let's start..

1.9K 92 6
                                    

မိုးရာသီ..

သဲကြီးမဲကြီးရွာနေသည့်မိုးရေများကြားတွင်ည9နာရီထိအောင်ဒူးထောက်၍ချစ်ရသူဆီကခွင့်လွှတ်မှုကိုမရဲတရဲတောင်းဆိုနေသောကောင်လေးတစ်ယောက်...

မိုးရေထဲမှကောင်လေးအားရင်နာစွာ နောက်..စိတ်နာစွာ ပြတင်းပေါက်မှငေးကြည့်နေသော တိုက်ပေါ်မှကောင်လေးတစ်ယောက်...

2ယောက်လုံးနာကျင်နေရသော်လည်း ..
တစ်ယောက်က နောင်တတွေကြောင့်.
နောက်တစ်ယောက်က နာကျည်းမှုတွေကြောင့်.

ထိုလူသား2ယောက်သည်တစ်ချိန်တုန်းက
"သူတို့လောက်ချစ်ကြတဲ့အတွဲရှိပါ့မလား"ဟုပတ်ဝန်းကျင်ကပါအသိအမှတ်ပြုခဲ့ရသည်အထိချစ်ခဲ့ကြသည့်လူသား2ယောက်ဆိုသည်မှာယခုအချိန်တွင်ယုံချင်စရာမရှိလောက်အောင်ပင်...

ဝုန်း!!!
ခြံထဲမှပိတောက်ပင်အိုကြီးဆီကသစ်ကိုင်းကျိုးကျသံဖြစ်သည်။ Taehyung အလန့်တကြား ခြံထဲသို့ပြတင်းပေါက်မှပြေးကြည့်လိုက်မိသည်။

မဖြစ်ဘူး!..

"Hyung!! "

Taehyung အိမ်တံခါးဖွင့်ကာခြံထဲသို့အမြန်ပြေးကြည့်လိုက်သည်။ ထို့နောက် မေ့မြောနေသောချစ်ရသူ၏အေးစက်နေသည့်ကိုယ်အားပွေ့ရင်း...

°°°°°°°°°°°°°°°°°

(ပထမဆုံးရေးဖူးတာမို့ အမှားပါရင်ခွင့်လွှတ်ပေးကြပါလို့ ဒါလေးကိုကြိုးစားပြီးသေချာကောင်းအောင်ရေးပေးပါ့မယ်နော် ဝါသနာအရမနေနိုင်လွန်းလို့ရေးမိတာပါ စကားလုံးထောက်တာတွေဘာတွေရှိရင် တောင်းပန်ပါတယ်နော် ဝေဖန်ပေးလို့လည်းရပါတယ်)

𝑵𝒆𝒗𝒆𝒓 𝑵𝒐𝒕Where stories live. Discover now