You're My Everything
Part-10" ချာတိတ် လာလေ..မကြောက်ပါနဲ့..လာ "
" ဟုတ်...ဟုတ် "
လေယာဉ် တခါမှ မစီးဖူးတော့ နည်းနည်း တုန်တုန်ရီရီ ဖြစ်နေတာနဲ့ Jiyong ကပဲ လက်က ဆွဲခေါ်လာတယ်။
" ဒီမှာ မင်း ထိုင်ခုံ... ဒီဘက်ဘေးက ကိုယ်
ကိုယ် လေယာဉ်စစီးတုန်းကလည်း အဲ့လိုပဲ
ကိုယ်ကကျ ငယ်ငယ်လေးပဲရှိသေးတော့
ကြောက်ပြီး ငိုမိတော့မလို့ "Jiyong ကတော့ သူ့ကိုသူ သဘောကျပြီး ရယ် လိုက်ပေမယ့် Seungri ကတော့ ချွေးစေးတွေြ
ပြန်နေတယိ။ခဏနေတော့ လေယာဉ်ပြေးလမ်းကနေ
အပေါ်တက်လိုက်တဲ့အချိန်မှာ ရင်ထဲမှာ
ထိတ်ကနဲ ဖြစ်သွားပြီး Jiyong လက်ကို အားကိုးတကြီး ကိုင်ထားလိုက်မိတယ်။~ ချာတိတ် အရမ်းကြောက်နေရှာနေမယ်
ငါ့ လက်ကို ကိုင်ထားလိုက်တာများ....." ချာတိတ်... အရမ်းကြောက်နေလား "
" Yae.... CEO, ကျွန်တော် တောင်းပန်ပါတယ်
ကျွန်တော်က အမြင့်လည်းကြောက်တော့လေ "" ဘာကို တောင်းပန်နေရတာတုန်းကွာ...
မင်းလက်ကလေး ကိုယ်ကိုင်ထားပေးမယ်နော်
ဂျယ်ဂျူက ခဏလေးနဲ့ရောက်သွားမှာ
ရော့ ရေနည်းနည်းသောက်လိုက်ဦး "Kwon Jiyong တို့ ပွဲလန့်တုန်း ဖျာခင်းတတ်တာများ လက်လန်။
" ဟုတ်ကဲ့ CEO ..ကျေးဇူးတင်ပါတယ် "
" စိတ်အပြောင်းအလဲဖြစ်သွားအောင် သီချင်း လေးနားထောင်နေလိုက်လေ၊ ဒီမှာ အကုန်
နားထောင်လို့ရတယ်၊ ချာတိတ်နဲ့ ကိုယ်
နားကြပ်တဖက်စီ နားထောင်ရအောင်၊
အနောက်လေးကို မှီပြီး မျက်လုံးလေးမှိတ်ထား လိုက်၊ အဆင်ပြေသွားလိမ့်မယ် "သူ ခိုင်းသမျှ အကုန်လိုက်လုပ်နေတဲ့ Seungri ကို ကြည့်ပြီး ပြုံးမိတယ်။
~ ချာတိတ်ရယ် ဘာလို့မှန်းမသိဘူး၊ မင်းကို ဂရုစိုက်ပေးနေရတာကို စိတ်ချမ်းသာတယ်။
မင်းလိုအပ်တာတွေ ဖြည့်ဆည်းပေးနေရရင်
ကိုယ် အရမ်းပျော်တာပဲ။ခဏနေတော့
" မင်္ဂလာပါရှင် "
လေယာဉ်မယ်လေးက အပြုံးလေးနဲ့ လာနှုတ် ဆက်ပြီး