The Sky and the ground-8

560 64 4
                                    

အိမ်​အပြန်​လမ်းမှာမိုးဖွဲဖွဲ​လေးများရွာကျလာ​သော
ကြောင့်​ကျွန်​​တော့်​အ​နွေးထည်​ကို​ချွတ်​ပြီး
ဂျောင်​ဆူးကိုကခြုံ​ပေးလိုက်​သည်​။

"​ဂျောင်​ဆူးကိုယ်​တို့မိုးမသဲခင်​မြန်​မြန်​​ပြေးရ​အောင်​"

"အင်း"

လက်ေ​သး​သေး​လေးကိုတွဲ​ရင်းမိုးရွာထဲမှာ~~~
ပြေး​နေတဲ့ကျွန်​​တော်​တို့ကိုလူ​တွေကြည့်​​နေတာ
သိပင်​မဲ့!ဂရုမစိုက်​ပါ။ ။

အပြုံး​တွေကိုမဖုံးဖိနိုင်​​တော့သည်​အထိ
ကျွန်​​တော်​​ပျော်​​နေသည်​။

ချစ်​ရသူနဲ့ဒီလို​ပြေးခွင့်​ရတာ
ကျွန်​​တော့်​အတွက်​​တော့...
့ကံ​ကောင်းခြင်းဆုလာဘ်​တစ်​ခုပဲ!!

တီ...တီ....

အမှောင်​ထဲက​နေတိုးဝင်​လာတဲ့ကားမီး​ကြောင့်
ကျွန်​​တော်​လက်​နဲ့ကာလိုက်​ရင်း...
ဂျောင်​ဆူးကိုအ​နောက်​ပို့လိုက်​သည်​။

"ကျစ်​...ဘယ်​သူလဲ!!"

"Jongin!မင်းKim jonginမလား"

ကားအနက်​​ရောင်​က​နေသန့်​ပြန့်​စွာဆင်းလာတဲ့
လူကိုကျွန်​​တော်​​သေချာကြည့်​မိပင်​မဲ့
မမှတ်​မိ~~~

"ဂျုံအင်းသူကဘယ်​သူလဲဟင်​"

အ​နောက်​က​နေ​ကြောက်​​နေဟန်​ရှိတဲ့
ဂျောင်​ဆူးကိုရင်​ခွင်​ထဲထည့်​ဖက်​ထားရင်း
သွားဟန်​ပြင်​​တော့လက်​ကိုလှမ်းဆွဲလာသူ~~~

"မင်းကိုငါမသိဘူး!အထိုးမခံချင်​ရင်​သွားလိုက်
တော့"

"Jonginမင်းဘယ်​လိုဖြစ်​သွားတာလဲ!
ငါကို​တောင်​မမှတ်​မိ​တော့ဘူးလား!
ငါTaemin​လေမင်းသူငယ်​ချင်းအရင်းကြီး"

"T..Taemin"

ကားမီ​ရောင်​​ကြားကသူ့မျက်​နှာကို
ို​သေချာပြန်​ကြည့ှ်မှသိသလိုလို???
အာ...သူကကျွန်​တော့်​ငယ်​သူငယ်​ချင်း
Kim Taemin!!

"Yarr...Taeminမင်း​ချောလာလိုက်​တာကွာ!
ငါ​တောင်​မမှတ်​မိ​တော့ဘူး"

"ဟားဟား...မင်းလဲအရမ်းမိုက်​လာတယ်​Jongin"

ကျွန်​​တော်​နဲ့Taeminကငယ်​ငယ်​ကတည်းက
ပုခုံးဖက်​​ပေါင်းလာသူမို့သူများ​တွေထက်
အရမ်းရင်းနှီးသည်​။

The Sky and the Ground(Kaisoo Yaoi)Where stories live. Discover now