The Sky and the ground-13

286 37 2
                                    

(ZawGyi Ver)

"ကျွန်​​တော်​ဂျုံအင်းနဲ့ပဲလိုက်​သွားမယ်
Omma!! "

"Do kyungsooမင်း​ဒီတံခါးက
ထွက်​သွားတာနဲ့ငါသားအဖြစ်​က​နေ
စွန့်​လွှတ်​လိုက်​ပြီ!ကြိုက်​တာလုပ်​"

ဂျုံအင်းရဲ့​နွေး​ထွေး​သောလက်​ကိုဆုပ်​ကိုင်​ပြီး
အခန်းထဲမှထွက်​လာလိုက်​သည်​။ မျက်​ရည်​များ
စီးကျ​နေ​တာ​ကြောင့်​လက်​ခုံဖြင့်​ကြမ်းကြမ်းသုတ်
လိုက်​သည်​။ ​တောင်းပန်​ပါတယ်​Omma~~~
ကျ​​နော်​ချစ်​တဲ့သူကိုပဲ​ရွေးပါရ​စေ ။ ။

"​ကိုယ်​​နောက်​လိုက်​ခဲ့တာ
နောင်​တမရမှာ​သေချာလား?"

ပုခုံးနှစ်​ဖက်​ကိုဆုပ်​ကိုင်​ရင်း​မေးတဲ့ဂျုံအင်းကို
ခေါင်းငြိမ့်​ပြလိုက်​သည်​။ ည​နေ​စောင်းမလို့
နေအလင်း​ရောင်​ခပ်​မှိန်​မှိန်​​လေးကဂျုံအင်းရဲ့
မျက်​နှာ​ပေါ်ဖြာကျ​နေသည်​။ မျက်​လုံးတစ်​ဖက်
တည်းက​နေ​လျှောစင်းသွားတဲ့မျက်​ရည်​စက်​ကို
တွေ့တာ​ကြောင့်​ကျွန်​​တော်​ရင်​ခွင်​ထဲတိုးဝင်​ပြီး
ဖက်​ထားလိုက်​သည်​။ ။

ငါမင်းကို​ရွေးချယ်​တာဘယ်​​တော့မှ
နောင်​တရမှာမဟုတ်​ဘူး..။ ။
ငါမှတ်​ဉာဏ်​​တွေပြန်​ရသွားရင်​လဲ
မင်းနားမှာပဲ​အမြဲနေမှာပါ. . .ဂျုံအင်း

တိတ်​ဆိတ်​​နေ​သောပတ်​ဝန်းကျင်​မှာ
အချိန်​ကြာစွာရပ်​​နေပြီးမှဂျုံအင်းရဲ့​အိမ်​​လေး
ဆီကိုပြန်​လာခဲ့ကြသည်​။ ကျွန်​​တော့်​အိမ်​နဲ့
ယှဉ်​ရင်​ဒီအိမ်​​လေးကတစ်​ခန်းစာ​တောင်
မကျယ်​ပင်​မဲ့ ကျွန်​​တော်​နှစ်​ခြိုက်​ပါသည်​။ ။

ပန်းအိုး​သေး​သေး​လေး​တွေထဲမှာပွင့်​ဖူး​နေတဲ့
ပန်း​ရောင်​စုံ​လေး​တွေ ၊ ကွပ်​ပျစ်​ခုံရှည်​ကြီး​တွေ ၊
အောက်​ပိုင်းတစ်​ခြမ်းလုံးမရှိ​တော့သည့်
ခြံတံခါး​တွေ ၊ အကုန်​လုံးကမပြည့်​စုံပင်​မဲ့
သူ​နေရာနဲ့သူလှပ​နေ၏။ ။ဒီအိမ်​​လေးကဂျုံအင်းနဲ့
ပထမဆုံး​တွေ့ခဲ့တဲ့​နေရာမလို့အမှတ်​တရများစွာ
ရှိသည့်​​နေရာ​လေးလဲဖြစ်​သည်​။

The Sky and the Ground(Kaisoo Yaoi)Where stories live. Discover now