Yes, Boss...
Part 8အစည်းအဝေးခန်းထဲမှာ.. Top မျက်နှာကို
ကြည့်ပြီး..ဝန်ထမ်းတွေ စိတ်မသက်မသာဖြစ်
နေရတယ်..ဘာစကားတခွန်းမပြောပဲ..Project စာရွက်
ကြီးကို ဗြန်းကနဲ..ဗြန်းကနဲ..လှန်လှောကြည့်
နေတဲ့ သူတို့ CEO.. ဘာတွေကို အလိုမကျနေ
မှန်း မသိရတော့ ပိုကြောက်လန့်နေရပြန်ရောတချို့ကတော့ Manager Dae မျက်နှာကို
အားကိုးတကြီး လှမ်းကြည့်ပေမယ့်..
Manager Dae က သူတို့တွေထက် ပိုဆိုးတဲ့
အခြေအနေကို ရောက်နေတယ်ဆိုတာ ရိပ်မိ
သွားကြတာမို့..မလှုပ်ရဲကြတော့ဘူး.." ဘာဆက်ပြောစရာရှိသေးလဲ.. "
အသံကြီးက ဟိန်းထွက်လာတယ်..စိတ်ကို
လုံးဝဆွဲဆန့်ထားတဲ့အသံ.." CEO.. ဘယ်သူမှ..ဘာမှမပြောရသေးဘူး
လေ.. "Dae က တိုးတိုးလေး ကပ်ပြောတယ်..
စိတ်နဲ့ကိုယ်နဲ့ မကပ်လိုက်ပုံများကတော့..
Choi Seung Hyun မဟုတ်တဲ့အတိုင်း.." အင်း...ရပြီ..အစီအစဉ်စတော့..မြန်မြန်.. "
မြန်မြန်လို့ပြောလိုက်တဲ့အချိန်မှာ Daesung
ကို မသိမသာလေးခိုးကြည့်မိတယ်..Manager Dae ကိုလည်း...အခုမှ..သူ
ကြောက်နေမိသလိုလို..ဘယ်သူတွေ ဘာအကြောင်းပြောသွားမှန်း..
အာရုံကိုမရှိတော့.. စိတ်ထဲမှာ Omma လို့
ညီးနေတဲ့ Jiyong မျက်နှာလေးကိုပဲ မြင်နေမိ
ရင်း..မျက်ရည်ပူတွေက သူ့လက်ပေါ်မှာ စိုနေ
တုန်းလိုလို..Rising Star Group CEO ဖြစ်တဲ့..
ဒီ Choi Seung Hyun က..
ကောင်လေးတယောက်အတွက်.. ဒီလို..
ဗရမ်းဗတာနိုင်လိမ့်မယ်လို့..အိမ်မက်တောင်
မမက်ခဲ့ဖူးဘူးလေ..ဟိုကောင် Lee Seungri အနားမှာရှိနေတာ
ကိုလည်း.. ဒီကနေ လှမ်းပြီးသဝန်တိုမိတယ်~ ဟား...မပြီးနိုင်ကြတော့ဘူးလား..
အစည်းအဝေး ၂နာရီကို ၂ ကမ္ဘာလောက်
ထင်မိသွားတယ်..နောက်ဆုံးတော့..
Project အတွက် လိုတာတွေမှာခဲ့ပြီး..အခန်း
ထဲကနေ အပြေးတပိုင်း ထွက်လာခဲ့တော့
တယ်.." Dae.. အစီအစဉ်တွေ အကုန်ဖျက်ထား
လိုက်.. အရေးမကြီးရင် ဖုန်းမဆက်နဲ့..မင်း
ဒီမှာနေခဲ့.. Yong Bae လာရင်..နဂါးလေး
အကြောင်းကို နည်းနည်းပြောထားလိုက်..
ငါ သွားပြီ..ကားသော့ပေး.. "