Tell Me GoodBye
Part 15" Daesung .. Yongie ဘယ်သွားတာလဲ.."
" အပြင်သွားစရာရှိတယ်ဆိုပြီး ရုံးစောစော
ဆင်းပြီးထွက်သွားတာပဲ ကျွန်တော်က
Rising Sun ကိုသွားတယ်ထင်နေတာ "" ငါ့ဆီလည်းမလာပါဘူး..အိမ်များပြန်သွား
တာလား.. "" အိမ်ပြန်တယ်ဆိုရင်,Hyung နဲ့တူတူပြန်မှာ
ပေါ့.."" အေး..အဲ့ဒါလည်းဟုတ်သားပဲ..ဖုန်းလည်း
မကိုင်ဘူး.."YongBae နဲ့ Daesung စကားပြောနေတုန်း
ရုံးခန်းထဲကို Jiyong ဝင်လာတယ်..မျက်နှာ
လည်း သိပ်မကောင်းတာမို့.." Yongie..ဘယ်သွားနေတာလဲ ဖုန်းလည်းမ
ကိုင်ဘူး.."" သြော်..ဒီတိုင်း အလုပ်ကိစ္စလေးတခုရှိလို့ပါ
Dae မပြန်သေးဘူးလား.."" အခုပဲ ပြန်တော့မလို့..YongBae Hyung
ရောက်လာပြီး ဆရာ့ကိုရှာနေတာနဲ့ပြောပြနေ
တာ "" အင်း..အင်း..ပြန်တော့ ရပြီ..Bae ငါနဲ့အပြင်
သွားရအောင် "" ဘယ်ကိုတုန်း... "
YongBae မေးတာလည်း ပြန်မဖြေပဲ ရုံးခန်း
အပြင်ကိုထွက်သွားတော့တယ်..YongBae
လည်း Daesung ကို ဘာဖြစ်နေတာလဲဆိုတဲ့
ပုံနဲ့ မေးငေါ့ပြတော့..Daesung က ပုခုံးလေး
တွန့်ပြီး ခေါင်းရမ်းပြလိုက်တယ်..YongBae လည်း အနောက်ကအမြန်လေး
လိုက်သွားရတော့တာပေါ့×××××
Daesung တယောက် ရုံးခန်းထဲမှာသိမ်းစရာ
ရှိတာတွေသိမ်းပြီး အပြင်ကိုထွက်လာတော့
Top မျက်နှာကြီးကို ဘွား ကနဲတွေ့လိုက်ရပြီး
လန့်အော်လိုက်မိတယ်.." ဟာ..လန့်လိုက်တာဗျာ.."
" မင်းကလည်း..ငါ့ကိုတွေ့တာ သရဲတွေ့တာ
ကျနေတာပဲ.."" ဆရာ ရုံးဆင်းသွားပြီ..မရှိတော့ဘူး "
" ရတယ်..Jiyong ကိုလာတွေ့တာမှမဟုတ်
တာ..မင်းကိုလာတွေ့တာ..ညစာသွားစားရ
အောင် "" မလိုက်ချင်ပါဘူး ခင်ဗျားရဲ့အသစ်စက်စက်
သတို့သမီးလောင်းလေးနဲ့ သွားစားပေါ့ "Daesung က ဆောင့်ကြီးအောင့်ကြီးပြော
လိုက်ပေမယ့် Topကတော့ မကြားချင်ယောင်
ဆောင်လိုက်ပြီး လက်ကိုဆောင့်ဆွဲခေါ်သွား
တယ်..