Zawgyi
မှောင်မည်း နေသော လမ်းကွေ့အချို့ကို လျှောက်လှမ်းရင်း
လူသည်က လေဟာနယ်ထဲ လွှင့်မျှောနေဆဲ။ အချိန်နာရီ စက္ကန့်တွေရွေ့လျားသွားသည့်တိုင် သူဟာ အိမ်ပြန်ဖို့ စိတ်ကူးမရှိ
သေးပေး။ ပြေးထွက်လာခဲ့သည်မို့ ဖိနပ်တစ်ဖက်က ဘယ်
ဆီကျွတ်ကျခဲ့မှန်းမသိ... စိတ်ပေါက်ပေါက်နှင့် ကျန်ရှိနေသည့်
ဖိနပ်တစ်ဖက်ကိုပါ ချွတ်ကာ လွှင့်ပစ်လိုက်သည်။ ကောင်းကင်ယံမှ လမင်းကြီးက တစ်ခြမ်းပဲ့နေလျက် ကြယ်ရောင်တို့ကင်း
မဲ့နေလေသည်။ ဒီခေတ် ဆီက ယုံကြည်မူ မရရှိသည့် သူရဲ့ဘဝဟာလည်း တစ်ခြမ်းပဲ့နေခဲ့သည်မှာ ပြောပြစရာတောင်မလို ။ ခဲလုံးလေးတွေ ကျောက်တုံးလေးတွေပေါ်လမ်း
လျှောက်နေရသော်လည်း ခြေဖဝါးဆီက နာကျင်မူက နှလုံးသား ဆီမှ နာကျင်မူကို မမှီ။ စချစ်မိပြီဆိုကတည်းက အထီးကျန်ဆန်မူဆိုတာကို ရင်ဆိုင်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ
မတွေးခဲ့ဖူးပေ။ ကြိုတင်မတွက်ဆ ခဲ့တာ သူကိုယ်တိုင် က
ဒီခေတ်ကို ယုံကြည်လွန်း နေခဲ့လို့လား။တီး...တီး....တီး...
ကားဟွန်းသံက ဆိတ်ငြိမ်သော ညအမှောင်ထဲ မြည်ဟည်း လို့ လာသည်။ လမ်းပေါ် ပိတ်ရပ်ကာ လျှောက်သွားမိနေသည်မို့ လမ်းဖယ်ခိုင်ခြင်းဖြစ်မည်ဟု တွေးလိုက်ကာ ဘေးသို့ ရွှေ့ပေးလိုက်၏။ သို့ပေမယ့် ကားက သူ့ကို ကျော်မသွားပဲ ရှိနေလျက်...ဟွန်းတီးနေဆဲ။
"တောက်စ်...ဘာလို့ဇွတ်တီးနေတာလဲ"
စိတ်တိုတို နဲ့ လှည့်အော်တော့ ကားပေါ်မှာ မလေပြေသွေးကို တွေ့လိုက်ရလေသည်။ မလေပြေက ကားကိုရပ်ကာ
သူ့ဆီသို့ လျှောက်လာပြီး..."ဘယ်လျှောက်သွားမလို့ ကြံနေတာလဲ"
အစ်မကြီး တစ်ယောက်က ကိုယ့်မောင်ကို စိတ်ပူလွန်း၍
ဆူပူနေသည့်ဟန်ဖြစ်သဖြင့် အဏ္ဏဝါသည် မလေပြေလက်ကို
ခါချလိုက်မိ၏။ အလကား...အပိုတွေ။
YOU ARE READING
Anawar (Completed)
RomanceZaw gyi +Unicode ညီ့ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ပြီး ချစ်တဲ့အကြောင်း တစ်နေကုန်ထိုင်ပြောချင်တဲ့သူပါဗျ။ Offgun(OC fic) #ဒီခေတ်အက္ခရာ #အဏ္ဏဝါ ........ ညီ့ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ပြီး ချစ်တဲ့အကြောင်း တစ်နေကုန်ထိုင်ပြောချင်တဲ့သူပါဗျ။ Offgun(OC...