Zawgyi
အသက်ကိုခပ်ပြင်းပြင်းရှူပြီးနောက် သူမျက်လုံးတွေ ကိုမှိတ်လိုက်သည်။ ထိုက်နောက် လက်သီးလေးကို ဆုပ်ထားလိုက်သည်။
"ငါလုပ်နိုင်တယ်.....ငါလုပ်နိုင်တယ် okay "
သူ့ဟာသူသာ အားပေးရင်း ပါးစပ်လေးကို အဝိုင်းလေးလုပ်ကာ စိတ်သက်သာရာ ရအောင် ရှူသွင်းထားသော လေတွေကို မှုတ်ထုတ်လိုက်ပါသည်။ မှန်ရှေ့ အဖြူရောင် suitနှင့်
Smartကျစွာ ချောမောနေသော သူ့ဟာ ကုမ္ပဏီ ဖွင့်ပွဲအတွက် စိတ်လှုပ်ရှားလို့နေပါသည်။Koreaမှာအနေများသော သူဟာ မြန်မာနိုင်ငံကို တစ်ခါတစ်ရံ မှသာ ပြန်လာတတ်ပါသည်။ ဆယ်တန်းအောင်ပြီးကတည်းက koreaမှာ ကျောင်းတတ်ရင်း အလုပ်ဝင်ခဲ့သူတစ်ယောက်မို့ မြန်မာနိုင်ငံက စီးပွားရေးအကြောင်း သူသိပ်မသိပါ။ ရှေးခေတ်ကတော့ ဒီမှာပဲ ကျောင်းတတ်ပြီး ဖေဖေ့ အလုပ်တွေထဲ ဝင်ကူခဲ့ရသည်။ အကြီးဆိုတော့ အကြီးအရိုက်အရာ ကိုယူရတာပေါ့လေ ။ ငါးမိနစ်သာ ကွာသော သူတို့ညီအစ်ကိုသည် ရုပ်ချင်းဆင်လွန်းလှကာ ရှေးခေတ်တွင် နှုတ်ခမ်းထက် မဲ့ရှိပြီး သူကတော့ရှိမနေခဲ့။ သူများတွေကတော့ သူတို့ညီအစ်ကို ကို မဲ့တွေသာ ကြည့်ပြီး ဘယ်ဟာကရှေးခေတ် ဘယ်ဟာကဒီခေတ်ဆိုပြီး ခွဲတတ်ကြပါသည်။ တစ်ချို့ တစ်ခါ နှစ်ခါလောက်သာမြင်ဖူးသူတွေကတော့ သူတို့ညီအစ်ကိုကို ခွဲဖို့တော်တော်ခက်ခဲကြပါသည်။
သူကတော့ ကိုယ်ဝါသနာပါသည့် အလုပ်ကိုသာ လုပ်ကိုင်ချင်သူဖြစ်ပြီး ဖေဖေ့ ကို ကြောက်သင့်တဲ့နေရာ ကြောက်ပေမယ့်
ဘဝနဲ့ဆိုင်လာရင်တော့ သူမကြောက်ပဲ ရဲရဲဝံ့ဝံ့ပြောဆိုရဲပါသည်။ ကျန်တာတွေ တူည်ီသော်လည်း ဒီအချက်တွင်ရှေးခေတ်နဲ့
သူနဲ့ ကွာခြားလွန်းပါသည်။ ရှေးခေတ်ကတော့ ဖေဖေ့စကား တစ်ခွန်းကို ဘယ်လိုမှမဆန့်ကျင်ရဲသလို တုန်နေအောင်ကြောက်ပါသည်။ ဒါကြောင့်လည်း ရှေးနဲ့လှိုင်းနဲ့........။
YOU ARE READING
Anawar (Completed)
RomanceZaw gyi +Unicode ညီ့ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ပြီး ချစ်တဲ့အကြောင်း တစ်နေကုန်ထိုင်ပြောချင်တဲ့သူပါဗျ။ Offgun(OC fic) #ဒီခေတ်အက္ခရာ #အဏ္ဏဝါ ........ ညီ့ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ပြီး ချစ်တဲ့အကြောင်း တစ်နေကုန်ထိုင်ပြောချင်တဲ့သူပါဗျ။ Offgun(OC...