Gunတို့အချိန်ကြာသည်အထိသောက်စားနေကြသည်....
Gunကတော့သီချင်းဆိုပြီးကတည်းကတိတ်ဆိတ်နေသည်.
Papiရောပဲတိတ်ဆိတ်နေသည်...
အခြေမနေကိုရိပ်မိတဲ့Armက
"Gunပြန်တော့မလားP'လိုက်ပို့ပေးရမလား"
"ရတယ်ကျနော်Newနဲ့ပြန်မာP'arm"
"GunရေNewကမူးပြီးမှောက်နေပြီဒီညသူ့ကိုP'ခေါ်ထားလိုက်တော့မယ်"
"P'tayကအဲ့လိုလုပ်ချင်လို့လား...အဲ့တာဆိုလည်းခေါ်ထားလိုက်လေGun p'armနဲ့ပြန်လိုက်မယ်..."
"အင်း...Offမင်းရောမပြန်သေးဘူးလား"
"ပြန်တော့မှာအခု"
"အော်...အဲ့ဆိုGunကိုခေါ်သွားလိုက်လေ လမ်းကတူတူပဲမလားArmနဲ့ကြတော့လမ်းကဆန့်ကျင်ဘက်ကြီးသွားရမှာ..."
ဘာကိုမှမသိဘဲဝင်ပြောမိသောTay ပါ
"ရပါတယ်ကျနော်P'armနဲ့ပဲ..."
"မင်းကိုငါပြန်ခေါ်သွားပေးမယ်Gun"
"Papi"
"ဘာကြည့်နေတာလဲထလေ...ပြန်မှာမဟုတ်လား"
"အင်း"
...
ကားပေါ်ရောက်တော့
"Papiကျနော်ကိုယ့်ဘာသာပဲပြန်လိုက်ပါတော့မယ်"
"ငါမင်းကိုလိုက်ပို့မယ်လို့ပြောခဲ့တယ်မလား"
"ဒါပေမယ့်.."
"တော်တော့ဆက်ပြီးမကြားချင်တော့ဘူး"
"ဟုတ်"
"မင်းနဲ့Armကဘာတွေလည်း"
"ဗျာ....Gunနဲ့P'armကဘာမှမဟုတ်ပါဘူး"
"အေး....ပြီးတာပဲ"
"Papiကျနော့်ကိုခုထိခွင့်မလွှတ်နိုင်သေးဘူးလား"
"....."
"Papi....ကျနော်ခုနကဆိုခဲ့တဲ့သီချင်းကPapiကိုရည်ရွယ်တယ်ဆိုတာသိတယ်မလား...ကျနော်Papiကိုချစ်...."
"မင်းအိမ်ရောက်ပြီဆင်းတော့"
"Papi..."
"ဆင်းတော့လို့ပြောနေတယ်လေ"
Gunကားပေါ်ကဆင်းလိုက်ပြီး
"Papiကောင်းကောင်းပြန်ပါ"
Papiကတော့ဂရုမစိုက်ဘဲမောင်းထွက်သွားတော့သည်..
...
"Arm
ငါတို့ညနေကြရက်အပြင်သွားကြမလား"
"Sorryနော်off ငါN'gunနဲ့ချိန်းထားလို့မအားဘူး"
"Gunနဲ့....ဘယ်ကိုလဲ"
"ဒီလိုပါပဲညဈေးတန်းသွားမလို့မင်းကဘာလို့မေးတာလဲ"
"မဟုတ်ပါဘူးအဲ့တာဆိုငါသွားပြီနော်"
"အာ.....ခနနေအုံးဒီမှာမင်းစာအုပ်လားငါမနေ့ကဘားမှာတွေ့လို့ယူလာတာ"
Papiစာအုပ်လေးကိုကြည့်လိုက်တော့
အဖုန်းမှာရေးထားတဲ့နမည်လေးက
❤PAPI❤
တဲ့လေ....ဒါသူ့စာအုပ်မဟုတ်
"ငါ့ဟာမဟုတ်ဘူး"
"မဟုတ်ရင်ဘာလို့မင်းနမည်ကပါနေတာတုံး..ရော့ယူထားလိုက်အထဲကစာတွေငါဘာမှဖတ်မထားဘူးနော်"
"အေး..အေး."
