အပိုင္း-၉

1.5K 120 2
                                        

"Gunဒီနေ့အတန်းတတ်မှာလား"
ဖုန်းကိုကြည့်ရင်းမေးလာသူNew
ဒီကောင်အဲ့လိုပဲစာကိုလုပ်တယ်ရယ်လို့မရှိဘူး
အားနေဖုန်းတစ်လုံးနဲ့ကြူနေတာသူ့ချစ်လင်ကြီးTayကိုလေ
"အေးလေတတ်ရမှာပေါ့...ရော့မင်းအိမ်စာတွေရေးအုံး"
ကျနော်သူ့စာအုပ်ကိုသူ့ဆီပြစ်ပေးလိုက်ပြီးစာရေးခိုင်းမိသည်
"မရေးချင်ပါဘူးဆိုကွာအတန်းချိန်ကနီးနေပြီရေးလည်းပြီးမှာမဟုတ်ဘူး"
"ဟာရေးရင်တော့ပြီးတာပေါ့ငါတောင်ပြီးတော့မယ်"
"မရေးဘူးကွာအတန်းလစ်မယ်"
"မင်းအဲ့လိုလုပ်လို့မရဘူးလေမင်းပဲညကအိမ်စာတွေမနက်မှရေးဆိုပြီးငါ့ကိုnight outခေါ်သွားခဲ့တာမလား"
"မင်းလည်းပျော်နေခဲ့တာပဲလေ....လုပ်ပါကွာဒီနေ့လည်းလျှောက်သွားရအောင်"
"Newမင်းဘာလို့အဲ့လိုတွေလုပ်နေလဲငါသိတယ်နော်...ငါ့အတွက်အဲ့လောက်ပင်ပန်းမခံပါနဲ့ငါနေတတ်အောင်ကြိုးစားနေပါပြီ"
"ကဲပါ....ငါလုပ်နေတာတွေအားလုံးကမင်းပျော်ဖို့ဆိုတာသိရင်မင်းလည်းအတန်းလစ်လိုက်တော့နော်....နော်လို့"
ကလေးလေးတွေပူဆာသလိုမျိုးပူဆာနေတဲ့သူငယ်ချင်းကိုကြည့်ရင်းGun အချစ်တွေတိုးရပြန်ပါသည်။NewသာGunခင်တွယ်နေရသူမဟုတ်လား။
"Okလေမင်းသဘောပဲငါတို့ဘယ်သွားကြမလဲ"
"Shopping . ကစားကွင်း ပြီးတော့ ပင်လယ်စာ ဆိုင်နောက်ပြီး မြို့ပတ်ရထားလည်းစီးမယ်"
"ရုပ်ရှင်ရောမကြည့်တော့ဘူးလားမင်းကရုပ်ရှင်ကြည့်တာကြိုက်တယ်လေ"
"ဟင့်အင်း...ငါအဲ့နေရာကိုမင်းနဲ့ထပ်မသွားချင်တော့ဘူး"
"ဘာလို့......"
Gunအစကကြောင်နေပြီး
ပြီးမှသူနားလည်သွားသည်p'can...
ဟုတ်တယ်ကျနော်အဲ့နေရာကိုထပ်သွားရင်အဲ့အဖြစ်ဆိုးကိုပြန်မြင်ယောင်နေမှာဆိုးလို့သူကမသွားဘူးပြောတာ...
ကြည့်ပါလားကျနော့်အပေါ်အရမ်းနားလည်ပေးနိုင်တဲ့သူငယ်ချင်း....
"Okဟုတ်ပြီဒါဆိုရေသွားချိုးတော့"
"ဟုတ်ပြီ"
...
သူငယ်ချင်းနှစ်ယောက်ပြင်ဆင်ပြီးအိမ်မှထွက်လာခဲ့သည်
နှစ်ယောက်လုံးဝတ်လာသည့်ပုံမှာအလယ်တန်းကျောင်းသားလေးတွေအတိုင်းပင်...
Gunဆိုသည်မှာသူ့ထက်နှစ်ဆလောက်ရှိသည့်အကျီၤကြီးဝတ်လာတာလက်ကလေးတွေဆိုပေါ်ကိုမလာတော့အကျီၤထဲမှာခန္တာကိုယ်သေးသေးလေးကမြုပ်နေသည်...
သို့သော်လည်းခလေးတစ်ယောက်တစ်ဖွယ်အရမ်းချစ်စရာကောင်းနေတာတော့ငြင်းမရပါ...
Newလားဘာထူးလည်းဘယ်လောက်ပဲကြည့်ကြည့်..
ဘယ်လိုပဲကြည့်ကြည့်တက္ကသိုလ်ကျောင်းသားလို့ထင်စရာမရှိ....အလယ်တန်းကျောင်းသားပမာ...
သူကgunလောက်မသေးပေမယ့်သူ့ချစ်စရာမျက်နှာလေးကြောင့်ကလေးလိုပဲချစ်စရာကောင်းလှသည်။
"Gunငါတို့ဘယ်အရင်သွားမလဲ"
"Shopping "
"အင်း"
ဒီလိုနဲ့နှစ်ကောင်သားshopping ထွက်ဖို့သာလုပ်တော့သည်...
"Gunငါဒီအကျီၤနဲ့လိုက်လား..."
"Gunငါဒီနာရီလေးယူရမလား"
