You're my everything
Part _ 3Ji Yong မနက်စောစောအိပ်ယာထပြီး ရေချိုး အဝတ်အ စားလဲ ရုံးသွားဖို့ပြင်ဆင်ပြီး မနက်စာစားဖို့ဆင်းလာတယ်
ထမင်းစားခန်းထဲမှာ ရုပ်ရည်အားဖြင့်ချောပြီး ကျက်သရေရှိ ပြီး မျက်နှာကျောတင်းတင်း အမျိုးသမီးတစ်ယောက် မနက်စာစားနေသည်း ထိုသူသည် ji yong မေမေပင်Ji yong ဆင်းလာတာမြင်တော့ "လာ သားလာ
"အဒေါ်ကြီးရေ သားအတွက် မနက်စာပြင်ပေးလိုက် "
"ဟုတ်ကဲ့ပါ သူဌေး""သား မင်း ဂျယ်ဂျူကျွန်းမှာ ဟိုတယ်အသစ်ဖွင့်မလို့ဆို"
"ဟုတ်တယ်မေမေ ဂျယ်ဂျူ ကျွန်းက ခရီးသွားတွေအများ အပြားလာကြတော့ ဟိုတယ်လုပ်ငန်းက ပိုပြီးအဆင်ပြေတယ် "
"သူဌေးလေး ဒီမှာ မနက်စာ ရပါပြီ"
"အဒေါ်ကြီး ကျွန်တော်ဒီနေ့ကော်ဖီမသောက်ချင်ဘူး မနေ့က ကျွန်တော်ဝယ်လာတဲ့ လိမ္မော်သီးဖျော်ပေးပါ ကျွန်တော် ဖျော်ရည်ပဲသောက်မယ်" လိမ္မော်သီးအကြောင်းပြောရင်း မနေ့ကချာတိတ်လေးကို သတိရသွားပြီးပြုံးမိတယ်
"သား မေမေဆိုင်သွားတော့မယ် " ji yong အမေသည် ကိုရီးယားတွင်သာမက ဂျပန် တရုတ် စတဲ့နိုင်ငံတွေမှာ ကျောက်မျက်ရတနာဆိုင်တွေဖွင့်ထားတဲ့သူတစ်ယောက်
"ဟုတ် အမေ ကောင်းကောင်းသွားပါ" သူ့ကိုကျောခိုင်း သွားတဲ့ သူ့အမေကိုကြည့်ပြီး "အမေရယ် သားအတွက် အချိန်နည်းနည်းလေးတောင်မပေးနိုင်ဘူးလား သား ဘယ်လောက်အထီးကျန်နေလဲ အမေသိရဲ့လား"
"သူဌေးလေး ဒီမှာဖျော်ရည်ရပါပြီ ဘာခိုင်းစရာရှိသေးလဲ"
"မရှိတော့ဘူး အဒေါ်ကြီး လုပ်စရာရှိတာဆက်လုပ်ပါ"
"ဟုတ်ကဲ့ သူဌေးလေး "
Ji yong လိမ္မော်ရည်ခွက်ကို ကိုင်လိုက်ပြီး မနေ့ကချာတိတ်လေး မျက်နှာကိုမြင်ယောင်ပြီး"မင်းမျက်နှာလေးက အေးချမ်းလိုက်တာကွာ "ဆိုပြီးပြုံး ပြီးပြောလေရဲ့
ခဏနေတော့ TOP ရောက်လာပြီး "ရုံးသွားဖို့ကားအဆင် သင့်ဖြစ်ပါပြီ CEO" JI Yong ခေါင်းတစ်ချက်ညိမ့်ပြပြီး ကားအနောက်ခန်းထဲသို့ ဝင်ထိုင်လိုက်တယ်...