You're my everything
Part _ 5"Seungri ya table8 က black coffee မှာထားတယ် နော် "
"ဟုတ်ကဲ့ မန်နေဂျာကြီး" ညရောက်လာတော့ coffee ဆိုင်က လူအဝင်အထွက်ပိုများလာတယ် ထိုင်ဖို့အချိန်မရှိ လောက်အောင် အလုပ်များနေကြတယ်
ထိုအချိန်တွင်xxxxxxxxx calling 📞📞📞
Seungri. ဖုန်းကို ဖုန်းနံပါတ် အသစ်တစ်ခုဝင်လာတယ်" ဟဲလို Lee Seungri ပါ "
" ချာတိတ် ကိုယ်ပါ ဘာလုပ်နေလဲ "
" ဟာ ဘယ်သူလဲဗျာ ခင်ဗျားကိုကျွန်တော်မသိဘူး" ပြောပြီး ဖုန်းချလိုကိတယ်
"အလုပ်တွေများရတဲ့အထဲကွာ ဘယ်သူကဖုန်းမှားဆက် တာလဲ မသိဘူး " Seungri တစ်ယောက်အလုပ်အရမ်းရှုပ် တော့ ဘာကိုမှမစဉ်းစားနိုင်ပဲ အလုပ်ကိုသာဆက်လုပ်နေတယ်
" ချာတိတ် ရယ် ကိုယ့်ကိုတောင်မမှတ်မိဘူးလားကွာ ညနေကမှ မင်းနဲ့လက်ဆွဲနှုတ်ဆက်ခဲ့တဲ့ Kwon Ji Yong လေကွာ"
Ji yong တစ်ယောက်ပြောရင်းဝမ်းနည်းလာတယ်Ji Yong စိတ်တွေမွန်းကြပ်လာပြီး ကားသော့ယူပြီး Dae ရဲ့ ကော်ဖီဆိုင်ကိုမောင်းထွက်လာခဲ့တယ်
"ချာတိတ်ရယ် မင်းဘာလို့ကိုယ့်ကို မမှတ်မိရတာလဲကွာ ကိုယ် မင်းကိုအရမ်းလွမ်းလို့ မင်းအသံလေးကို ကြားချင် လို့ ကိုယ်ဖုန်းဆက်တာလေကွာ" Ji yong ပြောရင်းနဲ့ ကားကိုပိုပြီးအရှိန်ပြင်းပြင်းမောင်းလာလိုက်တယ်
အမှန်က Ri ကမမှတ်မိတာထက် အလုပ်အရမ်းများတဲ့ချိန် ကို Ji yong ကဖုန်းခေါ်တော့ပြီးပြီးရောပြောလိုက်ခြင်းသာ
"ဟာ ဆယ်နာရီတောင်ခွဲတော့မှာပဲ ဆိုင်ပိတ်ကြစို့ "
"ဟုတ်ကဲ့ သူဌေး "
Seungri တစ်ယောက် ဆိုင်ရှေ့မှာထောင်ထားတဲ့ဆိုင်း ဘုတ်လေးကို သိမ်းဖို့ ဆိုင်ပြင်သို့ထွက်ပြီး ဆိုင်ဘုတ်ဖြုတ် နေတုန်း
"ချာတိတ်! ! " ဆိုပြီးနောက်ကနေ ဒေါသတကြီးနဲ့ ခေါ်လိုက်တဲ့အသံကိုကြားလို့ လှည့်ကြည့်လိုက်တော့
" ဟင် လူကြီးမင်း ဒီအချိန်ကြီး ဘာကိစ္စရှိလို့လဲ ဆိုင်က ပိတ်လိုက် " Ri စကားမဆုံးခင်မှာ ji yong တစ်ယောက် Ri လက်မောင်နှစ်ဖက်ကို ကိုင်ပြီး