Zawgyi
လရောင်ဖျော့ဖျော့ အောက်တွင် ဝါထိန်ထိန် အိမ်လေးကတော့
အနဲငယ် တောက်ပနေသယောင်ရှိသည်။ ခေါင်မိုးထပ်ရှိဝရံတာတွင် ဘီယာဘူးကို တစ်ငုံချင်းမော့ရင်းဒီခေတ်သည် ဆွေးမြေ့မြေ့ ရပ်လျက် ရှိနေ၏။"ဒီခေတ်...ဘာလုပ်နေတာလဲ"
နောက်ဖျားဆီမှ အဏ္ဏဝါခေါ်သံကြောင့် ခြံအပြင်ဘက်ကို
ငေးနေရာမှ လှည့်ကြည့်လိုက်သည်။ ညအိပ်တော့မည်မို့
အဖြူရောင်ရှပ်အင်္ကျီကြီးကြီးတစ်ထည်ကို ဝတ်ဆင်ထားပုံရပါသော အဏ္ဏဝါသည် သူ့အန္တရယ်ကိုတော့ သူ မသိဘူးထင်၏။
တမင်သက်သက်မဟုတ်ပေမယ့် လျောချထားသယောင်ထင်ရသော ပုခုံးစွန်းတစ်ဖက်ကို အားရုံမရောက်အောင် အကြည့်
တို့ကို ချက်ချင်းလွှဲဖယ်လိုက်ပါသည်။"အေးနေတာကို ဘာလို့ပါးပါးလေးဝတ်ထားတာလဲ"
"မအေးပါဘူး ပူတယ် အိပ်တော့မှာပဲဟာ အိပ်ယာထဲရောက်ရင် စောင်ခြုံလိုက်မယ်လေ နွေးသွားမှာပေါ့"
အဏ္ဏဝါ က သူ့လိုပင် ဝရံတာပေါ် လက်လေးထောက်ရင်း
လေးညှင်းခံကာ ပြန်ပြောလာ၏။ တလွှင့်လွှင့် တိုက်ခတ်နေသော လေပြင်ဝယ် အင်္ကျီအဖြူက လေထဲတလွှလွှင့်ဖြစ်နေလျက် ခပ်သေးသေး ခန္ဓာကိုယ်သည် လှုပ်လီ လှုပ်လဲ့ရှိ၏။ ချက်ချင်းလိုပင် အာခေါင်တွေခြောက်လာသလို ခံစားလာရတာေ
ကြာင့် တွံတွေးတို့ကို မျိုချရင်း ဘီယာဗူးကို အကုန်မော့ချပြစ်လိုက်၏။ မူယစ်စေသော ဤအရာသည် အရိုင်းဆန်သော
စိတ်ကိုတွန်းအားပေးမည်ဆိုပါလျှင် သူ မသောက်ပဲနေမိခဲ့မှာပင်။"ရှေးခေတ်ကို သတိရနေတာလား"
ဟုတ်တယ်လို့ပဲ ဖြေရမှာပေါ့လေ။
"ကျွန်တော် ရှေးခေတ်ကို အရမ်းမနာလို ဖြစ်လာပြီ"
သူပင် ပြန်မဖြေရသေး အဏ္ဏဝါဆက်ပြောလာသော စကားကြောင့် ကြောင်အမ်းအမ်းလေးဖြစ်သွားရသည်။ ဒီကောင်လေး
ဘာတွေဖြစ်နေတာလဲ။ သူ ကြည့်နေတုန်းမှာပင် ကုန်သွားပြီ
ဖြစ်သော သူ့လက်ထဲက ဘီယာဗူးကိုဆွဲလုကာသောက်ဖို့လုပ်နေ၏။ ဘာမှမရှိတော့ဘူးဆိုတာ သိမှ အပေါ်ထပ်ကနေ
ခြံထဲသို့ ပစ်လောချလိုက်တာကြောင့် သူ မျက်လုံးတွေပြူး
သည် ထက်ပြူးလာရလေသည်။
YOU ARE READING
Anawar (Completed)
RomanceZaw gyi +Unicode ညီ့ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ပြီး ချစ်တဲ့အကြောင်း တစ်နေကုန်ထိုင်ပြောချင်တဲ့သူပါဗျ။ Offgun(OC fic) #ဒီခေတ်အက္ခရာ #အဏ္ဏဝါ ........ ညီ့ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ပြီး ချစ်တဲ့အကြောင်း တစ်နေကုန်ထိုင်ပြောချင်တဲ့သူပါဗျ။ Offgun(OC...