You're my everything
Part _ 1
မနက်စောစောနားထဲကျယ်လောင်စွာကြားလိုက်ရတဲ့အသံ 'အိုပါး အိုပါး မြန်မြန်ထ ထပါဆို' Ri မျက်လုံးမပွင့်တပွင့်နဲ့ ကြည့်လိုက်တော့ ကျောင်းသွားဖို့ မုန့်ဖိုးယူဖို့အတင်းနှိုးပြီး တောင်းနေတဲ့ Ri ညီမလေး Minzy.
Minzy_ အိုပါး အိုးပါး ထတော့ မြန်မြန်ထပါဆို သူ့ကိုနှိုးရ တာနဲ့တင် ကျောင်းနောက်ကျတော့မယ် အိုပါး!!ထပါဆို
Ri _ Minzy ya ဘာလို့အဲ့လောက်တောင်အော်နေရတာလဲ ပြော ဘာပြောစရာရှိလို့လဲ????
Minzy_ ညီမလေးကျောင်းသွားတော့မှာ အဲ့တာမုန့်ဖိုးယူမ လို့ အိုပါးကို နှိုးနေတာလေ ထပါနော်..
Ri _ Minzy ya အိုပါးက တစ်ညလုံးအလုပ်လုပ်ထားရ လို့ ပင်ပန်းပြီးအိပ်နေတာသိရဲ့နဲ့ အဲ့လောက်အော်နှိုးနေရ လားကွာ တစ်ရက်လောက်မုန့်ဖိုးမယူပဲသွားပါလား.
Minzy _ မရဘူး မရဘူး အိုပါး ပေးပါနော် ပေးမုန့်ဖိုးပေး မပေးရင် အော်ငိုမှာနော် ပေးပါ အိုပါးကလည်း Ri မကြား သလိုလုပ်ပြီးဆက်အိပ်နေပါလေရော. သူ့နောက်မှာ တဟင့်ဟင့်နဲ့ငိုနေတဲ့ သူ့ညီမလေးရဲ့ အသံလည်းကြားရော
"အောင်မလေးကွာ မုန့်ဖိုးလေးမပေးတာကို ငိုနေလိုက်တာ များကွာ ကလေးလေးကျနေတာပဲ လူကဖြင့် အထက်တန်း ကျောင်းသူဖြစ်နေပြီ မရှက်ဘူးလား" လို့ minzy ခေါင်း လေးကို ကိုင်ရင်းပြောလိုက်တယ်.
" မရှက်ပါဘူး အိုပါးက မပေးပဲ စိတ်ပုပ်နေတဲ့ဟာကို" အင်းပါကွာ ဟုတ်ပါပြီ ငိုမနေနဲ့တော့ သွား အိုပါးအံဆွဲထဲ က ပိုက်ဆံအိတ်ယူပေး "ရော့_ မုန့်ဖိုး စာလည်းကြိုးစား သင်နော်" "ဟုတ်ကဲ့ အိုပါး ဒါဆို ညီမလေး ကျောင်းသွား တော့မယ်"ဆိုပြီး Ri ကို ဖက်ပြီးနှုတ်ဆက်ကာ အခန်းထဲက နေခုန်ပေါက်ပြေးထွက်သွားတဲ့သူ့ညီမလေးကိုကြည့်ပြီး "အခုထိကိုကလေးစိတ်မပျောက်သေးဘူး"ဟုပြောပြီး ပြုံး နေလေရဲ့ .........." ဟူးးး ပြန်အိပ်လို့လည်းရမှာမဟုတ်ဘူး" မျက်နှာသစ်ပြီး သူ့အဖေရဲ့ သစ်သီးဆိုင်သွားဖို့ဆုံးဖြတ် လိုက်တယ် မျက်နှာလည်းသစ်ပြီး ဗီဒိုလေးဖွင့်ကာ အပြာရောင် တီရှပ်လေး နဲ့ဂျင်းဘောင်ဘီ ဝတ်ကာ
" အမေ မနက်စာ ဘာထားခဲ့လည်းမသိဘူးဆိုပြီး" ထမင်းစားပွဲသို့သွားကြည့် "ဝါးး အမေက မနက်စာ ဂင်ဂျီ ထမင်းကြော်ပေးခဲ့တာပဲ ဆွဲပြီဟေ့" ဆိုပြီး မနက်စာစား သောက်ပြီး စက်ဘီးလေးထုတ်ကာ သူ့အဖေသစ်သီးဆိုင် အသွား လမ်းအကွေ့တစ်နေရာတွင် "ကျွီ!! ဒုန်း ဒုန်း ဒုန်း "
အရှိန်ဖြင့်မောင်းလာသော အနက်ရောင်ကားတစ်စီးဖြင့် တိုက်မိပြီး လူရောစက်ဘီးပါ လမ်းဘေးသို့ကျသွားသည်. ခြေထောက်တို့လက်တို့မှာလည်း ပွန်းပဲ့ကုန်ပြီးခေါင်း ပေါက်သွားသည်. ဒါပေမယ့် အရှိန်ဖြင့်မောင်းလာသော ကားသည် လုံးဝမရပ်ပဲ ဆက်ပြီးမောင်းသွားတယ်.Ri လေး ခွေခွေလေး လဲနေရာမှ ကုန်းရုန်းထပြီး"တောက်!! ဒီလူတော်တော်လူစိတ်မရှိတာပဲ သူ့ကြောင့် လူတစ်ယောက်လုံးဒီလောက်ထိဖြစ်သွားတာတောင် ခဏ လေးတောင်ဆင်းမကြည့်ပဲမောင်းထွက်သွားတယ် လူစိတ် မရှိတဲ့ လူယုတ်မာ"ဆိုပြီး ပြောပြောဆိုဆိုနဲ့ စက်ဘီးလေး တွန်းပြီး ထော့နဲ့ထော့နဲ့ နဲ့ သူ့အဖေဆိုင်ကိုသွားတယ်.
အရှိန်နဲ့မောင်းလာတဲ့ အနက်ရောင်ကားက Kwon Ji Yong ဆိုတဲ့လူ မောင်းလားသောကားဖြစ်သည်.