You're My Everything
Part-8" သား ဒီနေ့ပြန်လာတာ နောက်ကျတယ်နော် ဘယ်တွေသွားနေတာလဲ "
" Daesung တို့ ကော်ဖီဆိုင်ကို ခဏသွားတာပါ မေမေ သားကို စောင့်နေတာလား "
" ဂျယ်ဂျူကို ဟိုတယ်ကိစ္စ သွားမယ်ဆို ဘယ်လောက်ကြာမှာလဲ သား "
" တလလောက်တော့ ကြာမယ် မေမေ ဟိုမှာ အစအဆုံးမဟုတ်တောင် လုပ်ငန်းကိစ္စတွေကို သား ကိုယ်တိုင်ပြောမှရမှာမို့ "
" သား ဘယ်သူ့ကိုခေါ်သွားမှာလဲ Top ကိုလား "
" မဟုတ်ဘူး မေမေ ဒီတခေါက်က ဝန်ထမ်းအသစ်ခေါ်ထားတယ် သူလည်း လုပ်ငန်းအတွေ့ အကြုံရအောင် သူ့ကိုခေါ်သွားမလို့
Top ကိုကျ ဒီမှာ Park bom နဲ့ထားခဲ့မှာ "" Top ကို ထားခဲ့တာတော့ မေမေ သဘောတူပါတယ်။ ခေါ်သွားမယ့် ဝန်ထမ်းကအသစ် ဆိုတော့ သားကို မေမေ သိပ်စိတ်မချဘူး "
" အသစ်မဟုတ်ပါဘူး မေမေရဲ့ Daesung
ဆိုင်က ဝန်ထမ်းပါ သူကဘွဲ့ရပြီးသား လုပ်ငန်းလုပ်ချင်စိတ်လည်း ရှိတာ။ သူ အလုပ်လုပ်တာကို သား သဘောကျလို့ ခေါ်သွားမှာ "" ဟုတ်ပါပြီ သားရဲ့ လုပ်ငန်းနဲ့ပတ်သတ်တဲ့ ဆုံးဖြတ်ချက်ကိုတော့ မေမေ ယုံပါတယ်
ကဲ သွား ညစာစားလိုက်ဦး "" ဟုတ်ကဲ့ မေမေ "
Jiyong ရင်တွေတုန်လာတယ်။
အရင်က မေမေက အလုပ်ကိစ္စနဲ့ပတ်သတ်ပြီး သိပ်ပြီး ဝင်မပြောပါပဲ ခုကျမှ ထူးထူးဆန်းဆန်း ဟိုဟိုဒီဒီ မေးနေလို့ ပြောမိပြောရာတွေ ပြောခဲ့ရတယ်။
ညကျ အိမ်မက်ထဲမှာ ချာတိတ်က သူဝယ်ပေး တဲ့ အထုပ်တွေကို လွှင့်ပစ်နေလို့ နိုးလာတော့ စိတ်မကောင်းဖြစ်ရသေးတယ်။
" သြော် အိမ်မက်ထဲထိ စိုးမိုးနေတာလား ချာတိတ်ရယ် "
မနက်စာလည်း စားချင်စိတ်မရှိတာနဲ့ပဲ ဒီတိုင်း ထွက်လာလိုက်တယ်။
Jiyong ရုံးခန်းကိုရောက်တော့ Park Bom က
" ကော်ဖီ ယူခဲ့ပေးရမလား CEO "
" အွင်း ယူခဲ့ပေးပါ အတွင်းရေးမှူး Park "
" ဟုတ်ကဲ့ " ဒီနေ့မျက်နှာသိပ်မကြည်ပါလား လို့တောင် တွေးမိလိုက်တယ်။