The Sky and the ground-5

567 72 3
                                    

"ဒို​ဂျောင်​ဆူးမင်းကိုဘယ်​သူလုပ်​တာလဲဟမ်​!"

ကျွန်​​တော်​​ဂျောင်​ဆူးပုခုံးကိုခပ်​ကြမ်းကြမ်း
လှုပ်​ကိုင်​ရင်း​မေးမိ​တော့သူက
မျက်​ရည်​​တွေစီးကျရင်း​ခေါင်းငုံသွားသည်​။

ကျစ်​....ဘာလို့အဲ့​လောက်​စိတ်​ကနုရတာလဲ?

ကျွန်​​တော်​သူ့​ခြေ​ထောက်​နားထိုင်​ချရင်း
သွေးထွက်​​နေတဲ့​နေရာကိုတစ်​ရှူးနဲ့
ခပ်​ပွပွပွတ်​​ပေး​လိုက်​သည်​။

"အိမ်​​ရောက်​ရင်​​ဆေးထည့်​ရမယ်​!လာ...​ကျော​ပေါ်တက်​"

"ဟင့်​အင်း"

"ဒို​ဂျောင်​ဆူးကိုယ်​မ​အော်​ချင်​ဘူး!!"

ပြောလိုက်​​တော့မှကုတ်​ကုတ်​​လေး
ကျော​ပေါ်တက်​လာသည်​။

ကျွန်​​တော်​သူ့ကိုအ​နောက်​က​နေဖက်​ထားရင်း
လမ်း​ဖြေး​ဖြေး​လျှောက်​​နေတုန်း
ကျွန်​​တော့်​ပါးနဲ့အိကျလာသည့်​ဆံသားနုနု..

"​ဂျောင်​ဆူးအိပ်​သွားပြီလား?"

"ဟင့်​အင်းးးးး"

အိပ်​ချင်​မူးတူးအသံ​လေးနဲ့ပြန်​​ဖြေ​နေပုံက
အသည်းယားစရာ~~~

ကျွန်​​တော်​ပုံမှန်​ထက်​မြန်​မြန်​​လျှောက်​ပြီး
အိမ်​​ရောက်​​ခါနီးမှ​အောက်​ကိုချပြီး
ပွေ့လိုက်​သည်​။

ဂျောင်​ဆူးက​တော့နှစ်​နှစ်​ခြိုက်​အိပ်​​ပျော်​​နေတာ
နှုတ်​ခမ်း​လေး​တောင်​​ထော်​​နေပြီ!!!

သူ့ဆံပင်​​လေးကိုသပ်တင်​​ပေးရင်း
အိပ်​ယာနားချေ​ပး​တော့
စောင်​ကိုမမှီတစ်​မှီဆွဲယူသည်​။

"​​ဟေး....နိုးပြီလား?"

"​စောင်​...​စောင်​​ပေး"

"အမ်​...​ရော့"

စောင်​ကို​ပေးလိုက်​​တော့​ခေါင်းအထိခြုံပြီး
ဟိုဘက်​လှည့်​သွားသည်​။

ဪ....ဒီ​ကောင်​​လေးအသက်​ရှုကြပ်​​တော့မှာပဲ~~~

ခေါင်းအထိခြုံထားသည့်
ိ​စောင်​​လေးကိုလည်​ပင်းအထိ
ဆွဲချ​ပေးရင်း​ပေါ်လာတဲ့ပါး​ဖောင်း​ဖောင်း​လေးကို
ကြည့်​ရင်းမ​နေနိုင်​​တော့တာမို့အသာ​လေး
ဖိကပ်​နမ်းမိသည်​။

The Sky and the Ground(Kaisoo Yaoi)Where stories live. Discover now