ချစ်ရသူအတွက်ပြင်ဆင်ပေးရတာဒီလောက်စိတ်လှုပ်ရှားဖို့ကောင်းမယ်လို့ကျနော်မထင်ခဲ့။
ကျနော်RAIN Coffeဆိုင်တစ်ခုလုံးကိုဒီနေ့တစ်ရက်လုံး
ငှါးထားခဲ့တာ။ပြီးတော့ဆိုင်ထဲမှာဘောလုံးလေးတွေလည်း
ချိတ်ထားသေးတယ်။နောက်ပြီး့ပန်းလေးတွေနဲ့ပုံဖော်ထားတဲ့စာလေးတစ်ကြောင်းလည်းရှိပါသေးတယ်။
အဲ့ဒီစာလေးကတော့ရိုးရှင်းပါတယ်...
Happy Birthday Papi
တဲ့လေ။ကျနော်ကိတ်လေးကိုတော့Papiပုံလေးနဲ့လုပ်ပေးထားတယ်။ကျနော်ကိုယ်တိုင်ရိုက်ပေးထားတဲ့ပုံလေးနဲ့ပါ။
Papiကြိုက်မယ်လို့မျှော်လင့်ပါတယ်။
ကျနော်Papiအတွက်မနက်ကတည်းကပြင်ဆင်နေတာ။
Newကလည်းကူလုပ်ပေးပါတယ်။
ကျနော်တွေးကြည့်တာနဲ့တင်အရမ်းကိုပျော်နေရပါပြီ။
Papiလာရင်အံသြ သွားမယ့်သူ့မျက်နှာလေးကိုလည်းကျနော်ကြိုတင်မှန်းလို့ရနေပါပြီ။ကျနော်ဟာသူ့ရဲ့အပြုအမူအားလုံးကိုအလွတ်ရနေတဲ့အထိကိုသူ့ကိုချစ်တာပါ။
အခုဆိုအချိန်က5နာရီကိုညွှန်ပြနေပြီ။
ကျနော်ကတော့ချစ်ရသူကိုစောင့်ဆိုင်းရင်း
ရင်တွေအဆမတန်ခုန်လို့နေပါပြီ။
Newကတော့p'tayနဲ့ချိန်းထားတာရှိတယ်ဆိုပြီးပြန်သွားကြာပြီ။
ကျနော့်ချစ်ရသူမွေးနေ့မှာကျနော်အရမ်းပျော်နေခဲ့တယ်။
ကျနော့်မွေးနေ့မှာတောင်ဒီလောက်မပျော်နိုင်ခဲ့ပါ။
Papi ခများအရမ်းချစ်ဖို့ကောင်းတယ်သိလား။
ကျနော့်ကိုရင်ခုန်အောင်အမြဲလုပ်တတ်တဲ့လူကြီး။
Ti ...Ti
Newဆီကvd callဝင်လာတာမလို့ကျနော်ကိုင်လိုက်သည်။
"Hello new"
"Gunရင်ခုန်နေပြီလား6နာရီထိုးတော့မယ်"
"ဟုတ်တယ်ငါအရမ်းရင်ခုန်နေပြီ"
"စိတ်လျှော့မင်းလုပ်ပေးတာကိုသူကြိုက်မှာပါ"
"အင်းပါဒါနဲ့p'tayရော"
"သူပြန်သွားပြီ"
"Oh!!မင်းတစ်ယောက်ထဲပေါ့အခုဘယ်မှာလဲ"
"အအေးဆိုင်မှာ"
ဆိုပြီးgunကိုအအေးဆိုင်ထဲကလူတွေကိုရိုက်ပြနေတယ်
နေပါဦး....ခုနကpapiကြီးမလား
"Newမင်းနောက်ကဝိုင်းကိုပြန်ရိုက်ပြပေးပါလား"
Newနောက်ကဝိုင်းကိုရိုက်ပြတော့
ဟုတ်တာပေါ့တကယ်papiကြီးp'canနဲ့အတူထိုင်နေတာ
"Gunအဲ့တာp'canမလား"
"အေး..papiကြီးရောပဲ"
"အဲ့လောရှည်ကမင်းဆီလာဖို့ပြင်ဆင်နေရမှာမဟုတ်လားဘာလို့ဒီရောက်လာတာတုံး"
"မသိဘူးလေ...ထားလိုက်ပါစောသေးလို့နေမှာသူလာမှာပါ"
"အေး...ပြီးတာပဲဒါဆိုbye byeနော်"
"Bye"
Papiလာမယ်မလား။ကျနော်စောင့်နေမှာနော်။
Papiမနေ့ကလာမယ်လို့ပြောတယ်လေအဲ့စကားကြောင့်ကျနော်စောင့်နေမယ်Papi
Gun papiလာမယ်ဆိုတာသိတာမို့ယုံယုံကြည်ကြည်နဲ့စောင့်နေတာအချိန်အားဖြင့်အတော်ကြာသွားပြီ
Gunလက်ကနာရီကိုကြည့်လိုက်တော့6နာရီထိုးပြီးနေပြီ။
"Papiဘာလို့နောက်ကြနေတာပါလိမ့်"
Gunလည်းပြင်းလာတာနဲ့Lineဖွင့်ပြီးIGထဲဝင်လိုက်သည်။
ဝင်ဝင်ခြင်းမြင်လိုက်ရတဲ့ပုံက
"Happy Brithday Off"
ဆိုပြီးpapiနဲ့P'canပုံပင်...
Gunအောက်ကိုဆက်ကြည့်လိုက်တော့
"မွေးနေ့မှာချစ်သူလေးကိုမုန့်လိုက်ကျွေးနေတာ"ဆိုပြီး
Offနဲ့P'Canပုံတွေ..
