Yes, Boss..
Part 18~ Ri.. မင်း ဘယ်မှာလဲ.. ငါ့ကိုပုန်းနေတာမ
လား.. ငါ့ကိုတကယ်စိတ်နာသွားပြီလား..
ဘယ်လိုလုပ်ရမလဲ...ငါ.. Top Hyung ကို
ချစ်နေမိပြီထင်တယ်..~ ငါလေ.. မင်းကိုသစ္စာဖောက်ခဲ့တာမဟုတ်ပါ
ဘူး.. မင်းကိုလိုက်ရှာပါသေးတယ်.. ဘယ်လို
မှရှာမတွေ့ခဲ့တာပါ..Jiyong တယောက်..ရုံးခန်းကနေ အပြင်ကို
ငေးကြည့်ပြီး.. Seungri ကို သတိရနေမိ
တယ်.. သူ.. Seungri ကို လိုက်ရှာနေတာ
၃ လ လောက်ရှိနေပြီ..သတင်းအစအနကိုမရဒီ ၃ လ အတောအတွင်းမှာလည်း.. Top ကို
လက်မခံသေးပဲ.. Seungri ကိုသာ သဲသဲမဲမဲ
ရှာနေမိတယ်..Seungri နဲ့ ဇာတ်လမ်း မပြတ်မချင်း.. Top
အချစ်ကို လက်မခံနိုင်ခဲ့ဘူး.. Top ကတော့..
အချစ်ကြီးတဲ့သူမို့.. Jiyong ဘာပြောပြော
ဘာလုပ်လုပ် သည်းခံပြီး စောင့်ပေးရှာတယ်.." ချာတိတ် စိတ်ထဲကအတိုင်းပဲနေပါ " ဆိုပြီး..
Jiyong ကို ပြုံးပြီးပဲ ကြည့်နေတတ်တာ..Seungri အခုတလော.. ဘယ်တွေရောက်
နေလဲဆိုတာ.. Top လည်း သိချင်နေမိတယ်တကယ်ပဲ လက်လျှော့သွားတာလား...
~ Lee Seungri.. ပူလောင်လွန်းတဲ့..မင်း
အချစ်တွေနဲ့ ချာတိတ်ကို ထပ်ပြီး မရစ်နှောင်ပါ
နဲ့တော့..×××××
Jiyong တယောက် ရုံးခန်းထဲမှာ Yong Bae
နဲ့ လုပ်ငန်းကိစ္စဆွေးနွေးနေတုန်း..ဒေါက်..ဒေါက်..ဒေါက်
တံခါးခေါက်သံကြားတာနဲ့.. Yong Bae က
တံခါးသွားဖွင့်ပေးလိုက်တယ်..ရုံးခန်းထဲကို ဝင်လာတဲ့သူစိမ်းက.. Jiyong
ကိုကြည့်လိုက်ပြီး.." Annyeongasayo Kwon Jiyong shi..
ကျွန်တော်က.. Kwon Jiyong ရဲ့ အမေ
ကားတိုက်မှုကို တာဝန်ယူစစ်ဆေးနေတဲ့..
စုံထောက်ပါ.. "Jiyong ကြောင်တောင်တောင်ဖြစ်နေတာနဲ့ပဲ
" ကျွန်တော့ကို Kwon Jiyong အဖေ ကိုယ်
တိုင်က အမှုအပ်ခဲ့တာပါ.. Mrs.Kwon သေ
ဆုံးမှုက သာမာန်ကားတိုက်မှုမဟုတ်ပါဘူး..
သက်သေကိုလည်း.. Choi Seung Hyun
ကို ပြပြီးပါပြီ.. "" ကျွန်တော့အမေသေတာက မတော်တဆ
ကားတိုက်မှုမဟုတ်ဆိုတာက..ဘာကိုပြော
တာလဲ.. "