အပိုင္း-၂

1.7K 123 3
                                        

့Gunတစ်ယောက်ဒီနေ့အတန်းကစောပြီးသည်။
ဒါကြောင့်တတိယနှစ်အဆောင်ရှေ့မှာယောင်လည်လည်လုပ်နေသည်။
တကယ်တော့Offနဲ့Canကိုစောင့်နေခြင်းပင်။
Papiကိုတွေ့ချင်လွန်းလို့သူငယ်ချင်းခေါ်ရာတောင်မလိုက်ခဲ့။
Gunလက်ကပတ်ထားတဲ့နာရီကိုကြည့်လိုက်တော့သူစောင့်နေရတာနာရီဝက်ရှိပြီ။
ခုထိထွက်မလာကြသေး။ဘာတွေများသင်နေလို့ပါလိမ့်။
Gun 15မိနစ်လောက်ဆက်စောင့်ပြီးခနကြာတော့အိတ်ထောင်ထဲကဖုန်းကတုန်ခါလာသည်။
"Hello New"
"Gunမင်းအခုလာခဲ့ပါလားမင်းမပါတော့ပျော်စရာမကောင်းဘူးကွာ"
"ဘယ်ကိုရောက်နေတာလဲမင်းက"
"ဘယ်ရောက်ရမှာလဲသွားနေကြGameဆိုင်မှာလေ"
"အော်...ငါလာလို့မရဘူးNewငါpapiကိုစောင့်နေတာ"
"Papiကိုစောင့်နေတာ...နေအုံးGun papiနဲ့Tayနဲ့ကအခန်းတူတူပဲမလား"
"အင်းလေဘာလို့လဲ"
"သေလိုက်တော့Gun...Tayကအခုငါနဲ့ရှိနေတာဒီနေ့သူတို့အတန်းမရှိဘူး"
"ဟင်.....အတန်းမရှိဘူး"
တစ်ဖက်ကဖြေသံမကြားရတော့
သေချာတာပေါ့Gun phအားကုန်သွားပြီ။
အတန်းမရှိဘူး...ဖြစ်နိုင်ပါ့မလားNewစနေတာလား။
ဟုတ်လောက်မှာပါNewကငါ့ကိုစနေကြပဲ။
မနက်ကတင်P'canရောpapiကပါအတန်းရှိတယ်လို့ပြောသွားတာဆက်စောင့်နေလိုက်ပါအုံးမယ်။
"N'Gunဘယ်သူ့ကိုစောင့်နေတာလဲ"
ကျနော့်ကိုလာပြီးစကားပြောသောP'တစ်ယောက်။
ကျနော်ထိုသူကိုကောင်းကောင်းသိပါသည်။သူကPapiသူငယ်ချင်းP'Arm
"P' Arm kaကျနော်Papiကိုစောင့်နေတာ"
"Oh!! ဒီနေ့P'တို့အတန်းမရှိဘူးလေoffရောCanရောလည်းရှိမှာမဟုတ်ဘူးP'သူတို့နှစ်ယောက်ကိုမနက်ကတည်းကမတွေ့ဘူး"
"မရှိဘူးလား"
"အင်းအတန်းမရှိတော့သူတို့နှစ်ယောက်တစ်နေရာရာသွားတယ်နေမှာ...ဒါနဲ့P'သွားလိုက်အုံးမယ်နော်"
"Kaကျေးဇူးပါနော်P'arm"
P'armထွက်သွားသည်နှင့်Gunလည်းပြန်လာခဲ့လိုက်သည်။
အိမ်ကိုတော့မဟုတ်။newရှိရာကိုပင်...
...
"Offငါ့ကိုဒီခေါ်လာတာဘာပြောမလို့လဲ"
"အရေးကြီးတဲ့ကိစ္စ"
"အင်း....ဘာလဲပြောလေ"
Off canကိုတစ်ချက်ကြည့်လိုက်ပြီး
"နင်အရမ်းလှတယ်Can"
"ငါသိတာကြာပြီ"
"အင်းငါနင့်ကိုချစ်တယ်"
"ဟင်..."
