You're My Everything
Part-13မနက်နိုးလာတော့ ရင်ခွင်ထဲမှာ နွေးနေလို့
ငုံ့ကြည့်လိုက်တော့
ကွေးကွေးလေး အိပ်နေတဲ့ ချာတိတ်။~ ဟား... ချာတိတ်ရယ်။
ဖြူဖွေးနုဥနေတာပဲ၊ နှုတ်ခမ်းလေးကလည်းဖူးလို့ငါ ဒီချိန် ခိုးနမ်းလိုက်ရင် မသိလောက်ပုရယ်။
နှုတ်ခမ်းသားနွေးနွေးလေးကို အသာလေး
ထိရုံလေး နမ်းလိုက်တယ်။~ ချာတိတ် ခုချိန်က စပြီး မင်း နှုတ်ခမ်းလေးကို
ကိုယ်ပိုင်တယ်နော်။ဖက်ပြီးခွထားတာမို့ အသာလေး ဖယ်လိုက်ပြီး
ရေချိုးခန်းထဲဝင်လိုက်တယ်။~ တနေ့တာက လန်းဆန်းမှုအပြည့်နဲပါလား
ချာတိတ်ရယ်။ မင်းရှိရင် ပြည့်စုံပါပြီ။အမှန်တော့
Seungri အမြဲတမ်း အိပ်ရာစောစောထ
တတ်သူမို့ အစောကြီးနိုးနေပေမယ့်~ CEO.. အဲ့လေ Hyung က မနိုးသေးပါ့လား
အိပ်ပျော်နေတဲ့ မျက်နှာလေးကိုက ချောလိုက် တာနော်။ ဘယ်ဘဝက ဆုတောင်းတွေများလဲ
နှာတံလေးနဲ့ ပါးရိုးလေးက ယောကျာ်းပီသ လိုက်တာ။ငါ့လို ပြည့်ပြည့်ဖောင်းဖောင်းကြီး မဟုတ်တော့ ကြည့်ကောင်းနေတာပဲ။
ကျွန်တော်လေ အခု ရင်ခုန်နေတယ်သိလား။
Hyung ရင်ခွင်ထဲမှာ အိပ်ရတာ အရမ်းကို..
အရမ်း...အရမ်း ကို ကြိုက်တာပဲ။ကျွန်တော်သာ ယောကျာ်းချင်း ရင်ခုန်တတ်တာ သိရင် Hyung များ ကျွန်တော့ကို အထင်သေး သွားမလား။
Hyung မသိခင်လေး ခဏတော့
ဒီရင်ခွင်လေးမှာ နည်းနည်းလေးထပ်အိပ်ချင် တယ်။ခဏနေတော့ Hyung လှုပ်လာတယ်။
အယ်.... နိုးနေတာကို မထသေးပဲ ဘာလုပ်နေ တာပါလိမ့်။နှုတ်ခမ်းလေးမှာ အိ ကနဲ။
ဒါ..ဒါ ဘာလုပ်လိုက်တာလဲ။ Hyung...
Hyung က ငါ့ကိုနမ်းလိုက်တာလား။ရေချိုးခန်းတံခါးပိတ်သွားတော့မှ ကုတင်ပေါ်
ငုတ်တုတ်ထထိုင်ပြီး စဉ်းစားနေမိတယ်။