Tell Me GoodBye
Part 16ထူးထူးဆန်းဆန်းပါလား မိုးတွေရွာနေတာ
Jiyong အိပ်ရာက နိုးနိုးချင်း မိုးနံ့လေးတွေရ
တာမို့ အူမြူးလာတယ်..~ မိုးရွာတယ်ဆိုမှ Seungri ကိုတောင်လွမ်း
လာပြီ..မိုးနတ်မင်းကြီးက ဆုံခွင့်ပေးလိုက်တဲ့
အာတာပူစီလေး..ချစ်ရဲ့သားနဲ့ချစ်တယ်လို့
မပြောတဲ့ ကောင်လေး..လွမ်းလိုက်တာ..ဒီနေ့
သွားတွေ့လိုက်ရင် ကောင်းမလား.." Yongie..ဘာတွေ ဒီလောက်ပြုံးနေတာလဲ..
မိုးရွာလို့ မိုးရေထွက်ချိုးချင်ပြန်ပြီလား "" ဒီနေ့ ရုံးလည်းပိတ်တာဆိုတော့ ငါ Seungri
ကို သွားတွေ့ရင်ကောင်းမလားလို့..ဟိဟိ "" သြော်..ဖုန်းဆက်ကြည့်လိုက်လေ "
" အင်း..Bae မင်းရော လိုက်ခဲ့ပါလား "
" အာ..မင်းကလည်း မင်းကောင်လေးကိုသွား
တွေ့တာ ငါက third wheel,လိုက်မလုပ်ချင်
ပါဘူးကွာ "" လိုက်ခဲ့ပါကွာ..Bae ကလည်း "
" မင်းတို့ဘာသာချိန်းတွေ့ကြလေ..ငါက ဘာ
လိုက်လုပ်ရမှာလဲ "" ဟာ..မရဘူးကွာ.. လိုက်ခဲ့ရမှာပဲ "
" မလိုက်ချင်ဘူး..Yongie "
YongBae က အတင်းငြင်းနေပေမယ့်
Jiyong ကတော့ မကြားသလိုပဲလုပ်နေလိုက်
တယ်..Seungri ဆီဖုန်းခေါ်ပြီး.." Hello..Seungri "
" ဟုတ်..Jiyong Hyung..ဘာကိစ္စရှိလို့လဲ "
" ကိုယ် မင်းကိုလွမ်းလို့လေ..ကိုယ် လာတွေ့
ချင်တယ် "" ကျွန်တော်မအားဘူး..ဒီနေ့ မင်္ဂလာဆောင်
တခုတက်စရာရှိတာမို့..."" ကျွတ်စ်...ကိုယ် တွေ့ချင်ပါတယ်ဆိုမှ..အဲ့ဒါ
ဆို ညနေပိုင်းရော "" ညနေပိုင်းက Bachelor Night ရှိတယ်
လေ..Party ပေးမှာ "" သြော်..အဲ့ဒါဆို ကိုယ်တို့ Seungri လေးက
လက်စွမ်းပြတော့မယ်ဆိုပါတော့..ဘယ်မှာ
လုပ်မှာလဲ "" XXX club မှာပါ Hyung "
" ကိုယ် လာခဲ့မယ်နော်..မိုးတွေရွာနေတာနဲ့ပဲ
ကိုယ်တို့စတွေ့ခဲ့တဲ့အချိန်လေးတွေကို သတိရ
နေတာ..Seungri ရော ကိုယ့်ကိုမလွမ်းဘူး
လားဟင် "