Armထွက်သွားတော့papiစာအုပ်လေးကိုဖတ်ကြည့်ဖို့ဆုံးဖြတ်လိုက်သည်....
ဘယ်သူ့စာအုပ်ပါလိမ့်....
...
"N'gunဘာတွေရှာနေတာလဲ"
Gunတစ်ယောက်လွယ်အိတ်ထဲကဘာကိုရှာနေလဲမသိ..
Armရောက်လာတာတောင်သူသတိမထားမိဘူး
"ကျနော့်စာအုပ်ပျောက်နေလို့"
"ဘာစာအုပ်မလို့အဲ့လောက်ရှာနေရတာလဲ"
"အရေးကြီးတဲ့စာအုပ်...မနေ့ကတည်းကပျောက်နေတာ
မနေ့ကဘားကပြန်လာတော့စာရေးမလို့ရှာတာမတွေ့တော့ဘူးNewများယူသေးလားမသိဘူး"
"ဘားကပြန်ကတည်းက....."
"အင်း...ခနနေပါအုံးမနေ့ကNewကျနော့်လွယ်အိတ်ယူပြီးအကုန်မွှေနေတာမူးရူးနေပြီးကျနော့်စာအုပ်ကိုထုတ်ပြီးပြန်မထည့်လိုက်ဘူးထင်တယ်...သေပြီပဲပြန်သွားရှာရအုံးမယ်"
"နေအုံးN'gun
စာအုပ်နမည်မှာPapiလို့ရေးထားတယ်မလား"
"P'ကဘယ်လိုသိလဲ"
"P'မနေ့ကဘားမှာတွေ့လို့ယူလာတာPapiလို့ရေးထားလို့Offဟာမှတ်လို့သူ့ကိုပေးလိုက်ပြီ"
"ဗျာ...papiကိုပေးလိုက်တယ်...."
ကျနော့်ခေါင်းပေါ်မိုးကြိုးပစ်ချခံလိုက်ရသလိုခံစားချက်ကြီး..
.....
ကျနော်Papiရှိရာကိုအမြန်ပြေးလာမိသည်...
မရဘူးနော်...သူဖွင့်ကြည့်လို့မရဘူး...
ကျနော်သေလိမ့်မယ်ရှက်လို့....
ကျနော်အတော်ကြာကျောင်းကိုပြန်ပြေးလာပြီးတော့
တွေ့ပါပြီPapi
ကျနော်သူ့ရှေ့မှာပိတ်ရပ်လိုက်သည်...
လူကပြေးလာရသည်မလို့အသက်ကိုမနည်းလုရူနေရပြီ..
ကျနော်အရမ်းမောနေပြီလေ....
"ရော....မင်းဟာမလား"
ကျနော့်ကိုပေးလာသောစာအုပ်လေး...
ကျနော်မောလွန်းနေသည်မလို့ဘာမှပြန်မပြောနိုင်ဘဲယူလိုက်သည်
"ရော့"
ကျနော့်ကိုရေဘူးလေးပေးလာသောPapi
"ကျေး....ကျေးဇူးpapi"
Papiထွက်သွားသည်...
သူကျနော့်စာအုပ်ကိုဖတ်ပြီးပြီလား.
သူတကယ်ဖတ်ပြီးပြီလား....
ကျနော်သိချင်တယ်Papi...
Papiစိတ်ထဲမှာဘာတွေဖြစ်နေမလဲဆိုတာကို....
....
ညရောက်တော့Papiအရက်တွေပဲသောက်နေမိသည်...
"တော်တော့offမင်းသောက်တာအရမ်းများနေပြီ"
"ငါစိတ်ရှုပ်လို့ပါTayရာ....ငါတကယ်မခံစားနိုင်တော့လို့ငါ့စိတ်ထဲမှာအခုဘာခံစားချက်ကြီးရှိနေတာလဲကွာ"
"မင်းဘာခံစားနေရတာလဲ"
"ငါ...Gunကိုသနားတယ်...
ငါ့ကိုယ်ငါအပြစ်ရှိသလိုခံစားရတယ်..."
"ဟင်...."
"ငါသူ့အပေါ်အရမ်းဆိုးနေမိတာလား.."
