Part 1 U+Z

1.6K 35 9
                                    

ဘုန်း......

အင့်......

ကျောင်းက အပြန် ဘဏ်ကနေ လျှောက်ထားတဲ့ credit card ဝင်ထုတ်မလို့လာတာ
မိုးရွာနေလို့မှမြန်မြန်ပြေးလာပါတယ်ဆို
မျက်နှာချင်းဆိုင်က လူနဲ့ဝင်တိုက်မိပြီး ပလက်
ဖောင်းပေါ် ဖင်ထိုင်ရက် လဲကျသွားတယ်..

Seungri တယောက် ဖင်ညှောင့်ရိုးနာတာ
ရော ဗွက်တွေပေကုန်တာရောကြောင့် ရှေ့က
လူကိုမော့ကြည့်ပြီး..အသံစွာစွာနဲ့

" ဟေ့လူ..ခင်ဗျား ကန်းနေတာလား.."

သူ မြင်လိုက်ရတာက ပြုံးနေတဲ့ယောကျာ်းတယောက်..သူ့အပြုံးကလေ ဘယ်လိုပြောရမလဲ ဝါဂွမ်းထဲစိမ့်ဝင်နေတဲ့ ရေအေးအေးလေး
တွေကို လက်နဲ့ညှစ်ချလိုက်ရသလို အေးပြီး
အိစိစိ နူးနူးညံ့ညံ့ခံစားချက်ကလေး..

~ wow... စင်းလိုက်တဲ့ မေးရိုးပါလား..မျက်ခုံး
တွေကလည်း တိကျလိုက်တာ..မျက်လုံးတွေ
အရည်လဲ့ပုံကလည်း ကမာကောင်ထဲက ပုလဲ
လုံးလေးတွေအတိုင်း..

ယောကျာ်းချင်းတောင် မနာလိုဖြစ်လောက်
စရာကောင်းနေတာမို့..Seungri သတိလက်
လွတ်ငေးကြည့်နေမိတယ်

ပါးယှက်ယှက်နှုတ်ခမ်းလွှာလေးပွင့်အာလာပြီး

" ရရဲ့လား..ကိုယ် ထူပေးမယ်လေ "

ရှတတအသံလေးပဲ
ဟောကြည့်..ပြုံးပြနေသေးတာ..ဒီမှာ စိတ်တို
နေတယ်လေဗျာ

×××××

Kwon Jiyong တယောက် ဒီနေ့ အစည်းအဝေးမရှိတာနဲ့ရုံးခန်းထဲကနေဘယ်သူမှမသိ
အောင် ခဏထွက်လာပြီး လေကောင်းလေ
သန့်ရူမလို့ဟာကို မိုးရွာလာတာနဲ့ပဲ..ပိုပျော်
သွားတော့တယ်

ကျလာတဲ့ မိုးစက်တွေကို မျက်နှာလေးမော့ပြီး ခံယူရင်း ပါးစပ်ထဲရှိတဲ့သီချင်းတွေ ညည်းနေတုန်း ဖြတ်သွားတဲ့လူနဲ့ ဝင်တိုက်မိပါလေရော

တဖက်ကလူ ပစ်လှဲကျသွားတာမို့ ငုံ့ကြည့်လိုက်တော့

ဒေါသအရှိန်တွေနဲ့ မျက်နှာနုနုလေးကိုမြင်
လိုက်ရတယ် ဖြူဖြူနုနုလေး..

Jiyong တယောက် မိုးရေတွေထဲမှာ အာတာပူစီအလုံးလေးတလုံး ပလက်ဖောင်းပေါ်မှာ
မြင်လိုက်ရသလိုပဲ..
ချစ်စရာလေး မစားရက် မထိရက်ချင်စရာလေး

Tell Me GoodBye (Completed) Where stories live. Discover now