ့အခါ.. သီချင်းလေး
လည်းရပ်သွားခဲ့တယ်..Seungri က Top ကို မဲ့ပြုံးပြုံးပြလိုက်ပြီး..
သူ့လက်ညှိုးကို နှုတ်ခမ်းပေါ်တင်လိုက်ရင်း..
ရှူး..တိုးတိုးဆိုတဲ့ ပုံစံ..နောက် လက်တဖက်က Jiyong မေးရိုးလေး
ကို အသာလေးပွတ်လိုက်ပြီး နမ်းလိုက်သေး
တယ်...အခွင့်အရေးကြုံရင် ကြုံသလို..သူ့ချစ်သူပါဆို
တာကို..Top ရှေ့မှာ သက်သက်ကြီးလုပ်ပြ
နေတာ..ဘယ်ဘဝက ရေစက်တွေနဲ့များ..ဒီလိုရွံစရာ
ကောင်းနေရတာလဲ..Lee Seungri..~ ခုချက်ချင်းကို လည်မြိုညှစ်သတ်ပစ်ချင်တဲ့
စိတ်ကို မနည်းထိန်းနေရတယ်..Top ဆီက လူသတ်ချင်နေတဲ့ မျက်လုံးနဲ့
အရိပ်အယောင်တွေမြင်နေရလို့နေမယ်..
Seungri က သူ့ရင်ခွင်ထဲမှာ အိပ်နေတဲ့..
Jiyong ရဲ့ လည်ပင်းကို လက်ညှိုးလေးနဲ့
လှီးတဲ့ပုံစံလုပ်ပြနေတာများ...