The Sky and the ground-14

239 27 2
                                    

(ZawGyi Ver)

ကျွန်​​တော့်​​ဘေးမှာ​ခန့်​ညားစွာအိပ်​​နေသည့်​ဂျုံအင်းရဲ့
မျက်​နှာကို​ငေးကြည့်​​နေမိသည်​။ နက်​​မှောင်​​နေသည့်
မျက်​ခုံး...စူးရှလွန်းတဲ့အကြည့်​နဲ့ညို့အားပြင်းလှသည့်
မျက်​လုံးညိုညို...​ဖြောင့်​စင်း​နေ​သောနှာ​ခေါင်း​လေး..
နှုတ်​ခမ်းထူထူတို့က​...ဆွဲ​ဆောင်​မှုရှိလှသည်​။ ။

"မောင်​ကအရမ်း​ချောတာပဲ"

ကြည့်​​နေရင်းရင်​ခုန်​သံ​တွေမြန်​လာရသည်​မို့ရဲ​နေတဲ့
ပါးနှစ်​ဖက်​ကိုဖုံးကွယ်​ရန်​ဂျုံအင်းရင်​ခွင်​ကျယ်​ကြီးထံ
တိုးဝင်​လိုက်​သည်​။ ။ဂျံ​အင်းလက်​နှစ်​ဖက်​ကလဲ
ကျ​နော့်​ခါးကိုပြန်​ဖက်​တွယ်​လာသဖြင့်​​မော့ကြည့်
လိုက်​​တော့နှုတ်​ခမ်းစွန်းများ​ကော့တက်​သည်​အထိ
ိပြုံးပြီးကြည့်​​နေသူ...

"နိုးပြီလားဂျုံအင်း"

"​ဂျောင်​ဆူးမနိုးခင်​ကတည်းက
နိုး​နေတာ"

လက်​ကို​ခေါင်းအုံး​နောက်​ပစ်​ရင်းကျွန်​​တော့်​ဆံပင်​ကို
ဖွကာဂျုံအင်း​​ကခပ်​ပြုံးပြုံး​ဖြင့်​​ပြောသည်​။ Aishiii
ဒါဆိုဂျုံအင်းကကျွန်​​တော်​ခိုးနမ်း​နေတာကိုသိ​နေတာ
ပေါ့!! ဘယ်​လိုအရှက်​ကွဲမှုပါလိမ့်​? မျက်​နှာချင်း
တောင်​ဆိုင်​ဖို့သတ္တိမရှိ​တော့~~~မျက်​နှာကလဲခုန
ကထက်​နှစ်​ဆ​လောက်​ပိုရဲ​နေမှာ​သေချာသည်​။

"​မောင်​လို့​ခေါ်ပါဦး"

နားနားသို့အသံသြရှရှဖြင့်​ကပ်​​ပြောတဲ့ဂျုံအင်းကို
စောင်​ထဲက​နေလက်​သီး​ထောင်​ပြလိုက်​သည်​။

"​ခေါ်ပါဆို...ကိုယ့်​အချစ်​ကလဲ"

"ဂျုံအင်း​နော်​!!"

စောင်​ပုံထဲက​နေ​ခေါင်း​လေးထွက်​လာတဲ့​ဂျောင်​ဆူးကို
ဂျုံအင်းအမိအရလိုက်​နမ်းလိုက်​​တော့ရုန်း​နေသည်​။ ။
အားချင်းမမျှ​သဖြင့်​ခဏအတွင်းမှာပဲ...​ဂျောင်​ဆူးက
ဂျုံအင်းလက်​ထဲပြန်​သွားသည်။ ​အချစ်​ပြည့်​နှက်​​ခဲ့
တဲ့ကုတင်​​လေးမှာ​နောက်​ထပ်​အချစ်​​တွေပြန်​အစပျိုးပြီး
လှပတဲ့မနက်​​ခင်း​လေးသည်​ကောင်​​လေးနှစ်​​​ယောက်
ရဲ့ချစ်​ခြင်းဖြင့်​ပိုမိုလှပ​နေ​တော့သည်​။

The Sky and the Ground(Kaisoo Yaoi)Where stories live. Discover now