"Gunရေထအုံး"
"ဘာလဲငါအိပ်ချင်သေးတယ်ငါမနေ့ကလျှောက်သွားထားတာပင်ပန်းနေပြီ"
"အရေးကြီးတာပြောမလို့အောက်မှာoffရဲ့ကားရောက်နေတယ်"
"ဘာ..."
ချက်ချင်းထ ထိုင်လာသောgun
"မင်းမနောက်နဲ့နော်"
"ငါအတည်ပြောတာမယုံရင်သွားကြည့်"
Gun ပြတင်းပေါက်ကနေလှမ်းကြည့်လိုက်တော့
တကယ်ကိုpapiကားပင်...
"ဟျောင့်...ငါ့ကိုအစောကြီးနှိုးသင့်တာ"
ဆိုပြီးပြေးဆင်းသွားသောGun
...
"Papi Gunဆီလာတာလား"
"ငါမင်းဆီကိုလာချင်လို့လာတာမဟုတ်ဘူးပါးပါးနဲ့မားခေါ်ခိုင်းလို့လာခေါ်တာလာချင်နေတယ်မထင်နဲ့"
Gunရင်ဘတ်ကအောင့်သွားပေမယ့်လည်း....
"ဟုတ်....သိပြီမလို့နောက်ထပ်အဲ့လိုဆက်မပြောပါနဲ့တော့ကျနော်လိုက်ခဲ့မယ်"
"အဲ့တာဆိုမင်းမျက်နှာသွားသစ်ခဲ့ငါစောင့်နေမယ်မြန်မြန်လုပ်မင်းအတွက်ငါ့အချိန်တွေအားမနေဘူး"
Papiအရမ်းတော်တာပဲနော်....
ကျနော့်ကိုပြောတဲ့စကားတစ်ခွန်းတိုင်းမှာ
ကျနော့်ကိုနာကျဉ်စေတဲ့စကားတွေချည်းပဲ....
ကျနော်အတွေးရပ်ပြီးသာမျက်နှာသစ်လိုက်ရသည်...
Newကိုတော့နှုတ်ဆတ်ပြီးမနက်စာစားဖို့မှာခဲ့လိုက်သည်...
...
Gun papiအိမ်ရောက်တော့သူတို့ကိုထွက်စောင့်နေတဲ့Papiရဲ့မားနဲ့ပါး
Gunကားရပ်တာနဲ့ကားပေါ်ကပြေးဆင်းပြီး..
"မား.."
Papiအမေရင်ခွင်ထဲပြေးဝင်လိုက်သည်...
"သားလေးမတွေ့တာအရမ်းကြာပြီနော်ကြည့်ပါအုံးချစ်စရာကောင်းလာလိုက်တာ"
"မားလည်းချောလာတယ်"
"အမလေးစကားလည်းတတ်လိုက်တာလာ..သားကြိုက်တဲ့ဟင်းတွေချက်ထားတယ်ထမင်းစားသွား"
"မားကချစ်ဖို့အရမ်းကောင်းတာပဲ"
ဒီလိုပါပဲ...Papiရဲ့မားကGunကိုအရမ်းချစ်တာ..
Gunတို့ငယ်ငယ်ကတည်းကpapiအိမ်မှာဆော့နေကြလေ..
အဲ့အချိန်မှာကတည်းကpapiမားကgunကိုထိန်းခဲ့တာ...
အခုဆိုသားအရင်းလေးတစ်ယောက်လိုပဲ....
ထမင်းစားပွဲမှာGunအသံချည်းကြားနေရသည်
"Gunသားစားကောင်းလား"
"ဟုတ်ပါး...ကောင်းတယ်gunကလေပါးနဲ့မားကိုလွမ်းနေတာ"
"ပါးတို့လည်းလွမ်းပါတယ်ကွာ"
"Offတိတ်လှချည်လား...မင်းညီလေးနဲ့ရန်ဖြစ်ထားတာလား"
မားရဲ့စကားကြောင့်papiမော့ကြည့်လာပြီး
"မဟုတ်ပါဘူးကျနော်မပြောချင်လို့ပါ"
"အေး...ထားပါငါသမီးလေးCanကိုလွမ်းလိုက်တာစိတ်မကောင်းပါဘူး"
"တော်ပြီကျနော်စားလို့်ပြီးပြီချိန်းထားတာရှိလို့သွားတော့မယ်"
ထပြီးထွက်သွားသောOff
"Gunသားနဲ့offအဆင်ပြေရဲ့လား"
ဟင့်အင်း..မပြေဘူးမား
ကျနော်အရမ်းနာကျဉ်ရတယ်သိရဲ့လား...
"ပြေပါတယ်"
ကျနော့်ရဲ့မုသားစကား....
Papiနဲ့ပတ်သတ်ရင်ကျနော်ဟာအမြဲအရှုံးတွေကြည့်ပါပဲ..
ကျနော်ဟာသူ့အတွက်တော့လူပိုတစ်ယောက်..
ကျနော်ဟာသူ့အတွက်အမုန်းခံလူသားတစ်ယောက်သာသာ
ကျနော့်ဖြစ်တည်မှုဟာသူ့အတွက်အရေးမပါခဲ့ဘူး...
ဒါပေမယ့်ဘယ်လိုလုပ်မလဲကျနော့်အတွက်တော့
သူ့ရဲ့ဖြစ်တည်မှုဟာကျနော့်ကမ်ဘာကြီးဘဲ....
