The Sky and the Ground-1

1.7K 100 7
                                    

လူ့​လောကမှာ ဆင်းရဲခြင်းနဲ့ချမ်းသာခြင်းဆိုတဲ့နှစ်​မျိုးရှိတယ်​။

ဘယ်​လူမဆိုချမ်းသာခြင်းကိုပဲနှစ်​သက်​ကြတယ်​။

ကျွန်​​တော်​​လဲအဲ့လိုပဲ....ချမ်းသာချင်​တယ်​....

အခုလိုဆင်းရဲနှံချာ​နေတဲ့ဘဝမှာမ​နေချင်​ဘူး...

သူများတကာကဲ့ရဲ့တဲ့ဘဝ

အမြဲလိုလိုအားငယ်​နေတဲ့ဘဝ

လိုချင်​တာမဝယ်​နိုင်​တဲ့ဘဝ

အဲ့လိုဘဝမှာ​နေရတဲ့ကျွန်​​တော်​ကဆုံးဖြတ်​ထားတာတစ်​ခုပဲရှိတယ်​..

ဒီဘဝထဲကထွက်​ပြီး​အေး​ဆေးတည်​ငြိမ်​တဲ့ဘဝကိုလိုချ​င်​တာ....မချမ်းသာရင်​လဲရတယ်​....

ဒီစုတ်​ပြတ်​​နေတဲ့ဘဝထဲက​တော့လွတ်​​မြောက်​ချင်​ပြီ။

"ကင်​ဂျုံအင်း!!!"

စူးခနဲ​အော်​သံ​ကြောင့်​ လက်​ထဲကဗန်းကိုချပြီး ဆိုင်​ရှင်​ဆီ​ပြေးသွားလိုက်​သည်​။

လက်​ကိုအ​နောက်​ပို့ပြီး ​ခေါင်းငုံလိုက်​​တော့ ​ခေါင်းကိုခပ်​ပြင်းပြင်းရိုက်​​သော ဆိုင်​ရှင်​၏လက်

စိတ်​ထဲမှာ​ဒေါသထွက်​ပင်​မဲ့ အံကိုကျိတ်​ပြီး နှုတ်​ခမ်ကိုခပ်​နာနာဖိကိုက်​ထားလိုက်​သည်​။

"မင်းအတွက်​ဒီမှာလစာ "

မျက်​နှာတည့်​တည့်​ကိုပစ်​​ပေါက်​ပြီး ​ပေးလိုက်​​သော ပိုက်​​ဆံကို အရှက်​မဲ့စွာ​ကောက်​ယူပြီး
ဆိုင်​ရှင်​ကို ​ကျေးဇူးတင်​​ကြောင်း​ပြောလိုက်​သည်​။

ဘာလို့ ဆင်းရဲတဲ့လူဆိုအဲ့​လောက်​​တောင်​နှိမ်​ရတာလဲ?

လောကကြီးကမတရားဘူး...မတရားဘူး..

ဆိုင်​ပြင်​ကထွက်​ခါ​လမ်း​ပေါ်က သစ်​ပင်​ကိုထပ်​ခါထပ်​ခါထိုးရင်း ​ဒေါသ​တွေကို​​ဖြေ​ဖျောက်​​နေမိသည်​။

လမ်း​ပေါ်ကလူ​တွေရဲ့အကြည့်​ကိုလဲ မျက်​ကွယ်​ပြုရင်း တစ်​​ယောက်​တည်း​အော်​ဟစ်​​သောင်းကျန်း​နေတုန်း...

The Sky and the Ground(Kaisoo Yaoi)Where stories live. Discover now