ညနေနေဝင်ရီတရောအချိန်တွင်အောင်မြင်ရာ
စံအိမ်ရဲ့မြက်ခင်းပြင်ကျယ်ကြီးမှာ စီးပွားရေး
လုပ်ငန်းရှင်အများစု စုဝေးနေကြတယ်
သူတို့အချင်းချင်းစကားပြောရင်း တယောက်နဲ့
တယောက်နှုတ်ဆက်ရင်း Projectမိတ်ဆက်
မယ့်အချိန်ကိုစောင့်နေကြတာပေါ့..အဲ့အချိန်မှာ စံအိမ်ထဲကနေ အရပ်မြင့်မြင့်
အမျိုးသားတယောက် ထွက်လာတော့တယ်..ယောကျာ်းပီသတဲ့ မျက်နှာသွင်ပြင်ကတော့
ပန်းချီဆွဲလို့တောင် လိုက်မမှီနိုင်ပါဘူးလေ..
မျက်ခုံးတချက်တွန့်ရုံ နှုတ်ခမ်းလေးညွှတ်ရုံနဲ့
အလင်္ကာတပုဒ်မြောက်လောက်တဲ့ ဒီလူ..လည်ပင်းကြယ်သီးအပြည့်တပ်ပြီးလက်အိတ်
ကအစဝတ်ဆင်ထားတယ် မျက်နှာကလွဲပြီး
တကိုယ်လုံး သူ့အသားအရည်ကို မြင်ချင်လို့
တောင်မမြင်ရဘူး..ဒီလိုထူးခြားတဲ့ ယောကျာ်း
ကတော့ ကိုရီးယားတနိုင်ငံလုံး..မဟုတ်ဘူး..
တကမ္ဘာလုံးမှာတောင် ၂ ယောက်မရှိတဲ့ Top ပေါ့..မြင်ဖူးသမျှ ယောကျာ်းထဲမှာ Jiyong လောက်
ဆွဲဆောင်မှုအားကောင်းတဲ့ယောကျာ်းမရှိခဲ့
ဘူးလို့ ထင်ထားတာ အကြည့်တချက်တိုင်းမှာ
လွှမ်းမိုးလွန်းနိုင်တဲ့ အာဏာစက်အပြည့်နဲ့
ဒီယောကျာ်းကိုမြင်မှ Jiyong တော့ နံပါတ် ၂
နေရာကို အလိုလိုကျဆင်းသွားတော့လို့
YongBae တွေးလိုက်မိတယ်..~ ဟာ.. Dong YongBae မင်း ဒီကိုလာတာ
အလုပ်လာလုပ်တာလေ..ယောကျာ်းလာငမ်း
တာမဟုတ်ဘူး..အဲ့ဟို Jiyong ဆိုတဲ့ချီးထုပ်
ကိုလည်း ခေါင်းထဲကထုတ်ပစ်လိုက်စမ်းပါ..YongBae တယောက် ခေါင်းခါပစ်လိုက်မိပြီး
Top ဆီ ပြန်ကြည့်တော့ Top နောက်မှာကုပ်
ချောင်းချောင်းနဲ့ ကောင်လေးတယောက်..Top ရဲ့ Long Coat ကြီးနဲ့ကွယ်ပြီး ဟိုကြည့်
ဒီကြည့်လုပ်နေတယ်..ဘေးက လူတချို့ကတော့..
" Top ရဲ့နောက်ကကောင်လေးက Seungri
လေ..အောင်မြင်ရာစံအိမ်ရဲ့သားအငယ်ပေါ့..
ကောင်လေးက သိပ်ဆိုးတာပဲ..ဟိုတလောက
Club တခုမှာ သောင်းကျန်းလို့ အချုပ်ကျသေး
တယ်.. "" အကိုနဲ့များတခြားစီနော် "
" တအိမ်လုံးကလည်း ဖူးဖူးမှုတ်ထားကြတာ..
အရမ်းအလိုလိုက်လွန်းတော့ အကိုရှာသမျှ ညီက သုံးနေတော့တာပဲ "