"Gunငါ့ကိုဒီဘောင်းဘီလေးဝယ်ပေးပါလား"
"Gunငါနဲ့အတူတူဆင်တူအကျီၤလေးတစ်ထည်လောက်ဝယ်မလားbest friendတွေဆိုတော့လေ"
"GunငါဒါလေးကိုTayအတွက်ဝယ်ရမလားtayနဲ့လိုက်မှာပါနော်"
"Gun...."
"Newမမောသေးဘူးလားဟမ်တစ်Gunတည်းGunနေတော့တာပဲ"
"အဲ့ဆိုATPဒီအကျီၤလေးက..."
"ကိုယ်တော်ချောတော်ပါတော့ငါညောင်းလာပြီမင်းဒီဟာကြီးတစ်ခုလုံးကိုပတ်နေတာ5ပတ်လောက်ရှိပြီမင်းမေးသမျှဖြေရတာခေါင်းတောင်မူးလာပြီတော်တော့ပင်လယ်စာဆိုင်သွားရအောင်ငါဗိုက်ဆာနေပြီ"
"အင်းအင်း"
Gunနှင့်Newတို့ပင်လယ်စာဆိုင်သွားရန်ပြင်လိုက်ချိန်
သူတို့နှင့်မျက်နှာချင်းဆိုင်လျှောက်လာသူOff
ပြီးတော့သူ့ဘေးမှာကောင်မလေးတစ်ယောက်
"Gunဟိုမှာp'offမလား"
ဟုတ်ပါသည်တကယ်Papiပါ..
သူကျနော့်ကိုစူးဆိုက်ကြည့်နေတာ
ဟုတ်တယ်ကျနော်မျက်လုံးကိုသေချာကြည့်ပြီးလျှောက်လာတာ
ကျနော်လည်းသူ့မျက်လုံးကိုတည့်တည့်ပြန်စိုက်ကြည့်နေလိုက်သည်
တဖြည်းဖြည်းနဲ့သူကျနော့်ရှေ့ရောက်လာပြီး
"Papi"
"Ha...မမြင်ချင်တဲ့သူနဲ့လာတွေ့နေရတယ်လို့"
Gunရဲ့ပုခုံးကိုတိုက်ပြီးထွက်သွားသောpapi
ဒီတစ်ခါလည်းကျနော့်ကိုတစ်ချက်လေးတောင်လှည့်မကြည့်သွားခဲ့...
ဟုတ်သားပဲpapiကျနော့်ကိုဘယ်တုံးကမှလှည့်မကြည့်ခဲ့ပါဘူး....
ကျနော်သာရူးမိုက်စွာသူ့အပေါ်ထားတဲ့အချစ်တွေကိုမစွန့်လွှတ်နိုင်သးတာ...
"Gunမင်းဘာလို့မျက်ရည်ကျရပြန်တာလည်းမကျနဲ့အဲ့မျက်ရည်တွေသူ့အတွက်မင်းမျက်ရည်တွေနဲ့မထိုက်တန်ဘူးgun"
"အဲ့လိုမဟုတ်ဘူးNewသူကငါ့အတွက်အရမ်းတန်ဖိုးကြီးလွန်းတယ်ငါကတာသူနဲ့မထိုက်တန်တဲ့လူ"
"မင်းဘာလို့အဲ့လောက်တောင်သူ့ကိုချစ်နေရတာလဲ"
"မသိဘူး...ငါလည်းမသိဘူးNewသူ့ကိုငါဘာလို့အဲ့လောက်တောင်ချစ်နေရလဲဆိုတာ"
"ဟုတ်ပါပြီမင်းလည်းမငိုနဲ့တော့နော်....လာသွားကြမယ်"
Gunမကြိုက်ပါသူနှင့်ပတ်သတ်ရင်မျက်ရည်လွယ်လွန်းသည်ကို....
ပင်ပန်းနေပြီသူ့ကိုချစ်ရလို့....
မချစ်သင့်တဲ့လူကိုချစ်မိတာတကယ်နာကျဉ်ရတယ်...
....
ပင်လယ်စာဆိုင်ရောက်တော့နှစ်ကောင်သား
အားရပါးရစားနေကြသည်...
"N'တို့P'ဒီမှာထိုင်လို့ရမလား"
အသံကြားမှခေါင်းမဖော်တန်းစားနေရာကနေ
နှစ်ကောင်သားမော့ကြည့်လာလေသည်
"P'armထိုင်လေ"
"ကျေးဇူးပါ"
"P'armတစ်ယောက်ထဲလား"
"အင်းတစ်ယောက်ထဲပဲ"
"Papiရော"
အရူး.....ကျနော်တကယ်အရူး
ခနကမှကျနော့်ကိုမမြင်ချင်ပါဘူးလို့ပြောသွားတဲ့လူကို
ကျနော်ကအခုသူ့ကိုမေးနေမိပြန်ပြီ
"သူကမသိဘူးလေအိမ်မှာရှိရင်ရှိမာပေါ့သူပြောတာတော့သူ့မိဘတွေလာမှာတဲ့"
"ဟင်....ပါးပါးနဲ့မားလာမှာ"
"N'gunကသူ့မိဘတွေကိုသိလို့လားသူ့မိဘတွေကချင်းမိုင်မှာမလား"
"အင်း...gunနဲ့အရမ်းသိတာပေါ့"
....

Love Poison(completed)Where stories live. Discover now