Zawgyi
"မြတ်သော "
အမွှာနှစ်ယောက် အိပ်ပျော်နေတာကို ထိုင်ကြည့်နေသော
မြတ်သော အား ပန်ပန်က အသံတိုးတိုးလေးဖြင့် ခေါ်လိုက်လေသည်။ မြတ်သောက မျက်လုံးလေး လှန်ကာ ဘာကြီးလဲဟူသည့် သဘောဖြင့် ကြည့်လေတော့ သူမ လက်ယက်ကာ ခေါ်လေသဖြင့် ကလေးတွေကို စောင်သေချာခြုံပေးလိုက်ပြီး
မြတ်သောသည် ခြေသံဖွဖွလေးနင်းကာ အခန်းအပြင်သို့ ထွက်လိုက်ပါသည်။"မြတ်သော ...အန်တီငြိမ်းက ဘယ်သွားလို့ လဲ"
" ကိုဒီခေတ်က အခုရက်ပိုင်း ဘာမှမစားဘူးတဲ့ ကိုဒီခေတ်
မစားတော့ လေးငယ်လဲ မစားဘူး...အဲ့တာ အန်တီက
စိတ်ပူပြီး ကြက်သားစွတ်ပြုတ်လေးလုပ် တိုက်မလို့ဆိုလားပဲ မီးဖိုချောင်ထဲ ဝင်သွားတယ် ""ဟုတ်လား"
"အင်...ဒါနဲ့ မ က ကျွန်တော့်ကို ဘာပြောစရာရှိလို့ လဲ"
" ငါ ဆေးရောင်တွေစပ်နေတာ ...အဆင်မပြေဘူး
ခေါင်းရှုပ်လာတာနဲ့ ခြံထဲ သွားထိုင်ချင်လာလို့ မင်းကို
လာခေါ်တာ"မြတ်သောသည် ကလေးတွေကို တစ်ချက်လှမ်းကြည့်လိုက်ပြီး
အခန်းတံခါးကို ပိတ်လိုက်ပါသည်။"ကလေးတွေလဲ အိပ်နေတာပဲဟာ... သွားရအောင်လေ "
"အင်...အင်"
ခေါင်းလေးညိမ့်ပြလျက် ချစ်စဖွယ် ပြုံးပြရှာသော ကောင်မလေးကို မြတ်သော အကဲခက်မိပါသည်။ နဂိုကတည်းက မျက်နှာပေါ်က ခံစားချက်တွေကိုဖက်တတ်လွန်းသူမို့ သူမစိတ်ထဲ ပြောစရာ စကားတွေ ရှိနေတယ်ဆိုတာ သူ သိနေသလိုပင်။
ခြံထဲရောက်တော့ ပန်ပန် က ထိုင်ခုံတွေပေါ်မှာ မထိုင်ပဲ
မြက်ခင်းပြင်သို့ထိုင်ချလိုက်သဖြင့် သူပါလိုက်ထိုင်ရပါတော့သည်။ ကောင်းကင်ပေါ်က ကြယ်တွေကို လက်ညိုးလေးဖြင့်
ရေတွက်ရင်း သူမ ရင်ထဲ လေးလံမူ့တစ်ခုရှိနေတာကို ဖုံးကွယ်
ဖို့ကြိုးစားနေရှာသည်။ ဖွင့်ပြောလာစေဖို့ တိတ်ဆိတ်စွာ စောင့်
စားနေပေမယ့် သူမ ဘက်က စကားမစသည်မို့ ... သူ ကပဲ
မေးရလေတော့သည်။
YOU ARE READING
Anawar (Completed)
RomanceZaw gyi +Unicode ညီ့ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ပြီး ချစ်တဲ့အကြောင်း တစ်နေကုန်ထိုင်ပြောချင်တဲ့သူပါဗျ။ Offgun(OC fic) #ဒီခေတ်အက္ခရာ #အဏ္ဏဝါ ........ ညီ့ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ပြီး ချစ်တဲ့အကြောင်း တစ်နေကုန်ထိုင်ပြောချင်တဲ့သူပါဗျ။ Offgun(OC...