Zawgyi
ပထမဦးဆုံး ပြောချင်တာက အဏ္ဏဝါ ficကိုဖတ်ပေးကြတဲ့
စာဖတ်သူတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။
တကယ်တော့ ကိုယ်က စာတွေသိပ်မရေးတတ်ပါဘူး။
ငယ်ငယ်ကတည်းက ဇာတ်လမ်းဆင်ရတာတွေ အရမ်းကြိုက်တယ် ။ ပြီးတော့ ကြမ်းကြမ်းလေးတွေကြိုက်တယ်။ အဲ့တာ
ကြောင့် ပြီးတော့ စာအုပ်ထဲမှာ ရေးပြီးမှ ဒီမှာပြန်တင်တာ
မဟုတ်ပါဘူး စာရေးရမှာ တအားပျင်းပါတယ်။ ဇာတ်ကြောင်း တွေနဲ့noteတွေပဲ စာအုပ်ထဲမှာ မှတ်ထားပြီးဒီမှာချရေးတာပါ။ အဲ့ဒါကြောင့် တစ်ချို့နေရာလေးတွေ ထောက်ပြီး ဖတ်ရတာအဆင်မပြေတာမျိုး ဖြစ်စေခဲ့တဲ့အတွက် တောင်းပန်ပါတယ် ။ကိုယ် ficကို စတင်ဖန်တီးတဲ့အချိန်မှာ ဇာတ်ကောင်တွေ
အကုန်းလုံးကို အချစ်ကြီးသူတွေဖြစ်စေချင်ခဲ့တယ်။ သိပ်ချစ်
တတ်ကြတဲ့သူတွေပေါ့။ တစ်ယောက်တည်းကိုပဲ သစ္စာ ရှိရှိ
အချိန်တွေအကြာကြီး ချစ်မြတ်နိုးတာမ်ျိုး ရေးခဲ့တာပါ ။
ဥပမ - ဦးကျောဇော က ဒေါ်စောအိနြေ္ဒ တစ်ယောက်တည်ကိုပဲ အသက်တွေကြီးတဲ့အထိစွဲစွဲမြဲမြဲချစ်သွားတာမျိုး။ သေတဲ့အထိ ရှေးခေတ်ကသာလျှင် သူမနှလုံးသားပိုင်ရှင်လို့ သတ်မှတ်ထားတဲ့ လှိုင်းသရဖီ ။ လှိုင်းသရဖီ မှမဟုတ်ရင် ရင်မခုန်တတ်တဲ့ရှေးခေတ်။ မြင်မြင်ချင်းစွဲလမ်းမိတဲ့ မြတ်သောနဲပန်သစ္စာ။ သံယောဇဉ် တွေကနေဖြစ်တည်လာတဲ့ လေပြေသွေးရဲ့
အချစ်။ အနေနီးလို့ အမြစ်တွယ်ရာကစပြီး မခွဲနိုင်မခွာရက်
ဖြစ်နေရှာတဲ့ ဒီခေတ်နဲ့ အဏ္ဏဝါ ။တွေးထားတာနဲ့ အံဝင်ခွင်ကျဖြစ်ရဲ့လားတော့မသိပါဘူး။😢
ရှေးခေတ်ကို ဘာလို့သေခိုင်းရတာလဲတဲ့။
စဉ်းစားကြည့်ပါ။ သင်ဆိုရင်ရော ကိုယ်ချစ်တဲ့သူ လူ့လောကထဲ မရှိတော့တဲ့အခါ နေပျော်ပါ့မလား။ ကိုယ်ကတော့
နှစ်ယောက်လုံး သေမတူ ရှင်မကွာ ဆိုတာကို ပိုကြိုက်လို့
ရှေးခေတ်ကို ထွက်သွားခိုင်းလိုက်ရတာပါ။ အဲ့ဒီအပိုင်းရေးဖို့
တော်တော်အားယူခဲ့ရပါတယ်။ ဇာတ်ကောင်တွေ နေရာကနေ
ကိုယ်တိုင်ခံစားပြီးရေးမှ ဇာတ်လမ်း ကသက်ဝင်တာလို့ ပြောသံကြားဖူးတယ်။ ကိုယ်တကယ်ပဲ အတတ်နိုင်ဆုံး သူတို့နေရာ
မှာ ငါဆိုရင်ရော... ဆိုတဲ့အတွေးနဲ့ သေချာရေးခဲ့ပါတယ်နော်။
စာဖတ်သူတို့ရင်ထဲ ဆွဲဆောင်နိုင်ပြီး စွဲထင်မကျန်ရစ်စေတာကတော့ ကိုယ်ညံ့နေသေးလို့ ဖြစ်မှာပါ။ ဒါပေမယ့် နောက်ထပ် အများကြီး ကြိုးစားပြီး ရေးနေပါအုံးမယ်။
YOU ARE READING
Anawar (Completed)
RomanceZaw gyi +Unicode ညီ့ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ပြီး ချစ်တဲ့အကြောင်း တစ်နေကုန်ထိုင်ပြောချင်တဲ့သူပါဗျ။ Offgun(OC fic) #ဒီခေတ်အက္ခရာ #အဏ္ဏဝါ ........ ညီ့ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ပြီး ချစ်တဲ့အကြောင်း တစ်နေကုန်ထိုင်ပြောချင်တဲ့သူပါဗျ။ Offgun(OC...