"မင်းကဘာလို့အဲ့လိုတွေးတာလဲ"
"ညနေကငါသူ့ရဲ့ခံစားချက်တွေအားလုံးကိုဖတ်ခဲ့ရတယ်...သူငါ့ကိုအရမ်းချစ်တာတဲ့....ပြီးတော့သူငါကြောင့်အချိန်တိုင်းငိုနေရတယ်...ငါသူ့အပေါ်ကိုCanနဲ့ပတ်သတ်ပြီးအရမ်းရက်စက်ခဲ့တယ်....ဒါတောင်သူငါ့ကိုစိတ်မပျတ်ဘူးဆက်ချစ်နေသေးတယ်....တကယ်ဆိုသူငါ့ကိုမုန်းသင့်နေပြီသူ့အတွက်ငါကမကောင်းတဲ့ကောင်လေကွာ....ဘာလို့ငါ့အပေါ်အဲ့လောက်ချစ်ပေးနေရတာလဲငါကသူ့အချစ်နဲ့တန်လို့လား..."
"မင်းရောသူ့ကိုချစ်လား"
"ဟင့်အင်း...ငါမသိဘူးငါသူ့ကိုအရမ်းသနားတယ်...ငါ့ကြောင့်သူအရမ်းနာကျဉ်ခဲ့ရတာ...ငါညနေကသူ့ခံစားချက်တွေအားလုံးကိုနားလည်သွားပြီ...ငါသူ့ကိုထပ်ပြီးမနာကျဉ်စေတော့ဘူးငါသူနဲ့ဝေးရာမှာပဲနေတော့မယ်Tay..."
"မင်းသဘောပါ...မင်းသူ့ကိုအရင်ကလိုမုန်းသေးလား"
"ဟင့်အင်း....ငါသူ့ကိုဘယ်တုံးကမှမမုန်းခဲ့ဘူး....
ငါသူ့ကိုမုန်းတယ်ဆိုတာငါ့ကိုငါလိမ်နေခဲ့တာ...ငါသူ့ကိုမုန်းရင်တောင်သူကငါ့ကိုဆက်ချစ်နေမယ့်အမှတ်မရှိတဲ့ကလေးဘဲအရင်ကငါသူ့ကိုရက်စက်ခဲ့တယ်မှန်တာပေါ့ဒါပေမယ့်မင်းတို့မသိပါဘူးငါကသူ့ကိုအဲ့လိုလုပ်ရလို့ပျော်နေမယ်ထင်လားငါလည်းခံစားရတာပဲ...သေချာတာတစ်ခုကငါသူ့ကိုထပ်မနာကျဉ်စေတော့ဘူး....ငါသူနဲ့ဝေးဝေးမှာနေမယ်"
မင်းမသိဘူးGun
မင်းကိုငါမုန်းတယ်လို့ပြောခဲ့တာက....
မင်းအတွက်ပဲ....
ငါ့ကြောင့်မင်းဘဝထိခိုက်လိမ့်မယ်....
ငါ့ကိုချစ်ရင်မင်းကိုအားလုံးကနှိမ့်ချကြလိမ့်မယ်...
ဒါကြောင့်ငါမင်းကိုမုန်းချင်ယောင်ဆောင်ခဲ့တာ...
ငါCanကိုချစ်တာမှန်ပေမယ့်....မင်းမသိဘူးမလား
ငါ့ရဲ့အချစ်ဦးကမင်းဆိုတာ....
Canကိုချစ်တာပေါ့...
မင်းထက်ပိုမချစ်နိုင်တာပဲရှိတယ်...
ဒါပေမယ့်ငါCanကိုရွေးချယ်ခဲ့တယ်ဘာလို့လဲသိဘား
ငါတို့ကယောကျ်ားလေးတွေလေကွာမင်းဘဝထိခိုက်မှာပေါ့
ငါတောင်းပန်တယ်နော်....မင်းငါ့ကြောင့်အရမ်းနာကျဉ်ခဲ့ရတယ်မလား....
......
YOU ARE READING
Love Poison(completed)
Фанфикшнမင်းကြောင့်Canသေခဲ့ရတာ မင်းကိုငါလုံးဝခွင့်မလွှတ်ဘူး Gun အဲ့အတွက်မင်းငါ့ကိုပြန်ပေးဆပ်ရမယ် Off Papiကိုကျနော်ကအရမ်းချစ်တာ Papiကျနော့်ဘက်ကိုတစ်ချက်လောက်ဘဲလှည့်ကြည့်ပေးပါလား papiကျနော့်အချစ်တွေကိုမမ...
