Canမျက်လုံးအဝိုင်းသားနှင့်အခြားစာမျက်နှာတွေကိုလှန်ကြည့်လိုက်တော့
Papiဒီနေ့အရမ်းကြည့်ကောင်းတာပဲ
Gunနှလုံးသားကိုအပိုင်သိမ်းထားနိုင်သူကြီး
အရမ်းချစ်တယ်
...
Papi...ဒီနေ့papiကိုစောင့်နေခဲ့တယ်
Papiနဲ့P'canကကျနော့်ကိုလိမ်ခဲ့တယ်
ကျနော်အရမ်းဝမ်းနည်းတာပဲPapi
ပြီးတော့ချစ်တယ်နော်...
..
Canစာအုပ်ကိုအမြန်ပိတ်လိုက်သည်။
ဒါဟာတကယ်လား??အိမ်မက်ဖြစ်လိုက်ပါ။တကယ်မယုံနိုင်လို့ပါ။Gunကoffကိုချစ်နေသည်တဲ့လား။ဘယ်အချိန်ကတည်းကလည်းကလေးရယ်။ဘယ်အချိနိကတည်းကချစ်နေမိတာလဲ။
.Ti...Ti...
Gunဖုန်းတုန်ခါလာတာကြောင့်Canကိုင်လိုက်သည်။
"Gunမင်းဘယ်ရောက်နေတာလဲဟမ်....မနေ့ညကလည်းတစ်ညလုံးဖုန်းမကိုင်ဘူးငါတောက်လျောက်ဆက်နေတာ..မင်းမနေ့ညကအိမ်ပြန်ရောက်လား..p'offရောက်မလာဘူးမလားမင်းဆီကိုငါမနေ့ကလာသေးတယ်ဒါပေမယ့်မင်းအဲ့ဆိုင်မှာမရှိတော့ဘူး..မင်းဘာတွေဖြစ်နေတာလဲ..."
Newတစ်ယောက်သူငယ်ချင်းကိုစိတ်ပူပြီးမနားတမ်းပြောနေသည်။
"N'new"
"ဟင်...Gunမဟုတ်ဘူးလား"
"Newမနေ့ညကကိစ္စP'ကိုအားလုံးပြောပြနိုင်မလား"
"P'can..အဲ့ဒါကလေ.....ထားလိုက်ပါGunရောဟင်"
"New p'ကိုဖုန်းကွယ်မနေနဲ့တော့P'အားလုံးသိပြီးပြီ"
"ဗျာ..."
"Gun က offကိုချစ်နေတာမလား p'သိပြီးပြီသူမနေ့ကဘာတွေဖြစ်ခဲ့လည်း"
Newသက်ပြင်းချသံကိုcanဖုန်းထဲကကြားလိုက်ရသည်။
"မနေ့ကGun papiနဲ့ချိန်းခဲ့တယ်သူ့မွေးအတွက်Gunပြင်ဆင်ပေးထားခဲ့တာသူမနေ့ကအရမ်းကိုမျှော်လင့်ထားခဲ့တာဒါပေမယ့်papiရောက်မလာခဲ့ဘူးကျနော်အဲ့ဆိုင်ကိုလိုက်သွားတော့သူမရှိတော့ဘူးပြင်ဆင်ထားတာတွေကလည်းဒီအတိုင်းပဲသူ့ကိုဖုန်းဆက်တော့လည်းမကိုင်ဘူးသူမနေ့ကအိမ်ပြန်လာလားP"
"ဟင့်အင်း..မနေ့ညကArmကသူ့ဆီမှာGunအိပ်နေတယ်မနက်မှလာခေါ်ပါဆိုပြီးဖုန်းဆက်ပြောခဲ့တာအခုသူအရမ်းဖျားနေတာ"
"ဖျားနေတယ်....မဟုတ်မှသူမနေ့ညကမိုးရွာထဲမှာ..."
"N'newပြောချင်တာကသူမနေ့ညကမိုးရွာထဲလျှောက်သွားခဲ့တယ်လို့လား"
"သူငိုနေခဲ့တာ...ဟုတ်မှာပါသူမိုးရွာထဲမှာငိုနေလို့နေမှာ
သူကPapiကိုသိပ်ချစ်တာလေ..p'canဒါပဲနော်ကျနော်ခနနေရင်gunဆီလာခဲ့မယ်"
Canဖုန်းကိုချလိုက်ပြီးNewပြောသောစကားတစ်ခွန်းကိုနားထဲထပ်တလဲလဲကြားနေမိသည်..
