Tell Me GoodBye
Part 18နာလွန်းလို့ ထတောင်မထိုင်နိုင်ပဲ ပက်လက်
လှန်နေရင်း ငိုမိတယ်..တကယ့်ငရဲခန်းလိုပဲ..
အတင်းအဓမ္မသိမ်းယူခံရတဲ့ ခန္ဓာကိုယ်ကြီးနဲ့
ချနင်းခံလိုက်ရတဲ့ သိက္ခာတွေ..တောက်..
ကြိုးတုပ်မထားတော့တာမို့ မျက်ရည်တွေကို
လက်ခုံနဲ့သုတ်လိုက်ရင်း အသံမထွက်အောင်
ကျိတ်ငိုမိတယ်.." နိုးလာပြီလား.."
ညတုန်းက သရဲဘီလူးစီးနေတဲ့လူက သူမှ
ဟုတ်ရဲ့လားလို့ အထင်လွဲရလောက်အောင်
လူကြီးလူကောင်းဟန်ပန်အပြည့်နဲ့ ချိုချိုသာ
သာအသံလေးနဲ့ မေးလာတဲ့ Top..Daesung မှာ မျက်နှာကိုမကြည့်ချင်လောက်
အောင် ဒေါသတွေ အလိပ်လိုက်ထွက်လာပြီး
ဘာ စကားတခွန်းမှ ပြန်မပြောမိဘူး.." ကိုယ့်ကို စိတ်ဆိုးနေတုန်းလား.."
Top က ကုတင်ပေါ်တက်ထိုင်ပြီး Daesung
ကို အသာလေးထိလိုက်တယ်.." ကိုယ် ညက ဇွတ်အတင်းပြုမူလိုက်သလိုဖြစ်
သွားတယ်..ကိုယ် တောင်းပန်ပါတယ် "" ကျွန်တော့ အသားကိုလာမထိနဲ့ "
" မထိနဲ့ဆို မထိပါဘူး..ဒီမှာ မနက်စာနဲ့ဆေး
ထားခဲ့မယ်..သောက်လိုက်ဦးနော်..သြော် ခုန
က မင်းဖုန်းနဲ့ Jiyong ဆီ message ပို့ပြီး ခွင့်
တိုင်ထားတယ်..ဒီနေ့ ဒီမှာပဲနားလိုက်နော် "" ကျွန်တော့ကို ပြန်ပို့ပေး.."
" မင်း သက်သာသွားရင် ပြန်ပို့ပေးမယ်..အခု
တော့ ဒီမှာပဲ နေလိုက်တော့.."Top က ပြောပြီးတာနဲ့ ကုတင်ပေါ်ကထသွား
တော့ Daesung က ဘေးက ခေါင်းအုံးကိုယူ
ပြီး လှမ်းထုလိုက်တယ်.." ကျွန်တော်ထနိုင်တဲ့အချိန် ခင်ဗျားအသေပဲ "
Daesung ရဲ့ဒေါသတကြီး အော်ပြောလိုက်
တဲ့အသံကို Top ကတော့ မကြားချင်ယောင်
ဆောင်ပြီး အခန်းထဲကထွက်သွားတော့တယ်~ မင်းကို ကိုယ်အပိုင်သိမ်းယူထားတာကို
အရမ်းစိတ်ဆိုးနေတာလား Daesung..စိတ်ချ
ပါ မင်းကျေနပ်တဲ့အထိ ကိုယ်ချော့ပါ့မယ်ကွာ