သာယာလှတဲ့မနက်ခင်းတစ်ခုတွင်အိမ်လေးတစ်အိမ်ထဲမှ
"P'canရေထတော့"
"N'gunဘာလဲအစောကြီးရှိသေးတာကို"
"ဒီနေ့ကျောင်းဖွင့်တယ်လေPapiလာခေါ်မှာနောက်ကျရင်Papiစိတ်ဆိုးလိမ့်မယ်ထတော့"
"ဟုတ်ပြီN'gun P'ထပြီP'မထရင်N'gunစိတ်ဆိုးတော့မှာP'သိနေတယ်"
"ဟီး...ထတော့P'canကအရမ်းလိမ်မာတာပဲ"
မျက်လုံးလေးတွေမှိတ်သွားအောင်ထိရီပြနေတဲ့Gunရဲ့ဆံပင်လေးတွေကိုဖွလိုက်တော့ဆံပင်လေးတွေပွသွားလို့ထင်ပါရဲ့နှုတ်ခမ်းလေးဆူပြလာတဲ့ကလေးငယ်...
Gunကအထက်တန်းပထမနှစ်ဖြစ်ပြီး
Canကအထက်တန်းနောက်ဆုံးနှစ်ဖြစ်သည်။
Canမှာငယ်ငယ်ကတည်းကပေါင်းလာတဲ့သူငယ်ချင်းတစ်ယောက်ရှိသည်။သူ့နမည်ကOffတဲ့။GunကOffကိုအရမ်းခင်တာ။တွေ့ရင်လည်းPapi Papiဆိုပြီးအနားကမခွာတော့ဘူး။တစ်ခါတစ်လေOffကCanကိုပိုပြီးအရေးပေးမိရင်နှုတ်ခမ်းလေးဆူပြီးစိတ်ဆိုးတတ်သေးတဲ့ကလေးငယ်။Canကတော့Gunကိုအရမ်းချစ်ပါတယ်။သူမမှာဒီမောင်လေးတစ်ယောက်ပဲရှိတာကို။သူမကတော့Gunမျက်နှာလေးညိုးရင်တောင်မနေနိုင်တဲ့သူပါ။တကယ်တော့gunကပုံမှန်ကလေးတွေနဲ့မတူဘူး။အရမ်းအားငယ်တတ်တဲ့ကလေးငယ်တစ်ယောက်ပါ။အရမ်းလည်းချူချာတယ်။သူ့မှာမွေးရာပါနှလုံးရောဂါကလည်းရှိသေးတယ်လေ။Canကဒါကြောင့်gunကိုအရမ်းဂရုစိုက်ပြီးချစ်နေရတာ။
...
Canတို့မောင်နှမနှစ်ယောက်အားလုံးပြင်ဆင်ပြီးတော့
Offကရောက်လာသည်။
"Papi"
Gunပေါ့offကိုမြင်တာနဲ့papiဆိုပြီးပြေးဖတ်နေပြီ။
Offကလည်းပြန်ဖတ်ပြီး
"ကလေးလေးကပြင်ဆင်ပြီးနေပြီပေါ့"
"ဟုတ်....papiကိုစောင့်နေတာ"
"ဟုတ်ပါပြီသွားရအောင်"
သူတို့သုံးယောက်ကျောင်းကိုထွက်လာခဲ့လိုက်သည်။
လမ်းမှာတော့Gunတစ်ယောက်ပြေးဆော့နေလေရဲ့။
"Can,N' gunအခုတလောအရမ်းဆော့တယ်နော်"
"အင်းကလေးပဲဆော့မှာပေါ့ဘာလို့လဲနင်ကgunအဲ့လိုဆော့တာကိုမကြိုက်ဘူးလား"
"မဟုတ်ပါဘူးGunကနင့်မောင်လေးလေအဲ့တော့ငါလည်းသူ့ကိုညီလေးလိုချစ်တာပဲငါပြောတာကသူအရမ်းဆော့ပြီးတစ်ခုခုဖြစ်မှာဆိုးလို့ပြောတာ"
"အဲ့လိုတော့မဖြစ်လောက်ပါဘူး"
"အာ့.....P'canရေနာတယ်...papi..."
Gunအော်သံကြောင့်offနဲ့canလန့်သွားပြီးအနောက်ကိုလှည့်ကြည့်လိုက်တော့...
