(ZawGyi Ver)
"မရောက်သေးဘူးလားဂျုံအင်း
ကြာလိုက်တာ...ဝါး..""အိပ်ချင်ရင်ကိုယ့်ပုခုံးပေါ်မှီအိပ်လေ
ဂျောင်ဆူး""အင်း"
ဂျုံအင်းလက်မောင်းကိုမှီတွယ်ရင်းရေပြင်ကျယ်ကြီးကို
ကြည့်လိုက်သည်။ အပြာရောင်ပန်းချီကားလို
လှပလိုက်တာ...။ ။ထိုစဉ်တဘုတ်ဘုတ်ရွေ့နေတ
ဲ့သဘောင်္ကြီးကကျွန်တော်တို့နားဖြတ်သွားတာကြောင့်ရေစက်တို့စင်သွားသည်။ ဟန်နီမွန်းအဖြစ်ဂျုံအင်း
မွေးရပ်မြေကိုSeoulကနေသွားတာဒီလောက်ကြာ
မယ်လို့မထင်ထား!! သဘောင်္ပေါ်မှာကိုယ်ကို
လိမ်ထားရင်းအပျင်းတစ်လာသည်။ ။အခုကျွန်တော်တို့ထိုင်နေတာနောက်ဆုံးတန်းမှာဆို
တော့ဘယ်သူမှမရှိ။ ။နှစ်ယောက်ခုံမှာဂျုံအင်းက
ကျွန်တော့်ကိုနေထိုးမှာဆိုး၍နေပူသည့်ဘက်တွင်
ထိုင်သည်။ အမိုးကောင်းကောင်းရှိသည့်ဘက်တွင်
တော့ကျွန်တော့်ကိုထိုင်ခိုင်း၏။ ။သဘောင်္ကပုံမှန်လူတန်းစားအားလုံးစီ်းရသည်မလို့
ို့စကားသံတွေကိုကျယ်လောင်စွာကြားရသည်။
လေအေးကိုနူးညံစွာခံစားရင်းတိတ်တိတ်ဆိတ်ဆိတ်
နေချင်တဲ့ကျွန်တော့်နဲ့အံမကိုက်!! သဘောင်္ပေါ်
စတက်တော့ပျက်ယွင်းသွားသည့်ကျနော့်မျက်နှာကို
ဂျုံအင်းတွေ့သွားပြီးနှစ်သိမ့်သလိုပုခုံးကိုပုတ်ပေးသည်။ မှတ်ဉာဏ်တွေပြန်မရသေးဖူးဆိုပင်မဲ့...ဒီလို...
နေရာမျိုး...ဒီလိုလူမျိုးနဲ့ဆက်ဆံရမှာကို...
ကျွန်တော်မနှစ်သက်တာတော့အမှန်ပင်...။ ။"မြေးလေးတို့ဒါလေးတွေ
အားပေးပါဦးလား"်အဘိုးရွယ်ရှိတဲ့လူတစ်ယောက်ကကျွန်တော်တို့
နားလာပြီးသစ်သားဖြင့်ပြုလုပ်ထားသည့်
လက်ကောက်လေးကိုပြတာကြောင့်ဂျုံအင်းပုခုံးကို
မှီနေရာမှခေါင်းထောင်ကြည့်လိုက်သည်။
YOU ARE READING
The Sky and the Ground(Kaisoo Yaoi)
RomanceDo kyungsoo: ကောင်းကင်နဲ့မြေကြီးကဆုံစည်းနိုင်လားဂျုံအင်း..... Kim jongin: သူတို့ကတူညီတဲ့နေရာမှာအမြဲရှိနေမှာပါဂျောင်ဆူး...