အပိုင္း-၅

1.5K 116 4
                                    

Gun မျက်လုံးနှစ်ဖက်ကိုအားယူပြီးဖွင့်လိုက်သည်။
ပထမဆုံးမြင်ရသည်ကအဖြူရောက်မျက်နှာကျပ်တစ်ခု။
"N'gunနိုးပြီလား"
"P'arm"
Gun ထ ထိုင်လိုက်ပြီး
"P'arm ကျနော်ဒါဘယ်ရောက်နေတာလည်း"
"N'gunကp'အိမ်ရောက်နေတာလေ"
"P'အိမ်??"
"N'gunမမှတ်မိတော့ဘူးလားN'gunမနေ့ညကမိုးရေထဲမှာငိုနေခဲ့တာလေP'ကလည်းအပြင်ကပြန်လာတာN'gunကိုတွေ့လို့ခေါ်မလို့ဘဲN'gunကမေ့လဲသွားတယ်တကိုယ်လုံးလည်းအေးစက်နေတာပဲဒါကြောင့်P'အိမ်ခေါ်လာတာပြီးတော့Offကိုလည်းဖုန်းဆက်ထားတယ်သူလာခေါ်လိမ့်မယ်မကြာခင်"
"ကျေးဇူးပါp'arm"
"N'gun..မနေ့ကဘာဖြစ်တာလဲp'ကိုပြောပြနိုင်မလား"
Gunမျက်နှာပျက်သွားမိသည်။p'armကြောင့်တော့မဟုတ်။
သူ့ရင်ထဲကထိုကိစ္စကိုသတိရတိုင်းတဆစ်ဆစ်နဲ့နာလာလို့။
"N'gunအဆင်မပြေလည်းမပြောပြပါနဲ့"
"ရပါတယ်ကျနော်ပြောပြပါ့မယ်...ကျနော်မနေ့ကတစ်နေ့လုံးpapiကိုစောင့်နေခဲ့တာ....သူကလာမယ်လို့ပြောခဲ့လို့ဒါပေမယ့်သူမလာခဲ့ဘူးသူp'canနဲ့ပဲအတူရှိနေခဲ့တာ....ကျနော်သူ့အတွက်လုပ်ပေးခဲ့တာတွေအကုန်လုံးဘာတစ်ခုမှအသုံးမဝင်ခဲ့တော့ဘူး....ပြီးတော့သူနဲ့p'canကချစ်သူတွေတဲ့..."
Gunပြောရင်းကျလာသောမျက်ရည်တွေကိုသုတ်လိုက်သည်။သို့ပေမယ့်အရာမဝင်ဆက်လက်ကျဆင်းလာသောမျက်ရည်စက်များ...
"N'gunကoffကိုကြိုက်နေလို့လား"
"ဟင့်အင့်ချစ်တာ..ကျနော်ကသူ့ကိုချစ်နေမိတာ"
"N'gun...offနဲ့Canနဲ့က..."
"ကျနော်သိတယ်P'ဒါပေမယ့်ကျနော်ခုထိလက်မခံနိုင်သေးဘူးP'arm"
"N'gunအရမ်းနာကျဉ်မှာပဲ"
"ဟုတ်တယ်P'armကျနော်အရမ်းနာကျဉ်တယ်ကျနော်သူ့ကိုမချစ်ခဲ့ရင်ကောင်းမယ်"
"တနေ့နေ့တော့သူN'gunရဲ့အချစ်တွေကိုမြင်လာနိုင်မှာပါ
ငိုမနေပါနဲ့တော့N'gunကလေးလေးကျနေတာပဲခနနေရင်offလာခေါ်တော့မှာN'gunကငိုနေရင်သူကမရရအောင်မေးတော့မှာမငိုနဲ့တော့နော်"
"Ka"
"မငိုပါနဲ့တော့ဆိုမှဒီမျက်ရည်လေးတွေကပိုကျလာသေးတယ်လာP'သုတ်ပေးမယ်"
Gunရဲ့မျက်ရည်လေးတွေကိုလက်လေးနဲ့အသာသုတ်ပေးတော့ပြုံးပြလာသူကလေးငယ်
မကြာခင်Offရောက်လာတယ်
"Gunမင်းကဘာလို့Armဆီရောက်နေတာလဲ??"
Gunပြန်မဖြေပဲကားနောက်ခန်းထဲမှာဝင်ထိုင်လိုက်သည်
"သူမနေ့ကငါနဲ့အတူလျှောက်သွားတာနောက်ကျမှပြန်ရောက်တာနဲ့ငါ့ဆီမှာပဲသိပ်လိုက်တယ်"
Armကဝင်ဖြေပေးတော့Offကမျက်နှာပျက်သွားပြီး
"မင်းနဲ့Gunကဘယ်တုံးကအဲ့လောက်ရင်းနှီးသွားရတာလဲ"
"အော်ဒါက..သူကCanမောင်လေးလေအဲ့တော့ငါ့ညီလေးပဲပေါ့ဘာလို့လဲ"
"ဘာမှမဟုတ်ပါဘူးငါသွားပြီ"
"Ok"
Armကားနောက်ခန်းကGunကိုကြည့်လိုက်ပြီး
"N'gun တစ်ခုခုခံစားရရင်P'ကိုအချိန်မရွေးပြောလို့ရတယ်နော်bye"
"ကျေးဇူးပါP'arm bye byeနော်"
Off..သူ့ကိုကျအရေးမလုပ်ဘဲArmကိုကျပြုံးပြီးစကားတွေပြောနေတဲ့gunကြောင့်စိတ်တိုတိုနဲ့မောင်းထွက်လာခဲ့သည်။
ကားပေါ်မှာဘာမှမပြောဘဲတိတ်ဆိတ်နေတဲ့Gun
ပုံမှန်ဆိုစကားတအားပြောတတ်တဲ့ကလေးကဒီနေ့တော့တိတ်ဆိတ်နေတယ်
"Gun ငါ့ကိုတစ်ခုခုမပြောတော့ဘူးလား"
"Papiကဘာပြောစေချင်တာလဲ"
"မနေ့ကကိုယ်တောင်းပန်ပါတယ်"
"မလိုပါဘူးတကယ်တော့ကျနော်လည်းP'armနဲ့ရှိနေခဲ့တာpapiကိုစောင့်မနေခဲ့ဘူး"
"တော်ပါသေးတယ်ကိုယ်ကမင်းစောင့်နေမယ်ထင်ခဲ့တာ"
"ကျနော်အိပ်ချင်ပြီစကားမပြောချင်တော့ဘူး"
"ဟုတ်ပြီကိုယ်မင်းကိုဘာမှမပြောတော့ဘူး"
ကျနော့်ရဲ့ပထမဆုံးမုသားစကား..
ကျနော့်ရဲ့ပထမဆုံးတိတ်ဆိတ်နေမှု..
ကျနော့်ရဲ့ပထမဆုံးအချစ်...
ကျနော့်ရဲ့ပထမဆုံးနာကျဉ်မှု...
ကျနော့်ရဲ့ပထမဆုံးမျက်ရည်...
အားလုံးဟာpapiကြောင့်ပဲ
ကျနော့်ရဲ့ဖြစ်တည်မှုဟာpapiဆိုတဲ့လူသားတစ်ဦးကြောင့်ပဲ
Papiမှာpapiချစ်တဲ့သူဘယ်နှစ်ယောက်ရှိလဲကျနော်မသိဘူး
ကျနော်သိတာpapiကတော့ကျနော့်ရဲ့တစ်ဦးတည်းသောချစ်ရသူဆိုတာပဲ...

Love Poison(completed)Where stories live. Discover now