Part 13 U+Z

330 22 4
                                    

Tell Me GoodBye
Part 13

Daesung လည်း ကြောင်တောင်တောင်ရပ်
နေရာကနေသတိဝင်လာပြီး Seungri ကို
လိုက်ရှာရပြန်တယ်..

ညစာစားပွဲကျင်းပတဲ့မြက်ခင်းပြင်ရဲ့အစွန်နားက ထိုင်ခုံလေးပေါ်မှာ တယောက်တည်းထိုင်
နေတဲ့ Seungri ကိုလှမ်းမြင်လိုက်ရတာမို့
Daesung အပြေးတပိုင်းသွားလိုက်ရင်း..

" Seungri shi...."

" ဟုတ်ကဲ့.. "

" ကျွန်တော်က Kwon Jiyong ရဲ့ PA Kang Daesung ပါ.."

" ဟုတ်..တွေ့ရတာဝမ်းသာပါတယ် ဆေးရုံမှာ
ဆုံဖူးတယ်မလား "

" ဟုတ်ပါတယ်..အခု Kwon Jiyongက ဒီက
Seungri ကို ရှာနေတယ်..အဲ့ဒါ.."

" သြော် ဟုတ်ကဲ့..ဒါနဲ့ Daesung Hyung..
ကျွန်တော်မေးချင်တာလေးရှိလို့ပါ.."

" ဟုတ်ကဲ့ "

" YongBae Hyung ရော သက်သာသွားပြီ
လား..အခြေအနေ ဘယ်လိုရှိလဲဟင် "

" သက်သာပါတယ်..သခင်လေးတို့လာတဲ့နေ့
က သူ အားပြတ်ပြီး စိတ်ထိခိုက်လွန်းလို့မူးလဲ
သွားရှာတာ.. "

" Jiyong Hyungကသူ့ကိုအရမ်းဂရုစိုက်တာ
ပဲနော်..ကျွန်တော်တောင် မနာလိုတယ် "

Seungri က သွားလေးဖြီးပြီးပြောလိုက်တော့
Daesung လည်း ပြုံးလိုက်ပြီး...

" ကျွန်တော်တို့ဆရာက Dong YongBae
ကို အရမ်းအလေးထားတယ်..စီးပွားရေးအရ
ရော လူမှုရေးအရရောပေါ့.. "

" ဘယ်လိုလဲ..ကျွန်တော်နားမလည်ဘူး "

" Dong YongBae..ဒီလောကထဲကို စဝင်
လာကတည်းက ကျွန်တော်တို့ဆရာက သူ
မသိအောင် နောက်ကွယ်ကနေ အများကြီး
ကူညီပေးခဲ့တာ..အကျိုးအမြတ်များမယ့်
လုပ်ငန်းတွေကအစ Rising Sun ကိုပဲပေးခဲ့
တာဆိုပါတော့ ဆရာက သူ့သူငယ်ချင်းကို
အရမ်းချစ်တာ "

" သြော်... "

" သခင်လေးတို့... "

" ကျွန်တော့ကို Seungri လို့ပဲခေါ်ပါ..ရပါ
တယ် "

" Seungri တို့ အောင်မြင်ရာစံအိမ် Project
ကိုလည်း အစက PMOက ငြင်းပြီးသား..
ဆရာက သူ့သူငယ်ချင်းဒုက္ခရောက်မှာစိုးလို့
ပါတနာအနေနဲ့ဝင်ပါလိုက်တာ "

" သူ့အတွက် YongBae Hyungက အရာရာ
ထက် ပိုအရေးကြီးတာပေါ့နော် "

" အင်း..အဲ့လိုပြောလို့ရပါတယ် "

Tell Me GoodBye (Completed) Where stories live. Discover now