မျက်လုံးလေးအဝိုင်းသားနဲ့သူမ
တကယ်ပါထိုကောင်မလေးဟာOffချစ်ရသူပင်
"ငါနင့်ကိုချစ်တယ်လို့နင်ရောငါ့ကိုချစ်တယ်မလား..."
"ငါနင့်ကို..."
ဆက်မပြောပဲရှက်သွေးဖြာနေသောသူမ
တကယ်ပင်လှပလွန်းတဲ့ကောင်မလေးပါ
"ချစ်တယ်"
Offတစ်ယောက်ချစ်ရသူဆီကချစ်တယ်ဆိုတဲ့စကားကြားရတော့အရမ်းပျော်ပြီးCanကိုဖတ်လိုက်သည်။
"Canတကယ်နော်"
"အင်းတကယ်ပြောတာဒါနဲ့Offငါတို့ပြန်ရအောင်နော်"
"ဘာလို့လဲ"
"ငါတို့Gunကိုလိမ်ခဲ့တယ်လေ"
"သူအတန်းမပြီးလောက်သေးပါဘူးခနလောက်နေပြီးမှပြန်ရေအောင်"
"ဟုတ်ပြီလေ"
Offနဲ့Canအအေးဆိုင်ဝင်ပြီးခနလောက်ကြာမှပြန်ကြသည်။
ကျောင်းကိုရောက်တော့Gunရှိမနေတော့။
"N'gunအိမ်ရောက်သွားပြီထင်တယ်"
"အင်းငါတို့လည်းအိမ်ပြန်ရအောင်"
ဒီလိုနဲ့Offနဲ့Canအိမ်ပြန်လာကြသည်။
သို့ပေမယ့်အိမ်ရောက်တော့လည်းGunရှိမနေ။
....
Gunစိတ်ညစ်ညစ်နဲ့Gameထိုင်ဆော့နေတာဘယ်လောက်ကြာသွားမှန်းမသိ။
နာရီကိုကြည့်လိုက်တော့8နာရီကိုညွှန်ပြနေသည်။
Gunလည်းNewကိုနှုတ်ဆတ်ပြီးအိမ်ပြန်လာခဲ့သည်။
လမ်းကိုမလျှောက်ချင်လျှောက်ချင်နဲ့လျှောက်လာနေတုံး
ရှေ့ကပိတ်ရပ်လာတဲ့ကားတစ်စီး
ကားမီးရောင်ကမျက်လုံးကိုဆူးနေတာကြောင့်
သူ့ဆီကိုလျှောက်လာသောသူကိုသေချာမမြင်ရ
"Gunမင်းဘယ်တွေလျှောက်သွားနေတာလဲ"
Gunရှေ့ကိုရောက်လာသူမှOff
"Papi"
"ငါမင်းကိုညနေကထဲကလိုက်ရှာနေတာမင်းဘယ်တွေသွားနေတာလဲ"
"ကျနော်Newနဲ့ရှိနေတာ"
"ဒါဆိုလည်းဖုန်းလေးတော့ကိုင်သင့်တယ်လေငါ့မှာဘယ်လောက်စိတ်ပူလိုက်ရလဲသိလား"
"ကျနော့်ဖုန်းကအားကုန်သွားလို့"
"ဟုတ်ပြီGunကားပေါ်တတ်တော့မင်းကိုCanအိမ်မှာစောင့်နေတယ်"
"ဟုတ်"
Papiမပြောဘူးနော်ကျနော့်ကိုလိမ်ရတဲ့အကြောင်းကိုတော့
Papiမသိဘူးနော်ကျနော်အိမ်မပြန်ချင်တဲ့အကြောင်းကို
ကျနော်ကတော့သိတယ်Papi
PapiရောP'canရောကျနော့်ကိုလိမ်တာကို
ဒါပေမယ့်ကျနော့်ကိုလိမ်ရတဲ့အကြောင်းရင်းကျနော်မမေးပါဘူးအဲ့တာကျနော်Papiယုံလို့ပဲ
ကျနော်ကPapiကိုသိပ်ချစ်ရတာလေ
ဒါလည်းpapiမသိပါဘူး
ဘာပဲဖြစ်ဖြစ်ကျနော့်ကိုစိတ်ပူပေးလို့ကျေးဇူးပါPapi..

Love Poison(completed)Where stories live. Discover now