Zawgyi
"မြတ်သော မင်းအခု ဘာပြောလိုက်တာလဲ အမေက ဆေးရုံ ဘယ်လိုရောက်သွားတာလဲ အမေဘာဖြစ်တာလဲ ငါ့ကို ရှင်း ငါ့ကိုရှင်းအုံး ငါမရှိတဲ့အချိန်ခနလေးအတွင်း ဘာဖြစ်သွားကြတာလဲ"
ခံစားလွယ်သော နှလုံးသားလေးသည် အလိုလိုကွဲကြေလာ
လျင် အက်ကွဲသော အသံဖြင့် အဏ္ဏဝါ မေးနေမိပါသည်။
မြတ်သောသည် သူမေးတာကို မဖြေသေးပဲ ထရပ်၏။
ထို့နောက် ခြေထောက်လေး ထော့လျက် လမ်းလျောက်ကာ အိမ်ရှေ့သို့ထွက်သွားလေသည်။"မြတ်သော မင်းကကော ဘာဖြစ်ထားတာလဲ"
မြတ်သောသည် ဧည့်ခန်းထဲက ထိုင်ခုံပေါ်တွင်အားယူကာ ထိုင်လိုက်ပြီးနောက် စကားပြောဖို့အရှိန်ယူနေလေသည်။
"မြတ်သော"
" လူ ငါးယောက်လောက်ရှိမယ်ထင်တယ် မနက်အစောကြီး
လေးငယ်တို့အိမ်ရောက်လာတယ် ...ပြီးတော့ မြနဲ့ကျောက်ကို ခေါ်သွားတယ် အန်တီက လေးငယ်လဲ ပြန်မလာ ကလေးတွေလဲ ဆွဲခေါ်ခံရလို့ မူးလဲသွားတာ အခုဆေးရုံမှာ ကျွန်တော့်အမေစောင့်ပေးနေတယ်....ကျွန်တော်လဲ တတ်နိုင်သလောက်
ကလေးတွေကို ဆွဲထားတာပဲ ဒါပေမယ့် သူတို့က လူများတဲ့အပြင် တုတ်လဲ ပါတာမို့ ကျွန်တော့်ခြေထောက် အရိုက်ခံလိုက်ရတယ် ကျွန်တော် အသုံးမကျတာပါ "အဏ္ဏဝါ သည်မေးကြောလေးတွေထောင်လျက် အံကိုတင်းတင်းကြိတ်ထားလေသည်။ ဒါကြောင့် ရှေးခေတ်က ဒီခေတ်ကို တစ်ယောက်တည်း ထားခဲ့တာလား။
"တောက်စ်!!!"
မခံမရပ်နိုင်စွာ ထွက်ပေါ်လာမိသော အာမေဋိတ်စကားသံနောက် မြတ်သောသည် အဏ္ဏဝါ လက်အား ဆွဲပြီးနောက် ထိုင်ခိုင်းလိုက်လေသည်။
"ကျွန်တော် ပြောစရာကျန်သေးတယ်"
"..."
"သူတို့ထွက်သွားပြီး သိပ်မကြာခင် ကိုရှေးခေတ် နဲ့ မပန်သစ္စာ ရောက်လာတယ်!!!"
YOU ARE READING
Anawar (Completed)
RomanceZaw gyi +Unicode ညီ့ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ပြီး ချစ်တဲ့အကြောင်း တစ်နေကုန်ထိုင်ပြောချင်တဲ့သူပါဗျ။ Offgun(OC fic) #ဒီခေတ်အက္ခရာ #အဏ္ဏဝါ ........ ညီ့ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ပြီး ချစ်တဲ့အကြောင်း တစ်နေကုန်ထိုင်ပြောချင်တဲ့သူပါဗျ။ Offgun(OC...