"လေးငယ်နဲ့ဖေငယ်ရေ "နံနက်ခင်းရဲ့ ကြေးစည်သံလို ချစ်စဖွယ် ကလေးနှစ်ယောက်ရဲ့ အသံက နေ့သစ်တစ်နေ့တာကို လန်းဆန်းစွာ စတင်စေပါသည်။
"ကိုကို ... ကလေးတွေ လာနေပြီထင်တယ် မြန်မြန်လုပ်နော်
ညီအောက်မှာ စောင့်နေမယ်""အွန်..အွန်"
အင်္ကျီကြယ်သီးတွေကူတပ်ပေးနေရာမှ အဏ္ဏဝါ အောက်ထပ်သို့ အလျင်အမြန်ပြေးဆင်းသွား၏။ တပ်လို့မပြီးသေးသော
ကြယ်သီးတွေကို ဒီခေတ် သေချာတပ်ရင်း necktile
ကို စနစ်ကျစွာ ချည်လိုက်ပြီး ကုတ်အင်္ကျီ မီးခိုးရောင်လေးကို
ထပ်လိုက်၏။ ဆံပင်တွေကို သပ်ရပ်စွာ သ ပြီးသည့်နောက်
အောက်ထပ်သို့ ထွက်ဖို့ ပြင်ရပါသည်။မဟုတ်လျှင်တော့
သူကြာနေလို့ ဆိုပြီး ညီကစိတ်ဆိုးမည့်အပြင် ထွန်းသစ်စ
မနက်ခင်းတွင် ကလေးတွေရဲ့ တီတီတာတာ စကားမကြားရလို့ စိတ်ညစ်ငြူးမူကိုဖြစ် စေနိုင်ပါသည်။"အာဘွား "
ပါးဖောင်းဖောင်းအိအိလေးတွေကို အနမ်းပေးနေသော ညီ့ဘေး ဝင်ထိုင်ရင်း မီးလေးတွေကို ပွေ့ချီလိုက်၏။
"ဖေငယ်ကိုရော အာဘွားမပေးဘူးလား"
"ပေးမှာပေါ့.. အာဘွား"
ပါးနှစ်ဖက်လေးဖောင်းပေးလိုက်တော့ နှုတ်ခမ်းထူထူ သေးသေး လေးတွေဖြင့် ဖိကပ်လာကြ၏။ သင်းပျံ့ပျံ့ သနပ်ခါးရနံ့ကို သမီးတို့နားက ကြည်လင်စွာရရှိသည်တွင် သူ အားရပါရ ရှူရှိက်သလို ပြုမူလိုက်၏။
"Wow မွှေးလိုက်တာကွာ ဘယ်သူလိမ်းပေးတာလဲ
သနပ်ခါးက""မား.. လိမ်းပေးတာ"
"ဟုတ်တယ်"
"ပါးပါးကလေ မားကို သနပ်ခါးမလိမ်းရင် မချစ်တော့ဘူးလို့
ပြောတယ်.. ပါးပါးကို ဆူပေးပါဦး ဖေငယ်"အဖြူအစိမ်းလေးဖြင့် မီးကြီးက လူကြီးလေးသဖွယ် တည်ငြိမ်
သည်မို့ အချစ်ပိုရသလို မီးငယ်လေးကလည်း ဥာဏ်ကောင်းကာ သွက်လွန်းသဖြင့် တစ်မိသားစုလုံး၏ အနှစ်တုံးလေး
ဖြစ်နေရပါသည်၊
YOU ARE READING
Anawar (Completed)
RomanceZaw gyi +Unicode ညီ့ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ပြီး ချစ်တဲ့အကြောင်း တစ်နေကုန်ထိုင်ပြောချင်တဲ့သူပါဗျ။ Offgun(OC fic) #ဒီခေတ်အက္ခရာ #အဏ္ဏဝါ ........ ညီ့ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ပြီး ချစ်တဲ့အကြောင်း တစ်နေကုန်ထိုင်ပြောချင်တဲ့သူပါဗျ။ Offgun(OC...