သူကpapiကိုသိပ်ချစ်တာလေ
ဟုတ်တယ်gunဟာအချစ်ကြီးတဲ့ကောင်လေး
အစွဲလမ်းကြီးလွန်းတဲ့ကောင်လေးပါ
သူOffကိုအရမ်းခင်တွယ်တာ
သူအရမ်းလည်းချစ်ရမှာ
ကလေးငယ်ဘာတွေများခံစားနေရလဲ
ကလေးငယ်ဘယ်လောက်များနာကျဉ်နေရလိမ့်မလဲ
ဘာလုပ်ရမလဲ??ငါဘာလုပ်ရမလဲ..ငါoffကိုလက်လွတ်သင့်တယ်မလား။ငါအတွက်ထက်Gunကပိုအရေးကြီးတယ်မလား။ထိုကလေးငယ်ကအရမ်းအားငယ်တတ်တာ။
ဟုတ်တယ်ငါoffနဲ့လမ်းခွဲရမယ်။
ငါနင့်ကိုချစ်ပါတယ်...
ဒါပေမယ့်ငါN'gunကိုပဲဦးစားပေးချင်တယ်Off..
...
ညနေရောက်တော့gunဆီnewရောက်လာသည်။
"Gun...သက်သာလား"
"အင်းသက်သာပါတယ်"
"မနေ့ညကငါစိတ်ပူနေခဲ့ရတာ"
Gunပြုံးရုံသာပြုံးပြလိုက်သည်
"မင်းမနေ့ညကမိုးရေထဲငိုနေခဲ့တယ်မလား"
"အင်း"
"ဘယ်လိုလုပ်ပြီးP'armဆီရောက်သွားရပြန်တာလဲ"
"မနေ့ကငါမေ့လဲသွားတာအဲ့တာp'armခေါ်သွားပေးခဲ့တာ"
"မင်းအရမ်းရူးတာပဲကိုယ့်ကျန်းမာရေးကိုကိုယ်ဂရုစိုက်သင့်တယ်"
"ဟုတ်တယ်နော်ငါကအရမ်းရူးတာပဲသူ့ကိုချစ်မိလို့"
"ငါအဲ့လိုပြောချင်တာမဟုတ်ဘူး"
"တကယ်ဆိုငါကမွေးဖွားမလာခဲ့သင့်ဘူးအဲ့တာဆိုငါကလည်းအဲ့လူသားကိုချစ်မိမှာမဟုတ်ဘူး"
"အဲ့လိုမဟုတ်ပါဘူးမင်းသူ့ကိုချစ်မိတာမင်းအပြစ်မဟုတ်ဘူး"
".မချစ်သင့်တယ်လူကိုချစ်မိတာငါ့အပြစ်ပဲပေါ့သူကP'canနဲ့လိုက်ပါတယ်..ငါသူ့ကိုမချစ်နိုင်တော့ရင်ကောင်းမယ်ငါသူ့ကိုမုန်းလိုက်ချင်တယ်ငါ့အတွက်မဟုတ်တဲ့သူ့ကိုငါဆက်ပြီးမျှော်လင့်မနေချင်တော့ဘူးငါအရမ်းပင်ပန်းတယ်အရမ်းလည်းနာကျဉ်ရတယ်"
"ဒါပေမယ့်မင်းမုန်းလို့မရခဲ့ဘူးမလား"
"ဟုတ်တယ်ငါသူ့ကိုငါ့ဘဝတစ်ခုလုံးနဲ့ရင်းပြီးချစ်ခဲ့မိပြီးပြီ
သူ့ကိုမုန်းလိုက်ဖို့ဆိုတာငါ့အတွက်အရမ်းခက်ခဲသွားပြီ
Papiဆိုတဲ့နာမ်စားလေးတစ်ခုကငါ့ရင်ထဲမှာနက်နက်ရှိုင်းရှိုင်းနေရာယူနေပြီးသွားပြီ"
ခွမ်း......
