"ဘာလို့မပျော်တာလဲ..ဂျောင်ဆူး..."
"မသိဘူး..ငါဂျုံအင်းအိမ်လေးမှာပဲ..
ပြန်နေချင်တယ်"ခေါင်းလေးငုံပြီးပြောနေသည့်ဂျောင်ဆူးကိုဖက်ထား
ရင်းနားထင်စပ်လေးကိုနမ်းလိုက်သည်။ ဂျောင်ဆူး
မပျော်ရင်ကျွန်တော်တို့အိမ်ကိုပဲပြန်သွားရမလား?
ဒါပင်မဲ့ဂျောင်ဆူးအမေကသဘောမတူရင်ရော!!!စတွေ့ကတည်းကအထက်တန်းပုံဆန်နဲ့စကားပြော
ပြီးကျွန်တော့်ကိုအထင်သေးတဲ့မျက်ဝန်းတွေနဲ့~~
ကြည့်နေသည့်ဂျောင်ဆူးအမေသည်ကျွန်တော့်ကို
ဂျောင်ဆူးနားတွင်ရှိစေချင်ပုံမရ။ ။အိမ်ပြန်ခေါ်သွား
မယ်လို့ပြောလိုက်ရင်ကျွန်တော်နဲ့ဂျောင်ဆူးကိုတစ်
နည်းနည်းနဲ့မရရအောင်ခွဲကြလိမ့်မည်။ဒီလိုတော့အဖြစ်မခံနိုင်ပါ!!!ဂျောင်ဆူးအမေကိုယုံ
ကြည်အောင်လုပ်ပြီးဂျောင်ဆူးကိုရအောင်ယူမယ်။
အကယ်၍အဆုံးထိသဘောမတူဘူးဆိုရင်တော့...
ဂျောင်ဆူးကိုတောမြို့လေးဆီခေါ်သွားပြီးဘယ်သူမှ
မသိအောင်ရှောင်တိမ်းနေထိုင်မယ်လို့စဉ်းစားထား
သည်။ ချမ်းသာအောင်မထားနိုင်ပင်မဲ့ဂျောင်ဆူးကို
သူများနီးတူအားမငယ်အောင်ထားနိုင်သည်။"ဂျုံအင်း!!!ပြောနေတာကို..."
"ဟင်.."
"ကြည့်!!!
လူကိုဂရုမစိုက်ဘူး!!""ကိုယ်အတွေးလွန်သွားလို့ပါ...ဂျောင်ဆူး...
ဘာပြောလိုက်တာလဲ..""ငါခြံထဲဆင်းချင်လို့"
"မိုးရေတွေနဲ့ကိုခြေထောက်ကလဲကောင်းသေးတာမဟုတ်ဘူး!!နောက်တစ်ခါထပ်ချော်လဲရင်..
ဂျိုင်းထောက်တပ်ရလိမ့်မယ်...""ပြီးရော...ပြီးရော...မဆင်းတော့ဘူး!!"
ဆောင့်ဆောင့်အောင့်အောင့်နဲ့ထရန်ပြင်နေသည့်
ကောင်လေးကိုအနောက်ကသိုင်းဖက်ထားပြီးပွေ့
ချီလိုက်တော့မျက်လုံးလေးများဝိုင်းစက်သွားတာဖန်
ဂေါ်လီလုံးလေ...တဖြတ်ဖြတ်နဲ့!သွားနဲ့ဖိကိုက်ထား
သည့်နှုတ်ခမ်းသားအိအိလေးကိုနမ်းပြီးမှကိုယ်ကို
ပြန်မတ်ကာအောက်ထပ်ဆင်းလိုက်သည်။

YOU ARE READING
The Sky and the Ground(Kaisoo Yaoi)
RomanceDo kyungsoo: ကောင်းကင်နဲ့မြေကြီးကဆုံစည်းနိုင်လားဂျုံအင်း..... Kim jongin: သူတို့ကတူညီတဲ့နေရာမှာအမြဲရှိနေမှာပါဂျောင်ဆူး...