Gunကြည့်ရင်းပါးပြင်ပေါ်မှာတလိမ့်လိမ့်ကျဆင်းလာတဲ့မျက်ရည်တွေ....
ဘာတွေလဲ...ဒါကဘာလဲP'canနဲ့Papiကချစ်သူတွေ...
ဟင့်အင်းမယုံဘူး....လုံးဝမယုံနိုင်ပါ...
Gunဖုန်းကိုpowerပိတ်လိုက်ပြီးစားပွဲပေါ်ကိုပစ်ချလိုက်သည်
မယုံနိုင်ပါဘူး...လုံးဝကိုမဖြစ်နိုင်တာ
Papiကိုယ်တိုင်ပါးစပ်နဲ့ပြောမှGunယုံမှာ...
Gunအချိန်ဘယ်လောက်ကြာကြာငိုနေမိမှန်းမသိပါ
အပြင်မှာတောင်မိုးတွေရွာနေပြီ
တော်တော်လေးမှောင်နေပြီ
အချိန်ကတော့7:30တဲ့လေ
"Papiအရမ်းရက်စက်တယ်Gunစောင့်နေတယ်လေ..လာပါတော့papiရယ်gunကိုသနားပါအုံး"
အရောင်စုံဘောလုံးလေးတွေဟာအသက်မဲ့နေလျက်
ကောင်လေးတစ်ယောက်ပုံနဲ့ကိတ်မုန့်လေးဟာလေး
အထီးကျန်နေလျက်...
ဆင်တူcoffeeခွက်လေးနှစ်ခွက်ထဲကcoffeလေးတွေဟာလည်းအေးစက်နေလျက်....
အပြင်ဘက်ကမိုးရေစက်လေးများကတော့ကျဆင်းလျက်
Gunရင်ထဲမှာတော့အစမတန်နာကျဉ်နေလျက်...
...
Gun coffeဆိုင်လေးကိုကျောခိုင်းပြီးထွက်လာချိန်မှာတော့
9နာရီတိတိရှိပြီ။Gunအချိန်တော်တော်ကြာစောင့်ခဲ့ရတယ်မလား။မနက်ကတည်းကကြိုးစားပြင်ဆင်ခဲ့တဲ့အရာတွေအားလုံးကအခုတော့သဲထဲရေသွန်ပါပဲ။
မိုးရေတွေထဲမှာလျှောက်သွားနေခဲ့သည်။
ဘယ်ကိုဦးတည်ပြီးသွားနေမှန်းလည်းမသိပါ။
ရှေ့ကမြင်ကွင်းကိုလည်းပီပြင်စွာမမြင်ရ။
မျက်ရည်များကြောင့်အားလုံးဟာဝေဝါးနေဆဲ။
ကျနော်နဲ့papiရဲ့ဆက်ဆံရေးလည်းဝေဝါးနေတယ်မလား။
ဘယ်အချိန်မှာပြတ်တောက်မလဲဆိုတာကျနော်မသိ။
တကယ်တော့papiကိုကျနော်မပိုင်။papiအချစ်ကကျနော့်ဆီမှာမရှိ။သူချစ်တဲ့သူက.....
"ဘာလို့အဲ့လောက်နာကျဉ်နေရတာလဲကွာ...."
Gunဒူးထောက်ထိုင်ချပြီးငိုနေမိသည်။အနည်းဆုံးတော့သူ့ရဲ့မျက်ရည်တွေကိုဘယ်သူမှမမြင်နိုင်ပါ။မိုးရေစက်လေးများကြောင့်...
Gunငိုရလွန်းလို့မောလှပြီ။
ရင်တွေလည်းနာလှပြီ။gunဒီလောက်ဘယ်တော့ကမှမငိုဖူးပါ။ဒါဟာpapiကြောင့်ပထမဆုံးအကြိမ်အမောဖောက်မတတ်ငိုမိခြင်းပင်။
မကြာမီgunရှေ့ကိုထိုးရပ်လာသောကားတစ်စီး
ဘယ်သူလည်းဆိုတာသေချာမမြင်ရ။
ကျနော်မျက်လုံးတွေအရမ်းအိပ်ချင်နေပြီ။ကျနော်ငိုရလွန်းလို့အရမ်းမောနေပြီ။ကျနော်ခနလောက်နားချင်တယ်။ကျနော့်ကိုခနောက်လောက်နားခွင့်ပေးပါ။မကြာမီကျနော့်ခန္တာကိုယ်ကိုတစ်စုံတစ်ယောက်ရဲ့ပွေ့ချီခြင်းခံလိုက်ရသည်။ပြီးတော့ကျနော့်နမည်ကိုခေါ်နေတဲ့အသံကြားရသည်။
ကျနော့်မျက်လုံးတွေမမှိတ်ခင်ထိုသူ့မျက်နှာကိုကြည့်လိုက်တော့....
"P'Arm"
ထို့နောက်ကျနော့်မျက်လုံးတွေမှိတ်ကျသွားခဲ့တယ်။ကျနော်အရမ်းပင်ပန်းနေပြီ...
YOU ARE READING
Love Poison(completed)
أدب الهواةမင်းကြောင့်Canသေခဲ့ရတာ မင်းကိုငါလုံးဝခွင့်မလွှတ်ဘူး Gun အဲ့အတွက်မင်းငါ့ကိုပြန်ပေးဆပ်ရမယ် Off Papiကိုကျနော်ကအရမ်းချစ်တာ Papiကျနော့်ဘက်ကိုတစ်ချက်လောက်ဘဲလှည့်ကြည့်ပေးပါလား papiကျနော့်အချစ်တွေကိုမမ...