...
ညနေရောက်တော့gunကိုNew ဘား သွားဖို့မြူဆွယ်နေသည်....
Gunကမလိုက်ချင်ဘူးတဲ့အဓိကအကြောင်းအရင်းကOffကြောင့်
အဲ့ဘားမှာOffရောရှိနေမှာသေချာသည်...
ဘာလို့လဲဆိုတော့အဲ့ ဘား ကTayပိုင်တာလေ..
သူတို့နှစ်ကစီနီယာတွေဒီနေ့မှာချိန်းထားကြတာ...
Tayကလည်းNewကိုလာကိုလာရမှာလို့ခေါ်ထားတာ...
"ငါမလိုက်ချင်ဘူးမင်းဘာသာမင်းသွားအဲ့မှာငါ့ကိုမမြင်ချင်တဲ့လူရှိနေတယ်"
"မင်းကွာသူ့ကိုဂရုစိုက်မနေနဲ့လိုက်ခဲ့ပါကွာအဲ့မှာTayရောP'Armရောကမင်းကိုလာစေချင်နေတာကွ"
"ငါ့ကိုမလာစေချင်တဲ့လူရှိနေတယ်လေ"
"အာ....ငါမေ့နေတာအဲ့မှာOffမရှိဘူးတဲ့Tayပြောတယ်သူ့မိဘတွေရှိတော့လာမှာမဟုတ်ဘူးမင်းလိုက်ခဲ့"
"တကယ်လား"
"အေး..ငါမင်းကိုစပါ့မလား"
"Ok...သူမရှိရင်လိုက်ခဲ့မယ်မဟုတ်ရင်သူငါ့မျက်နှာကိုမြင်ပြီးဒေါသထွက်နေမှာငါကအစကတည်းကသွားချင်နေတာ"
"သိနေတယ်လေ"
...
Gunတစ်ယောက်newနဲ့လိုက်လာပြီး ဘား ကိုရောက်တော့
ထွက်စောင့်နေသောTay
"Babyလာပြီလား...gunလည်းပါတယ်အထဲဝင်နှင့်ငါနောက်မှလာခဲ့မယ်"
"Ok gunမင်းဝင်နှင့်နော်ငါtayနဲ့နေခဲ့အုံးမယ်"
Gunထိုအတွဲကိုထားပြီးတော်ဝင်လာခဲ့လိုက်သည်...
အထဲရောက်တော့စားပွဲဝိုင်းတစ်ခုမှာp'armကလက်ပြကာခေါ်နေသည်..
Gunလည်းp'armရှိရာစားပွဲနားထိုင်လိုက်တော့သည်...
ဟင်....သေပြီPapiကြီးဟ...
ပြောတော့မလာဘူးဆို....newမင်းသေပြီသာမှတ်...
"Gunရောက်လာပြီလားP'ကမလာတော့ဘူးထင်နေတာ"
"မဟုတ်ပါဘူး..."
Gunနေရခတ်သည်papiကျနော့်ကိုအရေးတောင်မလုပ်..တစ်ချက်လေးတောင်လှည့်မကြည့်ဘဲသူ့သူငယ်ချင်းတွေနဲ့စကားပြောနေသည်....
နာကျဉ်လိုက်တာ.....
မကြာခင်ဟိုအတွဲပြန်ဝင်လာပြီး....
စားကြသောက်ကြနဲ့အချိန်ဖြုန်းကြသည်....
"ဟေး.....သီချင်းဆိုကြရအောင်ဘယ်သူဆိုမလဲ"
"Gunဆိုခိုင်းလိုက်"
မူးရူးပြီးထအော်သောNew
အားလုံးရဲ့အကြည့်တွေကကျွန့်တော့်ဆီမှာ
"N'gunကအသံကောင်းမယ့်ပုံပဲ"
"မကောင်းဘူးP'arm"
"မဟုတ်ဘူးသူကသီချင်းဆိုတော်တယ်"
"ငမူးကောင်ပါးစပ်ပိတ်စမ်း"
"ကဲပါရှက်မနေပါနဲ့သွားဆိုလိုက်ပါနော်"
ဘေးကစီနီယာအကိုကြီးတွေရဲ့တိုက်တွန်းမှုကြောင့်Gunစင်ပေါ်ရောက်သွားသည်...
မထူးပါဘူးဆိုလိုက်တော့မယ်
Gunစိတ်ကိုငြိမ်ငြိမ်ထားပြီးတစ်ယောက်သောသူကိုစိုက်ကြည့်လိုက်သည်....
ဒီသီချင်းစာသားတွေကသူ့ခံစားချက်အစစ်အမှန်တွေပဲ...
YOU ARE READING
Love Poison(completed)
Fanfictionမင်းကြောင့်Canသေခဲ့ရတာ မင်းကိုငါလုံးဝခွင့်မလွှတ်ဘူး Gun အဲ့အတွက်မင်းငါ့ကိုပြန်ပေးဆပ်ရမယ် Off Papiကိုကျနော်ကအရမ်းချစ်တာ Papiကျနော့်ဘက်ကိုတစ်ချက်လောက်ဘဲလှည့်ကြည့်ပေးပါလား papiကျနော့်အချစ်တွေကိုမမ...
