You're My Everything
Part-16" Hyung ကို ကျွန်တော့အိမ်ကို အလည်ခေါ်
မယ်။ ညီမလေးနဲ့ မိတ်ဆက်ပေးမယ် ပြီးတော့
မေမေ ချက်ကျွေးတဲ့ ဟင်းတွေစားမယ်။
Hyung သိလား.. မေမေကလေ အရမ်း
ဟင်းချက်ကောင်းတာ..Hyung လျှာလည်သွား မှာ သေချာတယ် "" ချာတိတ် မေမေက သဘောကောင်းလား "
" မေမေက ကျွန်တော်နဲ့ညီမလေးကို အရမ်း
ချစ်တာ၊ ကျွန်တော်တို့က ပိုက်ဆံသိပ်မရှိပေ မယ့် မေမေကလေ ကျွန်တော်တို့ကြိုက်တဲ့ဟင်း တွေဆို အမြဲချက်ကျွေးတာ၊ Hyung ကိုလည်း
ချစ်မှာပါ၊ မေမေက သဘောကောင်းတယ်လေJiyong သူ့အမေကို သတိရပြီး မျက်နှာပျက် သွားတယ်။
" Hyung ဘာဖြစ်တာလဲ "
" သြော်... ချာတိတ်မေမေနဲ့နေရတာ အရမ်း
ပျော်ဖို့ကောင်းမှာပဲနော်။ Hyung မေမေက တော့ သဘောမကောင်းဘူး ချာတိတ်ရဲ့
မေမေသာ Hyung တို့ချစ်နေမှန်းသိရင် တကယ့်ပြသနာပဲ "" ဘယ်လိုလုပ်ကြမလဲဟင်... ကျွန်တော့်ကို Hyungရဲ့မေမေက မုန်းနေတော့မှာပဲ "
" ဘာတွေပဲ ဖြစ်လာဖြစ်လာ Hyung က ချာတိတ်ကို ထားမသွားဘူးသိလား၊ ဒါပေမယ့် တကယ်လို့ Hyung မေမေက တခုခုလုပ်လိုက်ရင်
Hyung ကို မမုန်းပါနဲ့နော် ချာတိတ် "" Hyung ကလည်း.. ကျွန်တော်က ဘာလို့မုန်း ရမှာလဲ၊ တကယ်လို့ Hyung မေမေက ကျွန်တော့ကို ဆူရင်လည်း ကျွန်တော့ သည်းခံပါ့ မယ်။ Hyung ကိုဆူရင် ကျွန်တော့အိမ်လိုက်ခဲ့
ဟိုလေ.... တကယ်လို့ Hyung နေနိုင်မှပါ "" ချာတိတ်ရယ်.. Hyung ကို တကယ်ခေါ်ထား နိုင်လို့လား "
" ကျွန်တော်နဲ့နေရင်တော့ Hyung ကို Shopping mall တွေလည်းမပို့နိုင်ဘူး၊
ဈေးကြီးတဲ့အစားအစာတွေလည်း ဝယ်မကျွေးနိုင်ဘူး၊ ကားလည်းမရှိပါဘူး။ Hyung နေနိုင်မှ "" အင်းလေ .... Hyung က နေနိုင်တယ်ဆိုရင် ခေါ်ထားမှာ လားဟင် "
" ခေါ်ထားမှာပေါ့.. ဟီး "
" အဲ့လောက်ကို ချစ်နေပြီပေါ့လေ "
" အင်း.. အဲ့လောက်ကို ချစ်နေပြီ ဒီလူကြီးကို "
" အင်.. ချစ်တယ်ဆို လာခဲ့တော့... "
လက်တွေက ခါးကိုဖက်ပြီး မွေ့ရာပေါ် လှဲချ လိုက်တယ်။