Part 4 U+Z

368 38 5
                                    

Tell Me Goodbye
Part 4

ူသူတို့နှစ်ယောက် စားလို့ပြီးသွားတာတောင်
အာတာပူစီလုံးလေးက စားနေတုန်း..
ကြည့်ဦး..စားနေတာလေးကိုက ချစ်စရာလေး
ဒီကောင်လေး ဘာဆုတောင်းတွေကြောင့်
ဒီလောက်ချစ်မွှေးပါနေရတာလဲ

ဆံပင်တွေကလည်း ငွေရောင်တွေ
အသားဖြူတာမှ နုအိနေတဲ့ ပါးပြင်ရဲရဲလေးနဲ့
အသည်းပုံနှုတ်ခမ်းဖူးဖူးလေး
မျက်အိတ်တွေက ဖောင်းပြီးညိုနေသေးတယ်
အိပ်ရေးပျက်ထားတာလားပဲ..

လူကလည်း လုံးလုံး လုံးလုံးနဲ့..
တကယ့်ကို မထိရက်စရာ အာတာပူစီလေး..

~ နေဦး..ငါ ဒီကောင်လေးကို ဘာလို့
အဲ့လောက်အသေးစိတ်လေ့လာနေမိတာပါ
လိမ့်..စိတ်ထိန်းစမ်း..Kwon Jiyong..
ဟိုက အောင်မြင်ရာစံအိမ်က သခင်လေး
ပုံကလည်း စွာစိလန်မယ့်ပုံ..
သူ့ကိုငမ်းနေမှန်းသာ သိရင် ဆွဲထိုးမှာ..

" PMO ကိုလာတိုင်း မတွေ့ဖြစ်ဘူးနော် ခုမှပဲ
လူချင်းတွေ့ဖူးတော့တယ် "

Top က အလကားရတိုင်း သွားဖြဲနဖြဲစားနေ
တဲ့ သူ့ညီကို Jiyongကမကြာခဏကြည့်
လိုက် ပြုံးလိုက်လုပ်နေတာမို့..အာရုံပြောင်း
အောင် စကား စ ပြောလိုက်တယ်..

Top ပြောလိုက်မှပဲ Jiyong လည်း Project
ကိစ္စခေါင်းထဲရောက်လာပြီး..

" ဟုတ်ကဲ့ ကျွန်တော်က ဘဏ်ခွဲတွေကို သွား
ရတာများတော့ မတွေ့ဖြစ်ကြဘူး..Appa နဲ့
အောင်မြင်ရာစံအိမ်ဆိုတာကလည်း အတူ
လက်တွဲလာတာကြာပြီလေ ကျွန်တော်လည်း
ဒီက သခင်လေးတွေနဲ့ ရင်းနှီးချင်လာလို့် ခုလို
တွေ့ခွင့်တောင်းလိုက်ရတာပါ "

" Uncleနဲ့ Appa ကတော့ အားကိုးစရာသား
တွေရထားလို့နေမယ် အနားယူချင်နေကြပြီ
တကယ်ဆိုကျွန်တော်တို့ဘက်ကစမိတ်ဆက် ရမှာကို Kwon Jiyong တကူးတကဖိတ်ခေါ်
ပေးတာ ကျေးဇူးတင်ပါတယ်.."

" ရပါတယ်..Jiyong လို့ပဲခေါ်ပါ..ကျွန်တော်
က Top Hyung ထက် ငယ်ပါတယ်.."

" အဲ့ဒါဆိုလည်း ရင်းနှီးသွားအောင် Jiyong
လို့ပဲခေါ်ပါ့မယ်..Seungri ကိုလည်း ကိုယ့်ညီ
လေးလို စောင့်ရှောက်ပေးပါဦး "

" ကျွန်တော်တို့ကအစဉ်အဆက်မိတ်ဆွေတွေ ဖြစ်လာတာပဲ..အောင်မြင်ရာစံအိမ်က
သခင်လေးတွေကလည်း ကျွန်တော့ညီအကို
တွေပဲပေါ့ "

Tell Me GoodBye (Completed) Where stories live. Discover now