Part 6 U+Z

349 29 2
                                    

Tell Me GoodBye
Part 6

" Doctor..Seungri အခြေအနေ ဘယ်လိုရှိ
လဲဟင်.."

Top က စိုးရိမ်တကြီးမေးလိုက်တယ်..

ငယ်ငယ်တည်းက မွေးရာပါနှလုံးအားနည်းတဲ့
ညီလေးမို့ သူများနည်းတူ မကစားနိုင်မစားနိုင်
နဲ့ ကုတင်ပေါ်မှာပဲ ဖျော့တော့နေခဲ့တာကို
ကြည့်ပြီး စိတ်မကောင်းဖြစ်ခဲ့ရတာ..

ရသမျှနည်းလမ်းတွေနဲ့ ကြိုးစားခဲ့ပေမယ့်..
အတော်ဆုံးဆရာဝန်တွေနဲ့ ပြသခဲ့ပေမယ့်..
သက်သာရုံကလွဲပြီး မပျောက်ကင်းတဲ့ရောဂါနဲ့
အသက်ဆက်နေတဲ့ Seungri ကို တအိမ်လုံး
က အလိုလိုက်အကြိုက်ဆောင်ပြီး စိတ်ချမ်း
သာအောင် ထားခဲ့ကြတယ်..

အသက်ကြီးလာတော့ ဆေးအစွမ်းကြောင့်
အရင်ကလိုအားနည်းမနေတော့ပဲကျန်းမာလာ
ပြီး သူများနည်းတူ နေထိုင်သွားလာနိုင်လာ
တယ်လူကလည်းအပြင်လောကကြီးကိုစူးစမ်း
ချင်တဲ့အရွယ်မို့ ကျောင်းတက် သင်တန်းတက်
ပြီးဝါသနာပါတဲ့ DJ တီးတာကိုပါလုပ်ခဲ့ပေမယ့်
နည်းနည်းလောက်ဂရုမစိုက်တာနဲ့ ခုလိုရောဂါ
ဖောက်တော့တာပဲ..

" ဆေး ပုံမှန်မတိုက်ဘူးလား..အရက်လည်း
သောက်လို့မရဘူးလေ..အချိန်မရွေး ရောဂါထ
ဖောက်နိုင်တယ်ဆိုတာ သတိထားကြပါ "

ဆရာဝန်ရဲ့ အပြစ်တင်တဲ့လေသံကို တအိမ်
လုံး ခေါင်းငုံ့ခံနေရတယ်..

" ဒီလိုသာလုပ်နေရင်..ဒီ့ထက်ပိုဆိုးလာမယ်
ဆိုတာသိကြတယ်မလား နှလုံးအစားထိုး
ကုသဖို့ဆိုတာက လွယ်တာမဟုတ်ဘူးနော်
သူနဲ့အဆင်ပြေမယ့်အလှူရှင်ကိုရှာမတွေ့သေး
တာမို့ဒီအတောအတွင်းကို သေချာဂရုစိုက်ကြ
ပါ..နှလုံးအမောဖောက်လာရင် ခွဲစိတ်ဖို့်အချိန်
မမှီမှာတောင် စိုးရိမ်ရတယ် "

" ဟုတ်ကဲ့ပါ Doctor..ကျွန်တော်တို့ ဂရုစိုက်
လိုက်ပါ့မယ် "

ခဏနေတော့ ဆရာဝန်ကဆေးတိုက်ဖို့သေ
ချာမှာပြီး ပြန်သွားတယ်..

ကုတင်ပေါ်က Seungri လည်း ပြန်သတိရ
လာတာမို့ သူ့အမေကမျက်ရည်တွေကျနေရင်း

" သားရယ်..ဘာလို့ဆေးမသောက်တာလဲ..
ဆေးသောက်ဖို့ကိုမမေ့ပါနဲ့လို့ သေသေချာချာ
ပြောထားတာကို..ခုတော့ မသေကောင်း
မပျောက်ကောင်းကွယ် "

Tell Me GoodBye (Completed) Where stories live. Discover now