Zawgyi
ရှုပ်ထွေးသွားသော လူတွေကြားထဲ ဒီခေတ်သည် ဦးကျော်ဇော ၏ အရိပ်အခြေအနေကို အကဲခတ်လေသည်။ ဦးကျော်ဇော သည် ဒီရုတ်ရုတ်သဲသဲ အခြေအနေအား ထိန်းသိမ်းရန်
မည်သိုမျှမကြိုးပမ်းပဲ လူအုပ်ကြီးကို ခက်ထန်တင်းမာစွာကြည့်နေလေသည်။ လူယုံနှစ်ယောက်သည် ဦးကျောဇော ကို
ထိခိုက်မည်စိုး၍ အရှေ့မှ ကာကွယ်ပေးနေလေသည်။ ရှေးခေတ်နဲ့သူသည် ဟန်ဆောင် ရန်ဖြစ်ကြသည်ဆိုသော်ငြား ထိခိုက်မိကြ၏။အခွင့်ကောင်းကိုစောင့်၍ ရှေ့နေအယောင်ဆောင် ကောင်လေးနှစ်ယောက် အား သူထွက်ပြေးတော့မည်ဖြစ်ေ
ကြာင်း အချက်ပြ၏ ။ကောင်လေး နှစ်ယောက်သည်လည်း သူ အချက်ပြသည်ကို မြင်ကာ ခေါင်းငြိမ့်ပြပြီး သူ ထွက်ပြေးတာကို ဦးကျောဇော မမြင်အောင် ရန်ပွဲကို ပိုပြင်းထန်စေလိုက်ပါသည်။ ပန်သစ္စာ သည်လည်း ဦးဥက္ကာ နဲ့ ဦးကျော်ဇော တို့
အာရုံလွဲစေရန် ပန်ကန်ပြား တွေ ကို ပစ်ခွဲချကာ သူမကို
ထိခိုက်မိယောင် ဆောင်လိုက်ပါသည်။ သတို့သမီး ထိခိုက်သဖြင့် နှစ်ဦးနှစ်ဘက်မိဘတို့သည် သူမနားသို့ပြေးလာလေ
သည်။ လူတွေအားလုံး ပန်သစ္စာ ဆီသို့ အာရုံ ရောက်နေစဉ် ဒီခေတ်သည် ရှေးခေတ် လက်ကိုဆွဲကာ ပြေးလေတော့သည်။ novotel hotel အပြင်ဘက်ရောက်သည့် အခါ မြတ်သောက ကားစက်နှိုး၍ အဆင်သင့်စောင့်နေသဖြင့် နှစ်ယောက်လုံး ကားပေါ်သို့ ပြေးတတ်လိုက်ကြလေသည်။ ထိုစဉ် အဖေ ဖြစ်သူ ဦးကျောဇော ၏ တပည့်များ အနောက်က ပြေးလိုက်လာသည်ကို တွေ့လိုက်ရလေသည်။ မြတ်သောသည်
ပြေးလာသော လူ့ငမိုက်သားလေးများကို ပြောင်စပ်စပ်နှင့်
တာ့တာ ပြကာ ကားကို အရှိန်ပြင်းပြင်း ဖြင့်မောင်းနှင်လိုက်လေသည်။ အနောက်က လူမိုက်လေးများကတော့ ဘာလုပ်ရမည်မသိ ရောက်ယှက် ခက်လျက် ကျန်ခဲ့လေတော့သည်။
YOU ARE READING
Anawar (Completed)
RomanceZaw gyi +Unicode ညီ့ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ပြီး ချစ်တဲ့အကြောင်း တစ်နေကုန်ထိုင်ပြောချင်တဲ့သူပါဗျ။ Offgun(OC fic) #ဒီခေတ်အက္ခရာ #အဏ္ဏဝါ ........ ညီ့ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ပြီး ချစ်တဲ့အကြောင်း တစ်နေကုန်ထိုင်ပြောချင်တဲ့သူပါဗျ။ Offgun(OC...