The Sky and the ground-9

545 56 5
                                    

မီး​တောက်​​တွေကြားမှာ ​အော်​​နေပင်​မဲ့ ဘယ်သူမှ
မကြားကြ။တဖြည်းဖြည်းများလာတဲ့မီးခိုး​ငွေ့ကြားမှာ စမ်းတ၀ါးဝါး​လျှောက်​သွားရင်း ​ခြေ​ချော်​ကာ
တောင်​​အောက်​သို့လိမ့်​ကျသွားသည်​။

"အား!!!!"

"​ဂျောင်​ဆူး...ဒို​ဂျောင်​ဆူးဘာဖြစ်​တာလဲ"

ကျွန်​​တော့်​ကိုစိုးရိမ်​စွာကြည့်​​နေတဲ့လူတစ်​​​ယောက်
အ​မှောင်​ထဲမှာ​တောင်​ သူ့မျက်​လုံးကစူးရှ..
လွန်းတယ်​။ ။ခပ်​တင်းတင်း​စေ့ထားတဲ့နှုတ်​ခမ်းမှာ
ချွေး​လေး​တွေကပ်​ငြိ​နေပြီး ဝင်​​လေထွက်​​လေက
ကျွန်​​တော့်​နားမှာ​ကြား​နေရသည်​။

"​ဂျောင်​ဆူး...ကိုယ့်​ကိုဘာလို့အဲ့လိုကြီး
ကြည့်​​နေတာလဲ"

သူ့ကဘယ်​သူလဲ??
ဘာလို့ငါကသူ့အခန်းထဲ​ရောက်​​နေတာလဲ?
သူနဲ့ငါက​ရောဘယ်​လိုပတ်​သတ်​​တာလဲ?
ခေါင်းထဲမှာအ​တွေးများစုံနဲ့ သူ့ကိုကြည့်​​နေမိ​တော့
သူကကျွန်​​တော်​မျက်​နှာကို လက်​နဲ့ထိ​တွေ့ရင်း
နှုတ်​ခမ်းကိုလာနမ်းသည်​။

"ဘာလုပ်​တာလဲ!!!"

ကျွန်​​တော်​​အော်​လိုက်​ရင်း သူ့အနားမှ​ပြေးထွက်​လာလိုက်​ပင်​မဲ့ အ​နောက်​က​နေလက်​ကိုလှမ်းဆွဲထားသူ...

"​ဂျောင်​ဆူးဘာဖြစ်​​နေတာလဲ?ကိုယ်​​လေ..
ကင်​ဂျုံအင်း​လေကွာ...အဲ့လိုမစပါနဲ့..ကိုယ်​ရှုးသွားလိမ့်​မယ်​..."

ကျွန်​​တော်​ကိုရင်​ခွင်​ထဲဆွဲဖက်​ပြီး မျက်​ရည်​များနဲ့
ပြော​နေတဲ့သူကိုကြည့်​ရင်း ပြန်​မြင်​လာတဲ့
အတိတ်​ပုံရိပ်​​တွေ...

ဂျုံအင်း....ကင်​ဂျုံအင်းဆိုတဲ့သူက
ငါအရမ်းချစ်​ရတဲ့ချစ်​သူ!!!

ဒါကိုငါဘာလို့​မေ့သွားတာလဲ???

"ဂျုံအင်း....ငါ​တောင်းပန်​ပါတယ်​!
ငါ...ငါဘာ​တွေဖြစ်​​နေမှန်းမသိဘူး!ခုနက​..အား!!"

"ဒို​ဂျောင်​ဆူး!!!"

လက်​ထဲကို​ခွေကျလာတဲ့ကိုယ်​​လေးကို​ကောက်
်​​ပွေ့ပြီး အ​ရေး​ပေါ်​ဆေးခန်းကို​ပြေးသွားလိုက်​ပင်​မဲ့
ပိတ်​ထားတာ​ကြောင့်​ ကြံရာမရဖြစ်​​နေတုန်းးး

The Sky and the Ground(Kaisoo Yaoi)Where stories live. Discover now