အသံလာရာကိုကြည့်လိုက်တော့တံခါးနားမှာရပ်နေတဲ့Papi
ခုနအသံကဖန်ခွက်လေးကျကွဲသံ
"Papi"
Offလှည့်တောင်မကြည့်ဘဲထွက်သွားသည်
Gunလည်းကုတင်ပေါ်ကဆင်းပြီးoffနောက်လိုက်မိသည်
အာ့....
ဖန်စလေးမှားအားမမြင်ဘဲတတ်နင်းမိသွားသည့်Gun
Gunခြေထောက်မှကျလာသောသွေးများကိုလျစ်လျူပြီးoffနောက်လိုက်မယ်လုပ်တော့နောက်ကလာဆွဲသည့်new
"လိုက်မသွားနဲ့Gunမင်းကနေကောင်းတာမဟုတ်ဘူးပြီးတော့မင်းခြေထောက်"
"ဒါပေမယ့်Papi.."
"ထားလိုက်ပါသူသိသွားတော့ကောင်းတာပေါ့မင်းအရင်လိုသူ့ကိုချစ်တဲ့အချစ်တွေကိုဖုန်းကွယ်နေစရာမလိုတော့ဘူး"
Gunမျက်ရည်တွေဆက်ကျလာပြန်ပြီ
မကြိုက်ပါဒီမျက်ရည်တွေနဲ့ဒီလိုခံစားချက်ကြီးကို
"ဟုတ်တာပေါ့ငါသူ့ရှေ့မှာသူ့ကိုချစ်ကြောင်းပြောလို့ရတာပေါ့အရင်ကလိုမြိုသိပ်ထားတာထက်သူသိတော့ပိုကောင်းတာပေါ့ဒါပေမယ့်သူငါ့ကိုမုန်းမသွားပါစေနဲ့လို့ငါဆုတောင်းတယ်"
..
Offပြေးထွက်လာပြီးအိမ်ရှေ့ရောက်တော့Canနဲ့တွေ့သည်
"Can...gunကလေငါ့ကို"
"ငါတို့လမ်းခွဲရအောင်"
"ဟမ်....canဘာပြောတာလဲ"
"လမ်းခွဲရအောင်လို့ငါနင့်ကိုမချစ်ဘူး"
"မလိမ်နဲ့canနင်ငါ့ကိုဘာလို့လမ်းခွဲချင်လဲဆိုတာငါသိတယ်နော်Gunကြောင့်မလား"
"မဟုတ်ဘူး..."
"အေးGunကြောင့်ဆိုငါနင်နဲ့လုံးဝလမ်းမခွဲပေးနိုင်ဘူး"
"ငါတောင်းပန်ပါတယ်
ငါတို့လမ်းခွဲရအောင်
ငါနင့်ကိုမချစ်ဘူး
နင့်ကိုအရမ်းချစ်တဲ့Gunဆီပဲနင်သွားပါတော့"
"မသွားဘူးငါသူ့ကိုမချစ်ဘူးငါချစ်တာနင်"
"ငါနင့်ကိုမချစ်ဘူးလို့နင်နဲ့ငါဇာတ်လမ်းပြီးပြီ"
"နင်တကယ်ပြောတာလား"
"ဟုတ်တယ်နင်Gunဆီသွားတော့"
"Ok..ငါနင့်ကိုလမ်းခွဲပေးမယ်ဒါပေမယ့်ငါGunဆီကိုဘယ်တော့မှသွားမှာမဟုတ်ဘူးနင့်ကိုချစ်လို့ငါလမ်းခွဲပေးလိုက်မယ်can..Gunကိုပြောလိုက်ငါသူ့ကိုလုံးဝပြန်မချစ်နိုင်ဘူးလို့"
....
YOU ARE READING
Love Poison(completed)
Fanfictionမင်းကြောင့်Canသေခဲ့ရတာ မင်းကိုငါလုံးဝခွင့်မလွှတ်ဘူး Gun အဲ့အတွက်မင်းငါ့ကိုပြန်ပေးဆပ်ရမယ် Off Papiကိုကျနော်ကအရမ်းချစ်တာ Papiကျနော့်ဘက်ကိုတစ်ချက်လောက်ဘဲလှည့်ကြည့်ပေးပါလား papiကျနော့်အချစ်တွေကိုမမ...