Gunတစ်ယောက်မြေပြင်ပေါ်ထိုင်ချပြီးငိုနေလေရဲ့
ခြေထောက်မှာလည်းပွန်းပဲ့လို့
"Canအဲ့ကြောင့်ငါပြောတာ...တကယ်ပဲ"
Offနဲ့Can gunနားပြေးသွားပြီး
"N'gunဘာဖြစ်တာလဲချော်လဲပြန်ပြီလား"
"P'canအရမ်းနာတယ်ခြေထောက်က"
"သွေးထွက်နေပြီ gunအိမ်ပြန်တော့နော်ကျောင်းမတတ်နဲ့တော့ဒီနေ့အကျီၤတွေလည်းပေကုန်ပြီ"
"Papi gunမထနိုင်တော့ဘူး"
"မထနိုင်ဘူးလားအဲ့ဆိုP'ကျောပေါ်တတ်"
"နင်ဘာလုပ်မလို့လဲOff"
"Canနင်ကျောင်းကိုအရင်သွားလိုက်တော့ငါGunကိုအိမ်ပြန်လိုက်ပို့လိုက်အုံးမယ်"
"ဖြစ်ပါ့မလား"
"ရပါတယ်Gunကိုယ်လုံးကပေါ့တယ်နင်သွားတော့"
"အင်းအဲ့ဆိုငါသွားနှင့်မယ်တကယ်လို့နင်မလာရင်ငါနင့်အတွက်ပါခွင့်တိုင်ပေးမယ်နော် ...N'Gun ကောင်းကောင်းလိုက်သွားနော်အိမ်ရောက်ရင်ဆေးထည့်လိုက်"
"ဟုတ်p'can"
Off gunကိုကျောပိုးပြီးပြန်လာခဲ့လိုက်သည်။Gunအိမ်ရောက်တော့အိမ်မှာလူကြီးတွေတစ်ယောက်မှရှိမနေ။
"Gunလူကြီးတွေရော...."
အချိန်ကြာသည်အထိGunထံမှာအဖြေမကြားရ
"Gun....ကလေးလေးပုစိလေး..အိပ်ပျော်နေပြီလား"
သေချာပြီဒီကလေးအိပ်ပျော်နေပြီဆိုတာ
Papiလည်းအိမ်တံခါးဖွင့်ပြီးGunအခန်းကိုသာဝင်လာခဲ့လိုက်သည်။အိပ်နေတဲ့ကလေးလေးကိုအိပ်ရာပေါ်အသာချလိုက်သည်။ငိုလို့မောပြီးအိပ်ပျော်သွားသည်ထင်ပါရဲ့ပါးပြင်ပေါ်ကမျက်ရည်လေးတွေတောင်မခြောက်သေး။offဆေးဘူးရှာပြီးဆေးထည့်ပေးလိုက်တော့နာလို့ထင်ပါရဲ့အိပ်နေရင်းအသံလေးတွေတောင်ထွက်လာတယ်။အစကတော့ဒီကလေးကိုအိမ်ပြန်ပို့ပြီးကျောင်းပြန်သွားမလို့ပါပဲအိမ်ကဘယ်သူမှမရှိတော့စောင့်ပေးလိုက်တော့မယ်။Canခွင့်တိုင်ပေးမှာပဲကို။ဒီကလေးနိုးလာလို့ဘယ်သူမှမရှိရင်ငိုနေပြန်အုံးမယ်။
Offကတစ်ဦးတည်းသောသားလေ။ဒါကြောင့်Gunကိုညီလေးတစ်ယောက်လိုအရမ်းချစ်ရတာ။
...
Offအတိတ်ကအမှတ်တရလေးတစ်ခုကိုပြန်စဉ်းစားရင်းပြုံးမိသည်အခုဆို...
အချိန်တွေကတဖြည်းဖြည်းနဲ့ကုန်ဆုံးလာပြီ။အရာအားလုံးကတော့မပြောင်းလဲ။ဒါပေမယ့်Off canအပေါ်မှာထားတဲ့ခံစားချက်တွေကတော့ပြောင်းလဲလာခဲ့ပြီသူငယ်ချင်းထက်ပိုလာခဲ့ပြီ။အခုဆိုcanနဲ့offကတက္ကသိုလ်ရောက်နေပြီတတိယနှစ်လေ။Gunကတော့ပထမနှစ်ပဲရှိသေးတယ်။
အရပ်ရှည်ရှည်နဲ့ဆံပင်ကခါးလောက်ရှိသောသူမ
အမြဲတမ်းဖက်ရှင်ကျစွာဝတ်တတ်သောသူမ
ကိုoffချစ်တာအမှန်ပင်။မကြာခင်တော့Offသူမှကို
ဖွင့်ပြောတော့မှာပါ။သူမ...လက်ခံဖို့ပဲမျှော်လင့်ပါတယ်။
....
Zawgyi
YOU ARE READING
Love Poison(completed)
Fanfictionမင်းကြောင့်Canသေခဲ့ရတာ မင်းကိုငါလုံးဝခွင့်မလွှတ်ဘူး Gun အဲ့အတွက်မင်းငါ့ကိုပြန်ပေးဆပ်ရမယ် Off Papiကိုကျနော်ကအရမ်းချစ်တာ Papiကျနော့်ဘက်ကိုတစ်ချက်လောက်ဘဲလှည့်ကြည့်ပေးပါလား papiကျနော့်အချစ်တွေကိုမမ...
