Tell Me GoodBye
Part 11Top က သူ့အလုပ်တွေပြီးတာနဲ့ Jiyong တို့
အခန်းဆီရောက်လာတယ်.." Jiyong..ငါတို့ ညစာသွားစားရအောင်လေ "
" အင်း..သွားစားမယ်လေ Hyung..အပြင်မှာ
သွားစားမှာလား ဒီဟိုတယ် Barက
အစားအစာတွေလည်းကောင်းတယ် မနေ့ည
ကတောင် ကျွန်တော်တို့ စားကြသေးတယ်..
သောက်ရတာလည်းအဆင်ပြေတယ် ဟဲဟဲ "" အင်း..Seungri ရော ဘယ်မှာစားချင်လဲ "
Top က Seungri ဘက်ကိုလှည့်မေးတော့
Seungri က သူ့မေးစေ့ကမရှိတဲ့ အမွှေးကို
ပွတ်ပြနေပြီး စဉ်းစားသလိုလုပ်နေတယ်..
ခဏနေမှ.." ဒီမှာပဲ စားလိုက်ပါ့မယ်..အပြင်ထွက်ဖို့က
အလုပ်ရှုပ်ပါတယ် "" ဒါကို တော်တော်စဉ်းစားနေတာ မပြောချင်
ဘူး..ကိုယ်တော်လေး သဘော... "Topက သူ့ညီကိုခေါင်းလေးပုတ်ပြီးပြောလိုက်
တာနဲ့ အကုန်ပြုံးမိကြတာပေါ့..
ဒီ သခင်လေးကိုပဲ ဝိုင်းချစ်နေရတာမလား..Bar ကိုရောက်တော့ စားစရာရှိတာမှာစားကြ
ပြီး.. Top နဲ့ Jiyong က အလုပ်ကိစ္စတွေပြော
နေကြတယ် YongBae နဲ့ Seungriကတော့
ပျင်းနေကြတာပေါ့..Jiyongက Top နဲ့သာ စကားပြောနေပေမယ့်
Seungri ဆီကို အကြည့်တွေကတချက်တ
ချက် ရောက် ရောက်လာတတ်တယ်..ခဏနေတော့ Bar က တီးဝိုင်းကနေ သီချင်း
သံတွေထွက်လာတော့တယ်..မြန်မာသီချင်း
တွေဆိုနေကြတာဆိုတော့ သူတို့လည်း ဘာမှ
နားမလည်ဘူးလေ..ဒီတိုင်းပဲ ထိုင်နေရင်းနဲ့.." Seungri.. "
" ဟုတ်ကဲ့..YongBae Hyung "
" Seungri က DJ တွေ ဘာတွေ တီးတာဆို
တော့ သီချင်းတွေဘာတွေရောဝါသနာမပါဘူး
လား.."" သူငယ်ချင်းတွေနဲ့တော့ဆိုဖြစ်ပါတယ် ဒါပေ
မယ့် ကျွန်တော်ကDJတီးရတာကိုပိုကြိုက်တာ
Hyung ရော..ဘာတွေဝါသနာပါလဲဟင် "" Hyungက ကိုယ့်ကိုယ်ကိုဘာဝါသနာပါမှန်း
တောင် မသိပါဘူး..ငယ်ငယ်ကတည်း စာပဲ
ကြိုးစားခဲ့တာလေ..Hyung အိမ်က ကျောင်း
မထားနိုင်တော့ စကောလားရှစ်ရအောင် စာပဲ
အသည်းအသန်ကြိုးစားခဲ့ရတာ..တခြား ဘာမှ
တောင်မလုပ်ဖြစ်ခဲ့ပါဘူး "